Wednesday, February 18, 2026

CATEGORY

သတင်း

သံလွင်သွေးချင်းသတင်းဌာန မှ အမျိုးသမီးသတင်းထောက် ၃ ဦးဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အခြေစိုက်ထားသည့် သံလွင်သွေးချင်း သတင်းဌာန မှ အယ်ဒီတာချုပ် နှင့် သတင်းထောက် ၂ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ သံလွင်သွေးချင်အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနှင့် သတင်းထောက် နန်းခင်ဘုန်းသွယ်၊ မဆုမြတ်နိုးတို့ကို ယမန့်နေ့ ဇူလိုင် ၂၀ ည ၇ နာရီတွင်...

လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ကိုယ့်ကိုယ်အဆုံးစီရင်

သျှမ်းပြည်တောင်ပိုင်း ခရိုင်အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး ကိုယ်ကိုယ့်အဆုံးစီရင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် မနက်ပိုင်း ( ၆) နာရီ အချိန် သျှမ်း-ထိုင်းနယ်စပ် ဟိုမိန်းမြို့ သို့ရောက်ရှိလှုပ်ရှားသည့် ကွန်ဟိန်းမြို့နယ် တာ့ကော့အခြေချစိုက် တပ်မ...

ကျောက်မဲ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး ကိုဗစ်ကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ဇူလိုင် (၁၉)ရက်နေ့က ကိုဗစ် − ၁၉ ကူးစက်ခံရသူ ၃၂ ဦးရှိကာ ထိုထဲတွင် ရဲဝန်ထမ်း ၁၆ ဦးပါဝင်ပြီး၊ သေဆုံးသူ (၄)ဦးထိ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါနေ့ မနက်ပိုင်းတွင် နောင်ပိန်ရဲစခန်းမှ (ရခိုင်ပြန်) ရဲဝန်ထမ်း (၄)ဦး ကိုဗစ်ပိုး...

ကွတ်ခိုင်မြို့ လွယ်မုန်ဆာစစ်ရှောင် ထောက်ပံ့မှုများကို စစ်ကောင်စီ ဖြတ်တောက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ လွယ်မုန်ဆာစစ်ရှောင်စခန်းတွင် ယခင်က လစဉ်ရရှိခဲ့ဖူးသည့် ထောက်ပံ့မှုများကို စစ်ကောင်စီက ဖြတ်တောက်လိုက်သဖြင့် စစ်ရှောင်များ ဒုက္ခရောက်နေကြောင်း စုံစမ်းသိရသည်။ လစဉ်ထောက်ပံ့မှုများကို စစ်ကောင်စီဘက်မှ ဖြက်တောက်ပစ်လိုက်သည့် အပြင် မြန်မာနိုင်ငံအတွင်း တတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့လာသည့် ကိုဗစ် -၁၉ ရောဂါကြောင့် စစ်ရှောင်စခန်းမှ ပြည်သူများ သည် အလုပ်အကိုင်ပါ...

တောင်ကြီးမြို့ ကိုဗစ်-၁၉ လူနာများအတွက် နေရာခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ ကလေးဆေးရုံတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ အသစ်နှင့် လူနာဟောင်းများ ရောနှော ထားသဖြင့် လူနာများအတွက် နေရာအခက်အခဲဖြစ်နေကြောင်းသိရသည်။ ကိုဗစ် ၁၉ လူနာဟောင်းများသည် သက်သာလာပြီး ဆေးရုံဆင်းရန်သာစောင့်ဆိုင်းနေချိန် ယမန့်နေ့ ဇူလိုင်း ၁၉ တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ အသစ်ပြန်လည်ရောက်လာပြီး ကျန်းမာရေးဝန်ထမ်းများက...

စစ်ကောင်စီ မှ မိသားစုဝင်(၃)ဦး ဖမ်းဆီး၊ ကျပ်သိန်း(၁၅၀)ပေးပြီးသော်လည်း ပြန်မလွှတ်သေး

သျှမ်ပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်သည့် မိသားစုဝင် (၃)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွားခဲ့ပြီး၊ ပြန်လည်လွှတ်ပေးရန် ကျပ်သိန်း (၁၅၀)ပေးဆောင်ခဲ့သော်လည်းပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် မေ ၃၁ရက် ညနေ (၃)နာရီ တွင် တောင်ကြီးမြို့ ဆေးခန်းသွားပြရန်သွားသည့် ဦးမျိုးဝင်း မောင်းနှင်လာပြီး ဒေါ်ဝင်းမာ နှင့်...

နေရပ်ပြန်ကျေးသီး စစ်ရှောင် (၂၀၀)ကျော် ထပ်မံ စစ်ပြန်ရှောင်လာရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းတိုက်ပွဲငြိမ်ပြီး နေရပ်ပြန်သွားသည့် စစ်ရှောင် (၂၀၀) ကျော်သည် လက်နက်သံပြန်ကြားရသဖြင့် ထပ်မံ စစ်ရှောင်လာရကြောင်း သတင်းရရှိသည်။ ဇူလိုင်လဆန်းပိုင်းတွင် သျှမ်းတပ်(၂)တပ် တိုက်ပွဲငြိမ်သက်သွားသဖြင့် ကျေးသီးမြို့နယ် အတွင်းရောက်ရှိသည့် စစ်ရှောင်များ နေရပ်ပြန်သွားခဲ့ပြီး ဇူလိုင် (၁၇)ရက်တွင် နောင်ဝိုးဘက် လက်နက်သံပြန်ကြားသဖြင့် ဒေသခံ (၂၀၀)ကျော် ထပ်မံစစ်ရှောင်လာရကြောင်း ကျေးသီးမြို့...

တောင်ကြီးမြို့ တစ်ရက်တည်း ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံထားရသူ (၁၄၀)ကျော်ရှိ

သျှမ်းပြည် တောင်ကြီးမြို့တွင် ဇူလိုင်လ (၁၉) ရက် တစ်ရက်တည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ (၁၄၂) ဦးပြီး ထွေအုပ်ရုံးမှ ဝန်ထမ်း ၂ ဦးပါဝင်ကြောင်း သိရသည်။ တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ အစိုးရအဖွဲ့ရုံးဟောင်းရှိ Fever Clinic တွင် သံသယရှိသူ...

သျှမ်းမြောက်တွင် ရုတ်တရက်သေဆုံးသူ ယခင်ကထက် များပြားလာ

သျှမ်းမြောက်ရှိ မြို့နယ်တချို့တွင် ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးမှုတနေ့ထက် တနေ့ပိုများလာကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း မြို့နယ်တချို့တွင် အောက်ဆီဂျင်ပြတ်လပ်ခြင်း၊ ရောဂါအခံရှိထားခြင်း၊ ဆေးကုသပေးမှု အားနည်းခြင်း၊ ဆေးရုံဆေးကုခန်းသို့ သွားရောက်ပြသ စစ်ဆေးခြင်း မပြုလုပ်ပဲ သေဆုံးသွားရသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သိရသည်။ “ကိုဗစ် ကာလ မဟုတ်တဲ့အချိန်က သေဆုံးတာထက် ခုနောက်ပိုင်း ကိုဗစ်တတိယလှိုင်းကာလအတွင်း...

လဲချားမြို့နယ်ရောက် စစ်ရှောင်(၁၀၀၀)ကျော် စားနပ်ရိက္ခာနှင့်ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်

သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ အတွင်းရောက်ရှိနေသည့် စစ်ရှောင် (၁၀၀၀) ကျော် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင် (၁၀၀၀) ကျော်တို့သည် မိုင်းကိုင်မြို့နယ်ရှိ မိုင်းခွန်ကျေးရွာအုပ်စုက ဒေသခံ ရွာသားများဖြစ်ကြပြီး ထို နေရာသည် တိုက်ပွဲကြောင့်...

Latest news