စစ်ဘေးရှောင်နှင့် PDF အလှူငွေကောက်ခံနေသည့် လူငယ်များ ဖမ်းဆီးခံရ

စစ်ဘေးရှောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအတွက် KPay နှင့် အလှူကောက်ခံမှုများ ပြုလုပ်နေသည့် လူငယ်များတချို့ Kpay အကောင့်ပိတ်ခံရပြီး ဖမ်းဆီးခံနေရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ည ၁၀ ခွဲဝန်းကျင်အချိန်ခန့်တွင် တောင်ကြီးမြို့ ၊ညောင်ဖြူစခန်း (မြေဖြူ) ရပ်ကွက်၊ Cherry Queen Hotel ရှေ့တွင် နေထိုင်သည့် မောင်မင်းခန့်အောင်၏ နေအိမ်ကို အိမ်စီးကား ၆ စီး နှင့် အရပ်ဝတ်ရဲ၊ စစ်ကောင်စီတပ်သားအင်အားအများအပြားတို့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

“ဒလန်က သတင်းပေးတာလား၊ ဒါမှမဟုတ် KBZ ကနေ ကိုယ်ရေးအချက်အလက်တွေကို နောက်ယောင်ခံ လိုက် တာလားတော့မပြောတတ်ဘူး၊ သူ့ကိုအိမ်မှာလာဖမ်းတဲ့ညက စစ်သားနဲ့ ရဲလည်းတော်တော်များတယ်၊ သူ့ကိုယ်ပိုင်ငွေကိုလည်း ယူသွားတယ်၊ အိမ်ပေါ်မှာတင် အရိုက်ခံထားရတယ်လို့လည်း ကျနော်ကြားရတယ်” ဟု မောင်မင်းခန့်အောင်နှင့်လနီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသူ မောင်မင်းခန့်အောင်သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံခြင်းများ ပြုလုပ်နေပြီး အဖမ်းမခံရခင် ရက်ပိုင်းအလိုတွင် အလှူငွေ ကောက်ခံသည့် Kpay အကောင့်ပိတ်ခံရပြီး စစ်ကောင်စီတို့မှ ခြေရာခံလိုက်နိုင်ခဲ့ကြောင်းလည်း သတင်းသိရသည်။

“ပြောရရင် Kpay ကနေ အလှူငွေကောက်တာလောက်တော့ ပြသနာမရှိပါဘူး၊ အားလုံးက ယုံအောင် ပုံနဲ့ တင်ရတော့ စစ်ဘေးရှောင်ကိုလှူတယ်ဆိုရင်လည်း စစ်ဘေးရှောင်ပုံ၊ PDF ကိုလှူတယ်ဆိုလည်း PDF ပုံပါမှ သူများက စိတ်ဝင်စားတာကိုး၊ အဲ့ဒါတာတွေက ကျနော်တို့ အတွက်ကတော့ မကောင်းဘူး” ဟု မောင်မင်းခန့်အောင် နည်းတူ အလှူငွေကောက်ခံ ကူညီနေသည့် လူငယ်တစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

ထို့နည်းတူ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင် လည်း ဌာနေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံ ကူညီနေပေးနေသည်ဟု စွပ်စွဲချက်များဖြင့် တောင်ကြီး ဆေးတက္ကသိုလ်မှ ကျောင်းသူတစ်ဦးလည်း ၎င်း၏ နေအိမ်တွင် စစ်ကောင်စီတို့၏ အင်အားသုံး အကြမ်းဖက် ဖမ်းဆီးမှုကို ခံခဲ့ရသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူငယ်တော်တော်များများကို စစ်အာဏာရှင် ဖြုတ်ချ ရေးတွင် ပါဝင်နေသူများဟု စွပ်စွဲပြီး ဖမ်းဆီးနေသည့် အပြင် တချို့သောလူငယ်များကိုလည်း နိုင်ငံတော်အစိုး ရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့ကို ငွေကြေး ထောက်ပံ့ခြင်း ဆိုင်ရာ လုပ်ငန်းများ လုပ်ပါက တရားစွဲဆိုခံရသည့် ပုဒ်မဖြစ်သည့် ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုပြီး ဖမ်းဆီးနေမှုများလည်း ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...