Thursday, January 29, 2026

ဖမ်းဆီးခံရသည့် ဟိုပုံးလူငယ် (၈) ဦးကို စစ်ကောင်စီမှ ငွေဖြင့်လာထုတ်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ဟိုပုံမြို့တွင် လူငယ် (၈) ဦးကို နေအိမ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး ငွေဖြင့် ပြန်လာထုတ်ခိုင်းကြောင်း ဒေသခံများသတင်းပေးပို့ချက်အရ သတင်းရရှိသည်။

ထို လူငယ် (၈) ဦးကို အောက်တိုဘာ (၈) ည ၁၂ နာရီဝန်းကျင်တွင် မူးယစ်ဆေးသုံးသည်ဟုဆိုပြီး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုသူ(၈)ဦး၏ မိဘများကို ငွေဖြင့် လာညှိနှိုင်းခိုင်းပြီး၊ ငွေပေးသည့်သူများ ပြန်လွှတ်ပေးမည်ဟု ဒေသခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မူးယစ်ဆေးဝါးသုံးလို့ ဆိုပြီးတော့ (၈) ယောက်ဖမ်းသွားတယ်။ နောက်နေ့ရောက်‌တော့ သူတို့ မိဘတွေကနေ ပိုက်ဆံနဲ့ လာညှိခိုင်းပြီး ပြန်လာထုတ်ခိုင်းတယ်။ ထောင်မကျစေချင်ရင် လာညှိလို့ပြောတယ်” ဟု ဟိုပုံးမြို့ ဒေသခံအမျိုးသမီးတဦးက ပြောသည်။

ယခု ရက်ပိုင်းတွင် ဟိုပုံးမြို့ ညအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်မည်ဟုဆိုကာ လူငယ်တွေကို လိုက်လံဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

“ သူတို့ ဒီလို ည ဧည့်စာရင်းတွေ စစ်နေပြီးတော့ လိုက်လံဖမ်းနေတာ။ ပြီးရင်ငွေတောင်းတယ်။ ငွေနဲ့ ပြန်သွား ထုတ်ခိုင်းတာ။ ဖမ်းခံရတာ (၁၀) ယောက်လောက်ရှိနေပြီး။ သွားထုတ်ပေးတာတော့ မရှိသေးသလိုပဲ။ သူတို့ ဘယ်လောက်တောင်းလဲ မသိရဘူး” ဟု ဟိုပုံးမြို့ ဒေသခံ တဦးက ပြောသည်။

အလားတူ ဖမ်းခံထားရသည့်သူ (၈) ဦးကိုလည်း ယနေ့ထိတိုင်း ပြန်လွှတ်လာပေးခြင်း မရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁) ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ‌စစ်ကောင်စီ တပ်ဖွဲ့မှ ပြည်သူ (၁၁၆၁) သတ်ဖြတ်ခဲ့ပြီး (၈၈၃၅) ကို ဖမ်းဆီးထားကြောင့် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ (၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...