Wednesday, January 28, 2026

နောင်ချိုမြို့ Lockdown ချထားပြီးနောက် စားဝတ်နေရေးခက်ခဲလာ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ တွင် ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသဖြင့် Lockdown ချထားကာ ဈေးများပါ ပိတ်ထားရသဖြင့် ပြည်သူများ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်- ၁၉ မြင့်တက်လာမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ Lockdown ချထားခိုင်းပြီး ယနေ့ထိတိုင်း ပြန်ဖွင့်ပေးခြင်းမရှိကြောင်း၊ ဈေးများကိုလည်း ပိတ်ထားရသဖြင့် အလုပ်အကိုင် မရှိကာ ပြည်သူများ စားဝတ်နေရေးအတွက် စိုးရိမ်လာရကြောင်း နောင်ချိုမြို့ ပရဟိတ အဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ခုတလောတော့ ပြည်သူတွေက စားဝတ်နေရေးခက်ခဲနေတယ်။ လော့ဒေါင်းလည်း ချထားခံရတဲ့ မြို့ဖြစ်တယ်။ ပြီးတော့ ဈေးလည်းပိတ်ထားတော့ ပြည်သူတွေ ဈေးမရောင်းရတော့ ဈေးသည်မိသားစုတွေ စားဝတ်နေရေးအတွက် ခက်ခဲလာတယ် “ ဟု နောင်ချိုမြို့ ပရဟိတ အဖွဲ့ဝင်တဦးက ပြောသည်။

ထို့အပြင် လက်ရှိကာလမှာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာသောကြောင့် ပြည်သူများက ရှေ့ရေးအတွက် စိုးရိမ်နေကြရကြောင်း နောင်ချိုမြို့ ဒေသခံတဦးက ပြောသည်။

“ ဟုတ်တယ်။ အခုက ကုန်ဈေးနှုန်းတွေလည်း ဈေးကြီးလာတယ်။ အလုပ်ကိုင်ကလည်း မရှိဘူး။ ဝင်ငွေလည်း မရှိဘူး။ ရှိတာကိုပဲ ချွေးတာပြီးစားသောက်နေရတယ်။ ရှေ့ဒီလိုဆက်ဖြစ်နေရင်တော့ စားဝတ်နေရေးက ပိုခက်ခဲလာမှာကို စိတ်ပူနေရတယ်” ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

လက်ရှိ နောင်ချိုမြို့ မြို့ပေါ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ လျော့ကျလာသော်လည်း ‌ကျေးရွာဘက်တွင် ပိုးတွေ့လူနာ မြင့်တက်လာနေလျက်ရှိကြောင်း သိရသည်။

“ အရင်ကထက်တော့ လျော့လာတယ်။ အရင်က တရက်ကို ၅၀ ဆို ခုက ၂၀ လောက်ပဲ တွေ့တော့တယ်။ ပြီးတော့ မြို့ပေါ်တော့ နည်းနည်းကျလာပြီး။ ဒါပေမယ့် ကျေးရွာဘက်က ပိုပြီးတက်လာတာတွေရှိတယ်။ အရင်ကဆို ကျေးရွာတခုလုံးကို လော့ဒေါင်းချလိုက်ရတာရှိတယ်” ဟု အထက်ပါ ပရဟိတ အဖွဲ့ဝင်တဦးက ပြောသည်။

နောင်ချိုမြို့တွင် လက်ရှိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၀၀၀ ကျော်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချိုမြို့ TNLA နှင့် PDF များကို ထောက်ခံအားပေးသူဟုဆိုကာ ဖမ်းဆီးရန်လှုံ့ဆော်နေ

0
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သော သူများကို ဖမ်းဆီးရန် မှိုင်းဝေအပါအဝင် တယ်လီဂရမ်ချန်နယ်များက လှုံ့ဆော်နေသည်။ TNLA က တစ်နှစ်ကြာသိမ်းပိုက်ထားသော နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် (၁၅)...

PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား

0
သျှမ်းပြည် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF များကို TNLA အဖွဲ့က နောင်ချိုမြို့အနီးတဝိုက်မှ ထွက်ခွာခိုင်းလျက်ရှိကြောင်း ၂၀၂၅ ဇွန် ၁၀ရက်မှ စတင်ကာ ရေးသားဖြန့်ဝေလျက်...

နောင်ချိုမြို့ပေါ် လေယာဉ်ပျံဝဲနေပြီး စစ်ကောင်စီလက်ကျန်တပ်စခန်းကို TNLAနှင့် PDF ပူးပေါင်းအဖွဲ့ ဆက်လက်တိုက်ခိုက်

0
သျှမ်းပြည် နောင်ချိုမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းပျံဝဲနေပြီး လက်ကျန်တပ်စခန်းဖြစ်သည့် ခမရ-၁၁၄ နှင့် အမြောက်တပ်-၆၀၆ တပ်ရင်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့တွင် နောက်ဆုံးကျန်ရှိသည့်...

နောင်ချို တိုက်ပွဲပြင်းထန်နေဆဲ၊ စစ်ဘေးရှောင်များ အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်းကြောင့် အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ကာလနောက်ပိုင်း ဧပြီလ ဒုတိယပတ်မှ စ၍ သျှမ်း-မန္တလေး နယ်စပ်ရှိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့အကြား နှစ်ဘက်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...