နောင်ချို တိုက်ပွဲပြင်းထန်နေဆဲ၊ စစ်ဘေးရှောင်များ အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေ

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်းကြောင့် အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

သင်္ကြန်ကာလနောက်ပိုင်း ဧပြီလ ဒုတိယပတ်မှ စ၍ သျှမ်း-မန္တလေး နယ်စပ်ရှိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့အကြား နှစ်ဘက်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ မိုးဦးရာသီတွင် အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဆက်ဖြစ်နေတုန်းပဲ၊ လက်နက်ကြီးကတော့ စစ်ကောင်စီက နေ့တိုင်းပစ်နေတာ။ အခုက စိုက်ပျိုးရာသီ ရောက်တော့မယ်ဆိုတော့ မျိုးစေ့တို့၊ ဓာတ်မြေဩဇာတို့ ဒီဟာတွေပေါ့ တိုက်ပွဲဖြစ်ပြီး လမ်းပိတ်ရင် ဈေးတက်မှာလည်း စိုးရိမ်ရတယ်။ အဓိကတော့ အချိန်မီ မစိုက်နိုင်လို့ အထွက်နှုန်းကျရင် ဝင်ငွေလည်း ထိခိုက်တာပေါ့”ဟု နောင်ချိုမြို့မှ စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ပြောင်းမျိုးစေ့များမှာ တစ်ထုပ်လျှင် ကျပ်ငွေ ၈ သောင်းမှ ၁ သိန်းကျော်အထိ ရှိပြီး ဓာတ်မြေဩဇာမှာ အညံ့စား တစ်အိတ်ကို ကျပ်တစ်သိန်းမှ စတင်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် တိုက်ပွဲထပ်မံ ပြင်းထန်လာနိုင်ပြီး ကားလမ်းပိတ်ပါက ပြောင်းမျိုးစေ့နဲ့ ဓာတ်မြေဩဇာဈေးမှာ ယခုထက်ပို၍ မြင့်တက်လာနိုင်ပြီး ထွန်ယက်စိုက်ပျိုးရန်အတွက် စက်သုံးဆီဈေးများလည်း မြင့်တက်လာမည်ကို စိုးရိမ်နေရကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“အခုမိုးကျပြီလေ တောင်ယာထွန်ယက်ဖို့ကလည်း စက်နဲ့ဆိုတော့ ဆီဈေးတက်မှာလည်း စိုးရိမ်တယ်။ စစ်ဘေးရှောင်တွေက စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့မှာ ရှောင်နေရတော့ ခြံပြန်စိုက်ဖို့လည်း စိတ်ပူတာပေါ့။ အိမ်ပြန်ဖို့ကလည်း တိုက်ပွဲဖြစ်နေသေးတော့ စိတ်မချရတာတွေ ရှိတယ်။ တချို့နေရာဆိုရင် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း မလောက်တာရှိတယ်”ဟု နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကို လာရောက်ကူညီ သူများလည်း နည်းပါးလာပြီး အင်းဝိုင်း၊ ခြေမြစ်ပင်၊ ဘန့်ဘွေး၊ ကုန်းကြီး၊ ကုန်းသာနှင့် လွယ်တောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် မန်နား၊ ဆီဆုံ၊ ပါဟက်၊ ကြူအင်း စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ၁ ထောင်ကျော် ရောက်ရှိနေပြီး နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့ရှိ စစ်ဘေးရှောင် စုစုပေါင်း ၂၀၀၀ ကျော်မှာ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

အလားတူ နောင်ချိုမြို့နယ်ရှိ ရွှေညောင်ပင်နှင့် ဘန့်ဘွေးကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သုံးဆယ်၊ ဆမ္မဆယ်နှင့် ကြူအင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေပြီး မေလ ၁၀ ရက် ညပိုင်းကလည်း သုံးဆယ်ကျေးရွာမှ အမျိုးသမီးတစ်ဦး အပါအဝင် (၂)ဦး သေဆုံးခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...