Friday, April 26, 2024

ဆီဆိုင် ကိုဗစ် လူနာ တစ်ဦး ဆေးရုံဆင်ပြီး ၃ရက်ကြာသေဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ဦး ဆေးရုံဆင်းပြီး ၃ ရက် အကြာမှာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့ အောင်ချမ်းရပ်ကွက် မှ အသက် (၇၆) နှစ်အရွယ် အမျိုးသား တစ်ဦး ကိုဗစ်-၁၉ အတည်ပြု လူနာဖြစ်ပြီး ဆေးရုံမှာ ဆင်းပြီး (၃) ရက်အကြာမှာ ယနေ့ အောက်တိုဘာ (၁၁) ရက်မှာ သေဆုံးသွားကြောင်း ဆီဆိုင်မြို့၏ ပရဟိတ တစ်ဦး ထံမှ သိရှိရသည်။

“ဆေးရုံက သက်သာလို့ ဆင်းခွင့်ပေးလိုက်တယ်။ အိမ်မှာ မလိုအပ်ပဲ အောက်စီဂျင် တွေ ပေးတယ်လို့ ကြားတယ်” ဟု ဆီဆိုင် ပရဟိတ တစ်ဦး ကပြောသည်။

ဆီဆိုင်မြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်သူ (၁၁၀၈) ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ (၂၄) ဦးရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

“စည်းကမ်းမလိုနာတာလည်း ပါတယ်။ နေရာအနှံ့ကူးစက်နေတာ။ ကာကွယ်ဆေးလဲထိုးပေးပါတယ်။ (၂) ကြိမ် ထိုးထားတဲ့ သူတွေလဲ ကူးတယ်။ အဓိကကတော့ လူတိုင်းကို မစစ်ဆေးပေးနိုင်တော့ အဲ့တော့ ကိုယ့်မှာ ပိုးရှိနေမှန်းမသိတော့ တစ်ယောက်ကနေ အများကူးစက်ကုန်တာပေါ့” ဟု ဆီဆိုင်မြို့နယ်၏ ပရဟိတ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ကောင်စီမှ ထိုးပေးသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) သည် ဆီဆိုင်မြို့နယ်တွင် ပထမအကြိမ် အနေဖြင့် (၃) သုတ် ထိုးသွားပြီဖြစ်ပြီး ဒုတိယအကြိမ် အနေဖြင့် (၁) သုတ်သာ ထိုးပြီးသေကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article