အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်ခဲ့သည့် ကလောစစ်ဦးစီး တက္ကသိုလ် COVID-19 ကူးစက်မှုမြင့်တက်နေ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့သည့် ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ်တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နှင့် ၃ ရက်တွင် စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်သည် ကလောမြို့ ရှိ စစ်ဦးစီးတက္ကသိုလ် သင်တန်းကျောင်း ဧည့်ခန်းမဆောင်တွင် သင်တန်းသားများ၊ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိများ၊ ကလောနှင့်အောင်ပန်းမြို့များမှ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးမှု အသီးသီး လုပ်ခဲ့ပြီး ၎င်းပြန်သွားသည့်နောက်တွင် တက္ကသိုလ်အတွင်း၌ ပိုးတွေ့လူနာများ မြင့်တက်လာကြောင်း တပ် နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“မင်းအောင်လှိုင်တို့ ပြန်သွားပြီး ၄ ရက် မြောက်တဲ့ ၇ ရက်နေ့မှာ အနံ့ပျောက်တဲ့ သင်တန်းသားတွေ ရှိလာ တယ်၊ စစ်ကြည့်လိုက်တော့ အဲ့တက္ကသိုလ်မှာပဲ ၂၀ ယောက်ကျော်မှာ ပိုးတွေ့တယ်၊ အခုတော့ တက္ကသိုလ် ကို အဝင်အထွက်ပိတ်ထားတယ်၊ Lockdown ချထားတယ်ပေါ့” ဟု ကလောမြို့မှ တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိထားသည်။

အဆိုပါ ကလောမြို့မှ စစ်ဦးစီးတက္ကသိုလ်တွင် သင်တန်းတစ်ခုလျှင် အရာရှိ ၂၀၀ နှင့် ၎င်းတို့၏အကူ ရဲဘော် ၆၀၀ တို့တက်ရောက်နေပြီး သင်တန်းနည်းပြအရာရှိကြီးများနှင့် စီမံ အုပ်ချုပ်ရေးဝန်ထမ်းများပါဝင်သည်။

ထို့အပြင် အောက်တိုဘာ ၃ ရက်နေ့က စစ်ကောင်စီ ဥက္ကဌ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအပါအဝင် ကလောနှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြိုဖများ နှင့် လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့သည့်အတွက် ပိုးတွေ့ရှိမှုနှုန်း ပိုများပြားလာမည်ကိုလည်း စိုးရိမ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“တက္ကသိုလ်ဝင်းထဲမှာ ၂၀ ကျော်လောက်ရှိနေတာ၊ ဒါတောင် တွေ့ဆုံပွဲကို မတက်တဲ့သူတွေကို မစစ်ဘူးကြား တယ်၊ ဘယ်လိုဖြစ် ဖြစ် သူလာလို့ လူစုလူရုံးဖြစ်ရတာ၊ အခုတောင်မြို့ထဲမှာ ဘယ်လောက်တောင်ပျံ့နေမလဲ မသိဘူး” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ ဥက္ကဌလာရောက်ခဲ့သည့် စစ်ဦးစီး တက္ကသိုလ်အတွင်း ကူးစက်မှုမြင့်နေသော် လည်း ကလောမြို့လူနေရပ်ကွက်များတွင်တော့ ကိုဗစ် – ၁၉ ကူးစက်မှုနှုန်း ကျဆင်းနေကြောင်း ကလောမြို့ COVID-19 ရောဂါအရေးပေါ်ကူညီရေးအဖွဲ့က ပြောသည်။
” ကိုဗစ်ကတော့ လောလောဆယ်က လျော့တော့လျော့လာပြီ၊ ကျလာတယ်။ တစ်နေ့ကို ပျှမ်းမျှ ၄ / ၅ ယောက်လောက်ပဲတွေ့တယ်၊ ဒီပုံတိုင်း နဲ့ ဆက်လက်ထိန်းချုပ်နိုင်ရင်တော့ ရပ်ကွက်တွင်း စိုးရိမ်မှု သိပ်မရှိပါဘူး” အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီဥက္ကဌသည် ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးများကို ထိုးထားပြီဖြစ်ကြောင်းသတင်းများအပြင် ကလောနှင့်အောင်ပန်းမှ စစ်တပ်များအတွက် ကုတင် ၇၀၀ စစ်ဆေးရုံရှိပြီး ကျန်းမာရေးတပ်ဆွယ်လည်း ရှိနေသည့်အတွက် ကိုဗစ် – ၁၉ ကူးစက်ခံရသည့် သင်တန်းသားများ အားမငယ်ရန် စစ်တပ်မှ အရာရှိကြီးများက အားပေးစကားပြောခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...