နမ့်ခမ်းမြို့နယ် လက်နက်ကြီးကျ ကလေးငယ်(၃)ဦးထိ၊ တစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွန်းဟုန်းကျေးရွာအုပ်စု နမ့်စန်းကျေးရွာထဲတွင် ယမန့်နေ အောက်တိုဘာ (၁၁) ညနေ ၄ နာရီ ဝန်းကျင်က လက်နက်ကြီးကျ ပေါက်ကွဲမှု ဖြစ်သဖြင့် ကလေးငယ်(၃)ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ထိုလက်နက်ကြီးသည် မည်သည့်လက်နက်ကိုင်ဘက်မှ ပစ်သည့် လက်နက်ကြီး ဖြစ်သည်ကို ယနေ့ထိမသိရှိကြောင်း၊ ထိုလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး (၃)ဦးထိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ ကလေး (၃) ယောက်အိမ်ရှေ့မှာဆော့နေတာ။ ဘယ်ဘက်က ကျလာတဲ့ လက်နက်ကြီးလည်းမသိဘူး။ သူတို့နားပေါက်ကွဲသွားတာ။ နမ့်ခမ်းဆေးရုံကို ခေါ်သွားတဲ့ အချိန်မှာ အသက် (၁၂) ပဲ ရှိသေးတဲ့ ကလေးတယောက်က လမ်းတဝက်မှာသေဆုံးသွားတယ်” ဟု နမ့်စန်းကျေးရွာဒေသခံတဦးက ပြောသည်။

ထိုလက်နက်ကြီးကြောင့် မယုံအီ (၁၉) နှစ်၊ လွေးအီလ (၁၂) နှင့် မိုင်းအိုက်လေး (၈) နှစ် အရွယ်ကလေးတို့က ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွေးအီလ သည် သေဆုံးသွားကြောင်း သိရသည်။

လက်ရှိတွင် မိုင်းအိုက်လေး သည့် ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်းနေကြောင်း၊ အဆုတ်ထိသောကြောင့် ပိုက်ထည့်ထားရကြောင်း သိရသည်။

“ (၃) ယောက်ထိတာ။ ၁ ယောက်သေတယ်လေ။ အခုက မိုင်းအိုက်လေးက ခွဲစိတ်ကုသဖို့လိုတယ်တဲ့။ သူမှာ အဆုတ်ထိသွားတာ။ အခု ပိုက်ထည့်ထားရတယ်။ ကျန်းမာရေးနည်းနည်း စိုးရိမ်ရတယ်” ဟု ၎င်းတို့ကို ကူညီပေးနေသည့် သူက ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းမှုကြောင့် ထို လက်နက်ကြီးထိခံထားရသူများသည် ဆေးကုသရန်အတွက် အခက်ခဲများစွာရှိနေကြောင်းသိရသည်။

“ အခုက မီးသွေး၊ လက်ဖက်တွေလည်းရောင်းလို့မရဘူးလေ။ သူမိဘက ကလေးသဂြိုလ်ဖို့နဲ့ ဆေးကုသပေးဖို့ ပိုက်ဆံမတက်နိုင်ဘူး။ ကျနော်တို့ အခုက အလှူရှင်တွေကို ရှာပေးနေတယ်။ စီးပွားရေးမကောင်းတော့ အကုန်လုံးက ခက်ခဲနေတာ။ သူတို့ ဒီလိုဖြစ်တော့ ပိုဆိုးနေတယ်” ဟု အထက်ပါ ကူညီပေးနေသည့်သူက ပြောသည်။

လွေးအီလ နှင့် မိုင်းအိုက်လေး တို့သည့် မောင်နှမ ဖြစ်ကြောင်းသိရသည်။
နမ့်စန်းဒေသတွင် တိုက်ပွဲမဖြစ်ပွားသည့် ဒေသဖြစ်ကြောင်း ၊ ထိုနေရာတွင် စစ်ကောင်စီ တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) တို့လှုပ်ရှားသည့် နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...