ကျောက်မဲမြို့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ လူငယ်ကိုပိုဖမ်းဆီးလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ပိုင်း စစ်ကောင်စီ မှ လူငယ်များကို ယခင်ထပ် ပိုဖမ်းဆီးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့တွင် ယခု ရက်ပိုင်း ညထွက်သွားလာသူများကို စစ်ဆေးရိုက်နှက်မှုများ ပြုလုပ်လာလျက်ရှိပြီး ယမန့်နေ အောက်တိုဘာ (၁၁) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်ပစ်ဖောက်သံများရှိကြောင်း သိရသည်။

“ မနေ့ကညကတော့ သေနတ်သံ (၈) ချက်လောက်ကြားရတယ်။ စစ်ကောင်စီတွေက ညဆို ခုတလော ပိုပြီးစစ်ဆေး နေတယ်။ Mytel ဖုန်းတာဝါတိုင်း ဖောက်ခွဲခံရပြီးနောက် ပိုပြီး စစ်ဆေးလာတယ်။ လူငယ်တွေကို လည်း ပိုဖမ်းလာတယ်” ဟု ကျောက်မဲမြို့ ဒေသခံအမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်ဖြင့် လူငယ်များကို တိတ်တဆိတ် လိုက်လံ ဖမ်းဆီးရာတွင် လူငယ် (၂၀) ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။

ထိုဖမ်းဆီးခံထားရသည့် သူများသည် Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ဖမ်းဆီးခံရကြောင်း ၊ မြို့တွင်း PDF တပ်ဖွဲ့များ ရောက်လာမှာကို စိုးရိမ်သောကြောင့် စစ်ကောင်စီတပ်များက စိုးရိမ်နေကြရကြောင်းသိရသည်။

“ သူတို့ အရပ်ဝတ်တွေနဲ့ ခိုးခိုးပြီးဖမ်းသွားတာ။ ကျနော်တို့ သိရသလောက်တော့ ၂၀ ကျော်ရှိ နေပြီထင်တယ်။ သူတို့တွေက မြို့ထဲမှာ PDF တွေ ရောက်လာမှာကို စိုးရိမ်နေကြတာ။ အဲကြောင့် ညညဆိုသူတို့ အရမ်းကို လိုက်စစ်နေတယ်” ဟု ကျောက်မဲမြို့ အထက်ပါ လူက ပြောသည်။

‌ကျောက်မဲမြို့တွင် စစ်ကောင်စီ တပ်သားများ၏ လုပ်ရက်မှုကြောင့် ပြည်သူများက စားဝတ်နေရေးအတွက် ပါ စိတ်ပူနေကြရကြောင်း၊ ည တခုခု ကြောင့် အရေးပေါ်သွားစရာရှိလာပါက စိုးရိမ်နေကြရကြောင်း သိရသည်။

“ အရင်ကတော့ အဲလောက်ထိ မစစ်ပါဘူး။ သွားလာတာရှိတယ်။ အခု ပိုစစ်လာတယ်ဆိုတော့ ည အရေပေါ် သွားစရာရှိလာရင် ဘယ်လိုလုပ်ရမလဲ ဆိုတာစိတ်ပူတယ်။ အခုက ကိုဗစ် ကပ်ရောဂါအချိန်လည်းဖြစ်တယ်။ စားဝတ်နေရေးအတွက်လည်း ရှာစားရတာ ခက်ခဲလာတယ်။ အခုက အကုန်လုံးကို စိုးရိမ်ပြီးကြောက်နေရတာ” ဟု ကျောက်မဲမြို့ အသက် ၄၀ကျော် အမျိုးသမီး တဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကျောက်မဲမြို့တွင် စက်တင်ဘာ (၂၀) ရက်နေ့က လွယ်ခွန်တောင် နှင့် ကျွဲကုန်ကျေးရွာရှိ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် (၂) ခုလုံးက ဖောက်ခွဲခံရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...