တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်းခပေးဆောင်ခိုင်း

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်းတွင် ယာယီ ပျံကျဈေးဆိုင်ခန်းများကို စစ်ကောက်စီ လက်အောက်ခံ စည်ပင်သာယာရေးဌာန က ဆိုင်ခန်းခ ကောက်ခံမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်

အဆိုပါ တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်း တွင်ရှိသည် ယာယီပျံကျဈေးဆိုင်တန်းသည် ကိုဗစ်-၁၉ ကူးစက်မှု နှုန်းမြင့်တက်လာမှုကြောင့် တန့်ယန်းမြိုု့မ ဈေးမှ ခွဲထွက်လာရောက်ဖွင့်လှစ်ထားသည့် ယာယီပျံကျဈေးဆိုင်တန်းများ ဖြစ်ပြီး၊ ယခင်တွင် ဆိုင်ခန်းခ ကောက်ခန်မှု မရှိဘဲ ဈေးရောင်းခွင့်ပြုခဲ့ကြောင်းသိရသည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီ တက်လာပြီးနောက် ထို ယာယီပျံကျဈေးဆိုင်တန်းကို ဖျက်သိမ်းကာ အရင်ပုံစံအတိုင်းပင် အသစ်ပြန်ဆောက်ပြီး တခန်းလျှင် ကျပ်ငွေ (၃၀၀၀၀)ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး၊ တရက်လျှင် အခန်းခ (၂၀၀)ကျပ်ပါ ထပ်မံပေးဆောင်ရမည် ဟု တန့်ယန်းဒေသခံများ ပြောပြချက်အရသိရသည်။

“ သူတို့ ဟိုအရင်ကလုပ်ထားတဲ့ဟာကို ပြန်ဖျတ်ပြီးတော့ အခုက အသစ်ပြန်ဆောက်ခိုင်းတာ။ ပုံစံကလည်း ဝါးနဲ့ ပဲ ပြန်ဆောက်ထားတာ။ အဲအသစ်ခန်းကို တခန်း ၃ သောင်းနဲ့ ပြန်ရောင်းမယ်။ တရက်ကိုက အခွန်ခ (၂)ရာကျပ်ပါ‌ဆောင်ရမယ်တဲ့။ တစ်ခန်းကို ၈ ပေလောက်ထိအကျယ်သူတို့ပြန်ဆောက်နေတာ” ဟု တန့်ယန်းမြို့ ဈေးတွင် ဆောက်လုပ်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်

ထိုယာယီပျံကျဈေးဆိုင်ခန်းများတွင် တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ဟင်းသီးဟင်းရွက်များ လာရောက် ရောင်းချလေ့ရှိသည့် ဈေးဆိုင်များဖြစ်ပြီး၊ လက်ရှိကာလမှာ အခက်အခဲမျိုးစုံကြုံနေရသည့်အချိန်တွင် ဆိုင်းခန်းခ ဈေးနှုန်းကောက်ခံမှုပြုလုပ်မည်ဆိုပါက ဈေးသည်များအတွက် အခက်အခဲဖြစ်ကြောင်း လည်း တန့်ယန့် ယာယီပျံကျဈေးတွင် ဈေးရောင်းသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

“ အခုက သူတို့ ဆောက်ပြီး (၃) သောင်းနဲ့ပြန်ရောင်းမယ်ဆိုတော့ မဝယ်နိုင်ဘူး။ အဲဈေးက ရွာတွေဘက်ကလူလည်း လာရောင်းတယ်။ ပြီးတော့ အရင်က အခန်းဆို ၃၀ ပေလောက်ရှိထားတယ်လေ။ အခုက တခန်းကို ၆ ပေလောက်ပဲ ပေးတော့မယ်ဆို‌တော့ တချို့ ကုန်သည်ဆိုင်တွေအတွက်တော့ ခက်ခဲတာတွေ အများကြီးရှိတယ်” ဟု အထက်ပါ အမျိုးသမီး ကဆိုသည်။

ထိုပျံကျဈေးနေရာသည် မြန်မာနိုင်ငံ ကိုဗစ် -၁၉ ပထမလှိုင်းတုန်းက ပိုးကူးမှု မပျံပွားစေရန်အတွက် အရပ်သားအစိုးရ NLD လက်ထက်က သွားရောင်းခွင့်ပြုခဲ့နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...