နမ္မတူ စားဝတ်နေရေးခက်ခဲမှုကြောင့် လူငယ်များ ခိုးမှု၊ ဓားပြတိုက်မှု ပိုများလာ

သျှမ်းမြောက် နမ္မတူမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးခက်ခဲမှုများကြောင့် ဒေသခံ လူငယ်များ ခိုးမှု၊ ဓားပြတိုက်မှု ကျူးလွန်တာ ပိုများလာကြောင်း သတင်းရရှိသည်။

နမ္မတူတွင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းတွေအပြင် မူးယစ် ဆေးဝါးပျံ့နှံ့နေခြင်းတို့ကြောင့် ခိုးမှု၊ ဓားပြတိုက်မှု ပိုမိုများလာကြောင်း ဒေသခံများက ပြောသည်။

“အဓိကတော့ စားဝတ်နေရေးခက်ခဲတာပေါ့၊ ကိုဗစ်ကြောင့်လည်း ပါတယ်၊ ကုန်ဈေးနှုန်းလည်းတက်တော့ ရှာဖွေစားသောက်ရတာ မလွယ်တော့ဘူး၊ ဓါးထောက်ပြီး ဆိုင်ကယ်လုသွားတဲ့ လူငယ်တွေဆို ဒီမြို့က ဒေသခံတွေပဲ၊ အသက်လည်း ငယ်သေးတယ်၊ (၂၀)ဝန်းကျင်ပဲ ရှိတယ်” ဟု နမ္မတူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူတွင် ယခုနှစ်အတွင်း ဓားပြတိုက်လုယက်မှု (၃)ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆိုင်ကယ်နှင့် ဖုန်း ဓားပြတိုက်မှု၊ မြို့တွင်းမှာ ဖုန်းလုယူထွက်ပြေးမှုလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၇)ရက်နေ့က အဆိုပါ ဓားပြတိုက်လုယက်မှု ပြုလုပ်နေသည့် လူငယ်အဖွဲ့ထဲမှ (၅)ဦးကို ဖမ်းမိထားပြီး (၃)ဦးခန့် လွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့အဖွဲ့ထဲက (၅)ယောက်တော့ မိထားပြီ၊ မိဘမဲ့ ကောင်လေးတစ်ယောက်ပါတယ်၊ ၊ ရပ်ကွက် ၅ ထဲမှာ နေတဲ့ တစ်ယောက်ကတော့ အသက် (၂၇)လောက်တော့ရှိပြီ၊ သူကတော့ တော်တော်ပျက်စီးနေတယ်၊ မူးယစ်ဆေးဝါး နဲ့လည်း ဆက်နွယ်နေတယ်လို့ ကြားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ထိုလူငယ်အများစုမှာ အသက် ၁၆၊ ၁၇၊ ၁၈ နှစ် ဝန်းကျင်သာဖြစ်ပြီး ဓားပြတိုက်ယူထားသည့် ဆိုင်ကယ်အား မြို့တွင်းတစ်နေရာတွင် သွားပေါင်ထားကြောင်း၊ ထို့နောက် ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်း Lock သွားဖွင့်ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...

မိုင်းပေါက် ဓားပြတိုက် ပြစ်မှုကျူးလွန်သည့် အမျိုးသား ၃ ဦး ကို UWSA က သေဒဏ်ချ

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် ဓားပြတိုက်ကာ လူကိုသေစေသည့်အထိ ကျူးလွန်ခဲ့သော အမျိုးသား ၃ ဦးကို သေဒဏ်ချမှတ်ကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) မနက်ပိုင်းတွင် မိုက်ပေါက်မြို့၌ UWSA က ဓားပြတိုက်သည့် ပြစ်မှုကကျူးလွန်ခဲ့သူ အမျိုးသား ၃...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။