CATEGORY

သတင်း

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

အင်းလေး ငလျင်ဘေး ၊ ရေဘေးသင့်ကြား ဖောင်တော်ဦးဘုရားပွဲ ကျင်းပမည်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ငလျင်ဘေး၊ ရေဘေးသင့်နေသည့်ကြားမှ ဖောင်တော်ဦးဘုရားပွဲကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့ ဦးစီးပြီး ကျင်းပသွားမည်ဟု သတင်းရရှိသည်။ လာမည့် စက်တင်ဘာလ ၂၂ ရက်မှစပြီး အောက်တိုဘာလ ၉ ရက်အထိ အင်းလေး ဒေသတွင် ဖောင်တော်ဦး ဘုရားပွဲကို ၁၈ ရက်ကြာ ကျင်းပ...

TNLA ထိန်းချုပ် သီပေါမြို့ စစ်ကော်မရှင်  လေကြောင်း ဗုံးကြဲ အရပ်သား ၂ ဦးထက်မနည်းထိခိုက်

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော  သီပေါမြို့ကို စစ်ကော်မရှင်က  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၁၈ ရက်) မနက် ၉ နာရီခွဲဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသော သီပေါမြို့ပေါ်ရှိ  အနောက်ရပ်ကွက်နှင့် တောင်ရပ်ကွက်တို့ကို စစ်ကော်မရှင်က  ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားနှစ်ဉီးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ပြောသည်။ “ ပေါင်း ၅၀၀ ဗုံးနဲ့လာကြဲတာ။ရ ွှေဧည်သည် ဟိုတယ်နား တဝိုက်ပဲ။ ၂ ယောက်ထိတယ် လို့ပဲသိရသေးတာ။ ထိခိုက်တာတွေ ထပ်ရှိနိုင်မယ်။သေချာမသိရသေးဘူး။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။  သီပေါမြို့ပေါ် ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲခံရခြင်းကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုကို သျှမ်းသံတော်ဆင့်မှဆက်လက်စုံစမ်းနေသည်။ သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၁၀) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် (သြဂုတ်လ ၉ ရက်) နေ့တွင်လည်း သီပေါမြို့ပေါ်ရှိ မြန်မာရပ် နှင့် ပန်းတိမ်တောင်ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သျှမ်းမြောက် TNLA ထုတ် မှတ်ပုံတင်မပြနိုင်လျှင် အရေးယူမည်ဟုဆို

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော နယ်မြေဒေသအတွင်း နေထိုင်သည့် ပြည်သူများကို ၎င်း၏ မှတ်ပုံတင်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး ခရီသွားလာရင်း မှတ်ပုံတင် မပြနိုင်လျှင် အရေးယူခံရမည်ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။ ယမန်နေ့ (သြဂုတ် ၁၆ )ရက် နမ္မတူမြို့နယ် မန်စံကျေးရွာတွင်...

မိုးကုတ်မြို့ စစ်ကော်မရှင်က ဗုံးထပ်ကြဲ၊ ကလေးအပါအဝင် အရပ်သား ၃ ဦးသေဆုံး

တအာင်း (ပလောင် ) အမျိုးသားများလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော မိုးကုတ်မြို့အရှေ့ပိုင်း လူနေရပ်ကွက်ကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ယနေ့ (သြဂုတ် ၁၇ ) ရက် နံနက် ၉ နာရီအချိန်တွင် မိုးကုတ်မြို့အရှေ့ပိုင်း...

တရုတ်သံအမတ် တာချီလိတ်ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု သွားရောက် စစ်ဆေး

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်ထားသော ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်း အဆောက်အဦးများ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရော်ဘာကုန်ထုတ်လုပ်ရေး စင်တာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ms. Ma Jia က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms....

တာချီလိတ်မြို့တွင် ရေထပ်ကြီးပြန်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ (သြဂုတ် ၁၆ )ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် ရေကြီးမှုထပ်မံဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ မယ်ဆိုင်ချောင်း၏ ရေအမှတ်မှာ ၄၁၀ စင်တီမီတာသို့ ရောက်ရှိနေပြီး တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မဟာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း (က) ရပ်ကွက်နှင့် မယ်ခေါင် ရပ်ကွက်များရှိ နေအိမ်များနှင့်...

ဘန်ကောက် တရားမဝင် ကာရာအိုကေဆိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Srivara လမ်းရှိ Town in Town Hotel ဘေးတွင် ဖွင့်လှစ်ထားသော တရားမဝင် ကာရာအိုကေ ဘားတစ်ခုအတွင်း မူးယစ်ဆေးသုံးစွဲထားသည့် မြန်မာနိုင်ငံသား ၄၁ ဦးဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းဌာနကဖော်ပြသည်။ ယမန်နေ့ (ဩဂုတ်လ ၁၅ )ရက် ညပိုင်းတွင် ဘန်ကောက်မြို့၊...

သိန္နီမြို့ ပြန်ပေးရေး ကိစ္စ MNDAA နှင့် စစ်ကော်မရှင် ဆွေးနွေး၊ အဖြေမထွက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကော်မရှင်၏ ကိုယ်စားလှယ်တို့သည် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့ကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (သြဂုတ် ၁၄ ရက်)က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး ဦးဆောင်ပြီး...

မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...

Latest news