နေရပ်ပြန် ဖယ်ခုံဒေသခံများ စိတ်မလုံခြုံမှုကြောင့် ဘုန်းကြီးကျောင်း ရွှေ့ပြောင်းအိပ်ရ

သျှမ်း-ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့တွင် နေရပ်ပြန် စစ်ရှောင်များ လုံခြုံမှုမရှိသောကြောင့် ဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းအိပ်နေရကြောင်း သတင်းရရှိသည်။

ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဖယ်ခုံအရှေ့ခြမ်းကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ပြီး စစ်ရှောင်များ ယခုနှစ် ဇူလိုင် ၇ရက်တွင် နေရပ်ပြန်နေထိုင်ခဲ့ကြသည်။

ထိုသို့ စစ်ရှောင်များ နေရပ်ပြန်လာခဲ့ကြသော်လည်း လက်နက်ကြီးသံများ မကြာခဏကြားရခြင်း၊ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများက ကျေးရွာအတွင်း တပ်စွဲထားသောကြောင့် စိတ်လုံခြုံမှု မရှိသည့်အတွက် ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့အိပ်နေရကြောင်း ဖယ်ခုံမြို့ ဒေသခံအမျိုးသမီးတစ်ဉီးကပြောသည်။

“နေရပ် ပြန် လာပေမဲ့လည်း စိတ်ပူရသေးတယ်။ မလုံခြုံသေးဘူး။ ညညဆို လက်နက်ကြီးသံတို့ကြားရတယ်၊ စစ်တပ်ဘက်ကလည်း ရွာထဲမှာ ရှိတော့ ကြောက်နေရတယ်။မြေမြုပ်မိုင်းတွေလည်း မရှင်းပေးသေးတော့ တောခြံတွေလည်း သိပ်မသွားရဲဘူး။” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဖယ်ခုံအနောက်ခြမ်းဖြစ်သည့် တောင်စလုံးရွာ၊ မြောက်စလုံးရွာ ဘက်တွင် စစ်ကော်မရှင်တပ်၊ PNO ပူးပေါင်းတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ KNDFတို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဖယ်ခုံမြို့ အရှေ့ခြမ်း အဝင်ထွက်များကို စစ်ကော်မရှင်က တင်းကြပ်ထားကြောင်း သိရသည်။

ဆက်လက်ပြီး ဖယ်ခုံအရှေ့ခြမ်းတွင် စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားသော်လည်း ပြည်သူများ လျှပ်စစ်မီးမရရှိဘဲ အစိုးရ ဝန်ထမ်းများသာ လျှပ်စစ်မီး ရရှိနေကြောင်း သိရသည်။

“စစ်ကော်မရှင်က မီးပေးတယ်ဆိုရင် သူတို့လက်အောက်က ဝန်ထမ်းတွေပဲ ပေးတာ။ ပြည်သူတွေက မီးယူမယ်ဆိုရင် တစ်လ ကျပ်ငါးသောင်းပေးရမယ်ပြောတယ်။ စစ်ရှောင်ပြီး ပြန်လာတာ မကြာသေးတော့ ရှာစားလို့လည်း မရ ၊တစ်လ ကျပ်ငါးသောင်းဆို မတတ်နိုင်ဘူး။”ဟု ဖယ်ခုံ ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ နေရပြန် စစ်ရှောင်များသည် တစ်လ ငွေကျပ် ငါးသောင်း ပေးပြီး လျှပ်စစ်မီးသုံးစွဲရန် မတတ်နိုင်သောကြောင့် ဆိုလာ ဘယ်ထရီ မီးကိုသာလျှင် အသုံးပြုနေရကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်တွင် ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းကို စစ်ကော်မရှင်လက်အောက်ခံ ပညာရေးဝန်ထမ်း များကို ပြန်ခေါ်ပြီး ကျောင်းပြန်လည် ဖွင့်ခဲ့သည်။

ဖယ်ခုံမြို့နယ် လွယ်ပေါ၊ နမ့်ပေါ်လုံ၊ ဆောင်နန်းခဲ၊ လဟယ်၊ မခေခမ်း၊ ပိန္နဲကုန်း၊ နားဟီး၊ အုံတိုင်း၊ ဘန့်ခူး၊ နားကုန်း၊ ကာလရှေ့၊ ညောင်မွန်း၊ တောင်ပို့ကြီး၊ ဆင်ဖြူ၊ ငါးမူးနှင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ၊ စန့်စွဲ၊ စန့်လိတ်၊ လွယ်လုံရွာမှ စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့် နေရပ်တွင် ပြန်နေကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင်လည်း အကူညီများလိုအပ်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...