ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။

တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ်တလျှောက်တွင် မြေရှားသတ္တုတွင်းများ စတင်တူးဖော်နေခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က ဆိုသည်။

ထို China Investment Mining ကုမ္ပဏီသည် သျှမ်းပြည်အရှေ့ပိုင်းတွင်အပြင် လာအိုနိုင်ငံ မြောက်ပိုင်းတွင်လည်း မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ China Investment Minin ကုမ္ပဏီ၏ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို Shanghi Chijin Xiawu Metal Resources Co. Ltd. က ပိုင်ဆိုင်ထားသည်။

၎င်းကုမ္ပဏီသည် လာအိုနိုင်ငံတွင် မြေရှားသတ္တု အရင်းအမြစ်များ တူးဖော်ထုတ်လုပ်ရန်အတွက် Xiamen Tungsten Corporation နှင့် တရုတ်နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ရွေထုတ်လုပ်သူ Chifeng Gold တို့မှ ၂၀၂၂ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သော ဖက်စပ်လုပ်ငန်း တစ်ခုလည်း ဖြစ်သည်။

သျှမ်းရှေ့ မြေရှားတူးဖော်မှု

Xiamen Tungsten Corporation သည် တရုတ်နိုင်ငံ၏ အဓိက မြေရှားသတ္တု ကော်ပိုးရေးရှင်းကြီး တစ်ခုဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့ တောင်ဘက်ရှိ မိုင်းယွန်းဒေသတွင်မြေရှားသတ္တုတွင်း ၂ ခုကို ဂြိုလ်တုဓာတ်ပုံတွင် အထင်အရှားတွေ့ရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ပြီးခဲ့သော မေလ ၁၅ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုဒေသသည် ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်နှင့် ၂၅ ကီလိုမီတာသာ ကွာဝေးသည်။

China Investment Mining ကုမ္ပဏီသည် နမ့်ခုတ်မြစ်တလျှောက်ရှိ မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကို ရရှိထားပြီး ထိုဒေသကို ပူးတွဲထိန်းချုပ်သည့် UWSA နှင့် စစ်တပ်တို့က နားလည်မှုအရ ခွင့်ပြုထားခြင်း ဖြစ်နိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ပြောခွင့်ရ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ မြေရှားသတ္တုသယ်ထုတ်ရာ လမ်းကြောင်းက စကစ (စစ်တပ်) လက်ထဲမှာရှိပြီး၊ တူးနေတာက UWSA ရဲ့ ဧရိယာထဲမှာဆိုတော့ နှစ်ဖွဲ့လုံးက ခွင့်ပေးတာဖြစ်နိုင်တယ်” ဟု ယိင်းလျန်းဟန်က ပြောသည်။

သို့သော် China Investment Mining ကုမ္ပဏီမှ တူးဖော်ခွင့်ရသည့် ဧရိယာနှင့် သက်တမ်း အချက်အလက် အသေးစိတ်ကိုတော့ မသိရှိရသေးပေ။ စစ်ကော်မရှင်လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကုမ္ပဏီများ၏ စားရင်ထဲတွင်လည်း အဆိုပါကုမ္ပဏီက ပါဝင်ခြင်း မရှိသည့်အတွက် နှစ်ဖက်နားလည်မှုဖြင့် လိုင်စင်မဲ့တူးဖော်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ အစီရင်ခံစာအရ နမ့်ခုတ်မြစ်၏ အရှေ့ဘက် ၄ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသော မြေရှားသတ္တုတွင်းကို ၂၀၂၃ နှစ်လယ်ပိုင်းမှ စတင်ခဲ့ပြီး နမ့်ခုတ်မြစ်နှင့် ၂ ကီလိုမီတာသာ ကွားသော မြေရှားသတ္တုကိုမူ ၂၀၂၄ နှစ်လယ်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ နမ့်ခုတ်မြစ်တလျှောက်ရှိ မြေရှားသတ္တုတွင်း နှစ်ခုစလုံးသည် တိုးချဲ့မှုအသစ် ပြုလုပ်လာသည်ကို တွေ့ရပြီး တစ်ခုမှာ သန့်စင်ကန်များ တည်ဆောက်ပြီးစီးသွားပြီး အနက်ရောင်အမိုးများဖြင့် ဖုံးအုပ်ထားသည်ကို အောက်တိုဘာလ ၁၄ ရက်နေ့က ရိုက်ကူးခဲ့သော ဂြိုလ်တုဓာတ်ပုံတွင် တွေ့ရသည်။

နောက်ထပ် မြေရှားသတ္တုတွင်း တစ်ခုမှာလည်း ၂၀၂၅ ဇန်နဝါရီလကတည်းက လည်ပတ်နေပုံရပြီး ယနေ့အချိန်ထိ ဆက်လက် လည်ပတ်နေဆဲဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) အဖွဲ့က ဆိုသည်။

ထို့ပြင် လုပ်ငန်းခွင်၏ အရှေ့မြောက်ဘက်တွင် အဆောက်အအုံအသစ် အများအပြားကို တွေ့မြင်နေရသဖြင့် အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာသည်ကို ပြသနေကြောင်း ဆိုသည်။

သတ္တုတွင်းက ထွက်သော ဓာတုစွန့်ပစ္စည်းများသည် မိုင်းဆတ်ဒေသမှ ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ထဲသို့ ဖြတ်သန်းစီးဆင်းနေသော နမ့်ခုတ်မြစ် အတွင်းသို့ စီးဝင်ကာ ရေအရင်းအမြစ်များကို ညစ်ညမ်းစေသည်ဟု ရှမ်းလူ့ခွင့်အရေးမဏ္ဍိုင် (SHRF) အဖွဲ့က ဆိုသည်

ထို့ကြောင့် မြစ်အောက်ဖျားပိုင်းတွင် နေထိုင်ကြသော ထိုင်း-မြန်မာဒေသခံပြည်သူ တစ်သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်စေသဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် တာတွန်းကျေးရွာမှ ဒေသခံပြည်သူများသည် ပြီးခဲ့သော ဇွန်လ ၅ ရက်နှင့် မေလ ၁၄ ရက်နေ့တွင်လည်း နမ့်ခုတ်မြစ်အနီးတွင် စုဝေးဆန္ဒပြခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှ တူးဖော်နေသော ရွေနှင့် သတ္တုတူးဖော်မှုများသည် နမ့်ခုတ်မြစ်နှင့် စိုင်မြစ်များတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ အထူးသဖြင့် အာဆင်းနစ် အဆိပ်များက ရေထုကိုညစ်ညမ်း စေကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါမြစ်များအတွင်း ရေထုညစ်ညမ်းမှု တိုက်ဖျက်ရေး အထူးအဖွဲ့ဖွဲ့စည်းရန် ထိုင်းနှင့် မြန်မာက သြဂုတ် ၂၀ ရက်တွင် သဘောတူညီခဲ့သော်လည်း လက်ရှိအချိန်ထိ အကော်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

ယမန်နှစ်က မြန်မာနိုင်ငံ၏ မြေရှားထုတ်လုပ်မှုသည် ခန့်မှန်း မက်ထရစ်တန်ချိန်ပေါင်း ၃၁,၀၀၀ တန်ရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၄ နေရာတွင် ရှိသည်ဟု မြေရှားသတ္တုအချက်အလက်များကို ဖော်ပြနေသည့် Statista ၏ ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည်။

ကမ္ဘာ့မြေရှားဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချမှုမှာလည်း တရုတ်နှင့် အမေရိကန်ပြီးလျှင် မြန်မာနိုင်ငံသည် အဆင့် ၃ တွင် ရပ်တည်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...