ဖယ်ခုံ စစ်ရှောင်ကလေးများအတွက် စာသင်ကျောင်းသစ် ဆောက်လုပ်ရန် အကူအညီလိုအပ်
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ မေတ္တာရောင်ခြည် စစ်ရှောင်ခစန်းမှ စစ်ဘေးရှောင်ကလေးများသည် ပညာသင်ကြားနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းသစ် ဆောက်လုပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးများသည် အေးချမ်းစွာ ပညာရေးသင်ကြားခွင့်မရခဲ့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်ကြောင်း သိရသည်။ “မနှစ်တုန်းက...
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ TNLA ထွေအုပ်ရုံးနှင့် သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း ဖြန့်ချိနေပါသည်။ အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော People Media တယ်လီဂရမ်ချန်နယ်က ဇွန်လ ၃၀ ရက်နေ့တွင် ဖြန့်ချိခဲ့ခြင်း...
ချင်းမိုင်တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ကျင်းပနေ
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ကျင်းပလျက်ရှိပြီး စစ်ကောင်စီကိုယ်စားလှယ်များ တက်ရောက်နေကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂ ရက်မှ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးရက်တာ ကျင်းပပြုလုပ်နေသည့် (၃၇) ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ...
ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...
ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...
လားရှိုး-မိုင်းရယ်ကြား MNDAA ခွင့်ပြုချက်ဖြင့် ရွှေတူးနေသည့်သူများကို ဒေသခံ မောင်းထုတ်
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား နမ့်ပေါင်တိုက်နယ်တွင် ကိုးကန့်တပ်ဖွဲ့ ( MNDAA) ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်နေခြင်းကို ရပ်တန့်ပြီး (၇) ရက်အတွင်း ပစ္စည်းသိမ်း ထွက်ခွာသွားရန် ဒေသခံများက အချိန်ပေးထားကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၅) ရက်မှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် မန်စယ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာရှိ...
စစ်ကောင်စီက ဒေါ်စောမြရာဇာလင်းကို ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်
SHAN -
မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယနေ့ ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)...
ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရသည့် ပေထုန်တန်ရှင်နာဝပ် ထိုင်းအစိုးရအဖွဲ့သစ်ထဲ ယဉ်ကျေးမှုဝန်ကြီးဖြစ်လာ
SHAN -
ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုအတွင်း ညွန့်ပေါင်းအစိုးရ ပြိုကွဲသွားပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ထိုင်းအစိုးရအဖွဲ့ထဲတွင် ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရသည့် ပေထုန်တန် ရှင်နာဝပ်သည် ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာသည်။ ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက်ပိုင်းတွင် ထိုင်းအစိုးရအိမ်တော်၌ ကျင်းပသည့် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံထားသည့် Suriya Jungrungreangkit...
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် မိုးဗြဲမြို့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း ( ခမရ) ၄၂၂ မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မိုးဗြဲမြို့မြောက်ဘက်...
တန့်ယန်းမြို့နယ်ထဲ ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA မှ တရုတ်ရဲလက်အပ်
SHAN -
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆) ဦးတို့ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ (၁) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆)...





