နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။

ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း(၆၀၀၀)ကျော်ကို PNO က အကြောင်းပြချက်မရှိ ရွှေ့ပြောင်းခိုင်းခဲ့သည်။

ထို့နောက် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောင်ထောင်အပါအဝင် အနီးနားကျေးရွာများကိုPNO/PNA ပြည်သူ့စစ် တို့က သိမ်းယူနိုင်ခဲ့သည်။

PNO/PNA သိမ်းပိုက်နိုင်ပြီးနောက်ပိုင်း စစ်ဘေးရှောင်အများအပြားနေရပ်ပြန်နိုင်ခဲ့သော်လည်း စစ်ရေးနှင့် မြေမြှုပ်မိုင်းများ စိတ်မချသည့်သူများ၊ ကလေးများ၏ပညာရေးကြောင့် စစ်ဘေးရှောင် ၄၀၀ကျော် နေရပ်မပြန်နိုင်သေးပေ။

လက်ရှိ စစ်ဘေးရှောင်သည် ဆီဆိုင်မြို့၊ ဟိုခဲကျေးရွာ၊ ဘုရားဖြူ ကျေးရွာ နှင့် အောင်ချမ်းသာကျေးရွာများတွင် ဆက်လက်နေထိုင်ကြသည်။

ဆီဆိုင်မြို့နယ်အတွင်းနေရပ်မပြန်နိုင်သေးသော စစ်ဘေးရှောင်များနေထိုင်သည့်နေရာ

“ ကျမတို့ အခြေအနေကို စောင့်ကြည့်နေတာ။ စိတ်မချရသေးလို့မပြန်သေးဘူး။ ကျမတို့ မိသားစု (၇)ဦးရှိတယ်။ တရက်ကို နို့ဆီးဗူး ၃ဗူးနဲ့ ခြံထဲက အရွက်တွေနဲ့ပဲ စားနေကြတာ” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုစစ်ဘေးရှောင်များသည် နေ့စားလိုက်သည့် လုပ်ငန်းကို လုပ်ကိုင်ကြောင်း၊ နေ့စားလိုက်ခြင်းသည်လည်း နေ့စဉ်နဲ့အမျှမရှိကြောင်း၊ သွားရောက်လုပ်ကိုင်ရသည့် နေ့တွင် တရက်လျှင် တစ်သောင်း သုံးထောင် ကျပ် ရရှိကြောင်း သိရသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ကြက်ဉ တစ်လုံးလျှင် ၅၀၀ကျပ်ထိမြင့်တက်နေပြီး၊ အညံ့ဆုံးဆန် စျေးနှုန်းသက်သာသည့်ဆန် တပြည်( နို့ဆီဗူး ၈ဗူး)သည် ကျပ်ငွေ လေးထောင်ပေးဆောင်ရသည်။

“ ကုန်စျေးနှုန်းကလည်းမြင့် နေ့စားကလည်းနေ့တိုင်းမလိုက်ရဘူးလေ။ ကြာကြာလေမှ တခါဆိုတော့ ချွေတာစားပြီး အဟာရပြည့်အောင်မစားရဘူး။ အရွက်ပြုတ်နဲ့စားရတာ။ စစ်ရှောင်ကူညီတဲ့သူလည်း မရှိဘူးလေ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ဆီဆိုင်မြို့နယ် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များနေသည့်နေရာ

အောက်တိုဘာ လဆန်းပိုင်းမှ စတင်ကာ သျှမ်း-ကရင်နီနယ်စပ်တကြော ဖယ်ခုံမြို့နယ်၊ မိုးဗြဲတလျောက် တွင် စစ်ရေးပြန်ပြန်လည်ဖြစ်ပွားလာသည်။

“တိုက်ပွဲကလည်း ပြန်ဖြစ်နေတာရှိတော့ နေရပ်ပြန်ဖို့ခက်တယ်။ နောက် စစ်ရှောင်တွေက တစုတစည်းတည်းမနေကြဘူး။ အိမ်ငှားသူက ငှား၊ တဲထိုးနေသူကနေ အမျိုးတွေအိမ်မှာနေတဲ့သူကနေဆိုတော့ ပြန့်ကျဲနေကြတာ” ဟု စစ်ဘေးရှောင် ကူညီသည့် အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ ဆီဆိုင်မြို့တွင် ပအိုဝ်းပြည်သူ့စစ် PNOနှင့် စစ်ကော်မရှင် တပ်များက နယ်မြေစိုးမိုးထားပြီး ဆီဆိုင်-လွိုင်ကော် သွားလမ်းကိုလည်း ဂိတ် ၁၀ ခုထက်မနည်း ချထားကာ အစစ်ဆေးတင်းကြပ်ထားကြောင်း သိရသည်။

သျှမ်း-ကရင်နီ (ကယား)နယ်စပ် ဖယ်ခုံးမြို့သို့ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် စိတ်လုံခြုံမှုမရှိသဖြင့် ဘုန်းကြီးကျောင်းတွင် သွားရောက်စုပြီး အိပ်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...