မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။

အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ စက်တင်ဘာလ (၁၉) ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်အမှတ် (၉/၂၀၂၅) ထဲတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ ဩဂုတ်လ ၂၀ ရက်တွင် သတ်မှတ်ခဲ့သည့် ‘ဝ’ဒေသအတွက် ဟိုပန်မြို့ ဆိုသည့် ဖော်ပြချက်ကို အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန် မက်မန်းမြို့ အဖြစ် ပြင်ဆင်သတ်မှတ်ကြောင်း ဖော်ပြထားသည်။

အလားတူ စစ်ကော်မရှင်ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲတွင်လည်း သျှမ်းပြည်အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) အဖြစ် သတ်မှတ်ထားသည့် ‘ဝ’ဒေသတွင် ‘ဝ’အမျိုးသားပါတီ (WNP) မှ ကိုယ်စားလှယ်လောင်းတစ်ဦးတည်း ပြိုင်ဘက်မရှိ အမည်စာရင်း တင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ကြေညာထားသည်။

‘ဝ’ဒေသကို သျှမ်းပြည်မြောက်ပိုင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခု အဖြစ် စုဖွဲ့ပြီး ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပေးထားသည်။

သို့သော် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဟိုပန်မြို့နှင့် ပန်လုံမြို့ (၂) မြို့ကို ၂၀၂၄ ဇန်နဝါရီ လဆန်းပိုင်းတွင် ‘ဝ’တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၄ ဇွန်လမှ စတင်ကာ ဟိုပန်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်း၍ UWSA ၏ အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော် လည်ပတ်နေသည်။

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့

ထို့ကြောင့် ‘ဝ’တပ်ဖွဲ့ UWSA အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သေနတ်တစ်ချက် မပစ်ဖောက်ရဘဲ ဟိုပန်မြို့နှင့် ပန်လုံမြို့ နှစ်မြို့ကို ထိန်းချုပ်ခွင့် ရရှိသွားပြီးနောက် စစ်ကော်မရှင်ဘက်က ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။

အခြားတစ်ဘက်တွင် ပြည်ထောင်စုအစိုးရထံ နှစ်ပေါင်းများစွာ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ဇန်နဝါရီလ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဟိုပန်၊ ပန်လုံဒေသအား လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့ပြီး ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်တွင် UWSA မှ လွှဲပြောင်းလက်ခံခဲ့ကြောင်း WSTV မှ သတင်းထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...