ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ
SHAN -
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...
ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...
ရွာငံ စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွား
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်က အင်အား ၂၀၀ ကျော်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် ၃၀ ကျော်အမျိုးသမီး...
နေရပ်မပြန်နိုင်သေးသည့် ပင်လောင်းမြို့နယ် စစ်ဘေးရှောင် ၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူညီလိုအပ်
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် (၂) နှစ်ကျော်ကြာ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ (၆,၀၀၀) ဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းက ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့်...
“ကိုယ့်နယ်မြေဒေသမှာ သယံဇာတတွေ ပိုင်ဆိုင်ထားပေမယ့် မကာကွယ်နိုင်ရင် သူများ ပိုင်ဆိုင်သွားနိုင်တယ်”
မြန်မာပြည် မြေပုံရဲ့ လေးပုံ တစ်ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အမျိုးမျိုးသော သဘာဝ သယံဇာတတွေ ထွက်ရှိတဲ့ပြည်နယ် ဖြစ်ပေမယ့်လည်း မြေပေါ်မြေအောက် တွင်းထွက်သယံဇာတတွေကို တူးဖော်ထုတ်ယူပြီး ကုန်ကြမ်းအဖြစ်နဲ့သာ နိုင်ငံခြားကို တင်ပို့ရောင်းချနေရပါတယ်။ အဲ့ဒီထဲမှာ မြေရှားသတ္တု၊ ရွှေ၊ ငွေနဲ့ အဖိုးတန် သစ်အမျိုးမျိုး စတဲ့ သဘာဝ...
ချင်းမိုင် လူငယ်ဂိုဏ်းများကို လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးစတင်
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဓားခုတ်မှုဖြစ်ပွားပြီးနောက် ဓားခုတ်မှုကျူးလွန်ခဲ့သည် လူငယ်ဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ချင်းမိုင်မြို့၊ ဆန်ကမ်ဖိုင်ရပ်ကွက်၊ ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့တွင် လူငယ်ဂိုဏ်းအဖွဲ့သည်...
ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီး ဘိန်းဖြူများ ဖမ်းဆီးရမိ
SHAN -
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၂.၆၄ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၁၆.၈ သိန်း) ကို ယာဉ်မောင်း တစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့တွင်...
ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်...
ရွာငံမြို့နယ် ကျေးရွာအတွင်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ ရွားသားများကို ရိုက်နှက်စစ်ဆေး
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုနှင့် အလယ်ချောင်ကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်က အင်အား (၁၀၀) ဝန်းကျင်ဖြင့် ယခုရက်ပိုင်း၌ စစ်ကြောင်းထိုးလာနေပြီး ကျေးရွာအတွင်း ရွာသားများကို ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်မှစ၍ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုထဲကို စစ်ကော်မရှင်တပ်သည် မြေပြင် အင်အား (၁၀၀)...
SHAN -
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံကို အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် အဓိက မူးယစ်ဆေးဝါး ဖြတ်သန်းမှု (သို့မဟုတ်) အဓိက တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်သော နိုင်ငံများအဖြစ် စက်တင်ဘာလ ၁၅ ရက်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စာရင်းသွင်း သတ်မှတ်ခဲ့ကြောင်း သိရသည်။ ထိုနိုင်ငံပေါင်း ၂၃ နိုင်ငံထဲတွင် မြန်မာ၊...





