ရွာငံတွင် အုပ်ချုပ်ရေးမှူး သတ်ခံရသည့်နောက် ဒေသခံသွားလာခွင့် စစ်ကော်မရှင်ကန့်သတ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်၊ ကျောက်ပိဇပ်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး အသတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း အဝင်အထွက်ကို တင်းကြပ်စွာ ကန့်သတ်ထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အောက်တိုဘာလ ၂၈ ရက်မှစ၍ ယနေ့ (နိုဝင်ဘာလ ၄ ရက်) အထိ ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက ကျောက်ပိဇပ်ကျေးရွာအနီး ဂိတ်ထောင်ကာ ဝင်ထွက်သွားလာသည့် ဒေသခံများအား စစ်ဆေးမှု တင်းကြပ်နေသည်။

ထို့အပြင် ထောက်ခံစာမရှိပါက သွားလာခွင့်မပြုသည့်အပြင် ခွင့်ပြုပေးသည့် ဒေသခံများအနေဖြင့်လည်း မည်သည့်အချိန် ပြန်လာမည်ကို အတိအကျ သတ်မှတ်ပေးထား ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသခံများအနေဖြင့် မဖြစ်မနေ သွားလာရန်ကိစ္စများ ကြုံလာပါက စစ်ကော်မရှင်တပ်ထံတွင် မည်သို့ သွားမည်၊ မည်သည့်အချိန် ပြန်လာမည် စသည်ဖြင့် စာတင်ရပြီး ၎င်းစစ်ကော်မရှင်တပ်သားများက ခွင့်ပြုမှသာ သွားလာခွင့်ရခြင်းကြောင့် အခက်ကြုံနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ခြံမသွားရတော့ ဝင်ငွေမရှိဘူးလေ။ လောလောဆယ်တော့ ရှိတာလေးနဲ့ ဖြေရှင်းနေရတယ်။ စစ်တပ်က ရွာထဲမှာ တပ်စွဲထားတော့ ကြောက်နေရတယ်၊ သူတို့ရှိလဲ မလုံခြုံသလို ခံစားရတယ်” ဟု ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာအတွင်း စစ်အင်အား ၅၀ ခန့် ဖြင့် လာရောက် တပ်စွဲထားပြီး ကျေးရွာအတွင်း လှည့်လည်စစ်ဆေးခြင်း၊ ပြည်သူများကို အမှတ်မထင် ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် စစ်ကော်မရှင်တပ်သားများသည် ရေဦးကျေးရွာ ဈေးအနီးတွင် ဂိတ်ချထားပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကာ တစ်ခါတစ်ရံ ခြိမ်းခြောက် ငွေညှစ် တောင်းယူမှုများလည်း ရှိနေကြောင်း သိရသည်။

“နေ့ဘက်တော့ ဂိတ်မချထားဘူး၊ ညမှာပဲ ဂိတ်တွေချတယ်။ ညနေခင်း အလုပ်ကပြန်ချိန်ဆို သူတို့ဂိတ်မှာ အကုန်စစ်ဆေးတယ်၊ မထင်ရင် မထင်သလို ဆဲတယ်။ ငွေတောင်းတယ်၊ တစ်ခါတောင်းရင် ငါးထောင် အထက်ပဲ။ တစ်နေ့လုပ်အားမှ တစ်သောင်းပဲရတာ” ဟု နေ့စားလုပ်ရင်း အသက်မွေးနေသူ ရွာငံ ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကော်မရှင်၏ အဆိုပါ ရေဦးကျေးရွာဈေးအနီးရှိ ဂိတ်သည် ကျောက်ပိဇပ်ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရပြီး နောက်ပိုင်းမှ လာရောက်ဂိတ်ချထားခြင်း ဖြစ်သည်ဟုလည်း ဒေသခံများ ပြောဆိုသည်။

ရွာငံမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရသည့် ဖြစ်စဉ်များမှာ ယမန်နှစ် ၂၀၂၄ ခုနှစ်မှ ယခု ၂၀၂၅ ခုနှစ်အတွင်း ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

၂၀၂၅ အောက်တိုဘာလ ၆ ရက်တွင်လည်း ရွာငံမြို့နယ် ကျန်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘမွှေးနှင့် မြသိန်းတန်ကျေးရွာနေ ဦးမျိုးကျော် တို့ ရွာငံမြို့ ဝက်သတ်ခုံတွင် အသတ်ခံခဲ့ရသည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီး အသတ်ခံရပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင်လည်း ရွာငံမြို့နယ် ဘုရားကြီးကုန်းကျေးရွာ၌ အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင် တပ်စွဲထားပြီး အနီးအနား တောတောင်ထဲသို့ မကြာခဏ စစ်ကြောင်းထိုးကာ တော်လှန်ရေးတပ်ဖွဲ့များကို လိုက်လံရှာဖွေနေကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များဖြစ်သည့် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) အပါအဝင် ရွာငံ PDF တပ်ဖွဲ့ စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...