ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများသည့်အပြင် ဒေသခံလူထုလည်း သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။

နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တို့နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း အသက် ၃၀ ဝန်းကျင်ရှိ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“နိုဝင်ဘာ ၁ ရက် တုန်းက နှစ်ဖက်တိုက်ပွဲတွေ တအားဖြစ်တယ်။ ပြီးတော့ နိုဝင်ဘာ ၂ ရက်နေ့ ည ၇ နာရီမှာ စစ်ကြောင်းတွေ ထပ်ထိုးလာတယ်။ ၃ ရက်နေ့ မနေ့တုန်းကတော့ မနက်ကနေ ည ၅ နာရီ လောက်ထိကို တိုက်ပွဲတွေ ဖြစ်နေတာ ညလောက်မှပဲ ငြိမ်သွားတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ သုံးရက်တာ တိုက်ပွဲအတွင်း နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် အရပ်သားတစ်ဦးပါ သေဆုံးခဲ့ကြောင်း ၎င်းစစ်ရေးသတင်းအရင်းမြစ်က ဆက်လက်ပြောကြားသည်။

“ပြည်သူတစ်ယောက်က တိုက်ပွဲအတွင်းမှာ ရင်ဘက်ကို ကျည်ထိပြီး ပွဲချင်းပြီး သေတာ။ ဒီသုံးရက် အတွင်းမှာ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက် ကျတယ်။ ဒဏ်ရာရတာတွေလည်း ရှိပါတယ်။ စစ်ကောင်စီဘက်တော့ ရာထူးကြီးတဲ့ထဲက တစ်ယောက်သေတယ်။ ကျန်တာကတော့ သူတို့ လက်အောက်ငယ်သားတွေ သေတယ်” ဟု အဆိုပါ မြေပြင်သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဘက်မှ လက်နက်ကြီးများအပြင် ဒရုန်းများကိုပါ အသုံးပြု၍ တိုက်ခိုက်နေသည်ဟုလည်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်နှင့် ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာနှင့် ဘောရန်ကျေးရွာ တစ်ကြောကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ကြောင်းက စတင်ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

စစ်ကော်မရှင်တပ်မှ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်စလုံး၊ မြောက်စလုံးရွာ၊ ဘောရန်အပေါ်ရွာနှင့် ဘောရန်အောက်ရွာ စသည့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီးနောက် ဒေသခံ ၃,၀၀၀ ခန့် သည် နီးစပ်ရာ ကျေးရွာများနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး လက်ရှိအချိန်အထိလည်း စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

၁၀၅မိုင် ကုန်သွယ်ရေးနေရာ ပြန်ပြင်ဆင်ရန် စစ်တပ်က ကားသမားများထံ ငွေကြေးကောက်ခံနေ

0
အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင်သည် ဇွန်လလယ်တွင် တရုတ်နိုင်ငံခရီးစဉ်ကိုထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့်တွေ့ဆုံးခဲ့ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။ အာဏာသိမ်းသမ္မတဉီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီး သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ရာတွင် ပါဝင်ခဲ့သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ကလည်း နေပြည်တော်သို့ချီတက်ခဲ့ပြီး စစ်ကော်မရှင်၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...