Tuesday, January 27, 2026

မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသည့် လွိုင်ကော်ဒေသခံများ သတင်းဖုံးဖိခံထားရ

ကရင်နီပြည် အမည်ရ ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာ ရနေသူများကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် နေအိမ်ခြံဝင်း အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီက သတင်းဖုံးခိုင်းထားကြောင်း မြို့ခံများက ပြောသည်။

“ကလေးက ခြံထဲမှာ ဆော့ကစားရင်း မိုင်းပေါက်ကွဲတာလို့ သိရတယ်။ ကလေးက ဆေးရုံမှာ ဆေးကု နေရတယ်။ အဲဒီတုန်းက သတင်းပေးမထွက်ဖို့ (မဖြန့်ဖို့) လုပ်ခဲ့တာ။ အဲဒါတောင် သူတို့ကို ပိုက်ဆံပေးပြီး မိုင်းရှင်းခိုင်းထားပြီးသား။ လက်ကျန်မိုင်းလို့တော့ ပြောတာပဲ။ နေရတာတောင် သိပ်မလုံခြုံဘူး၊ မိုင်းရှိမလား ဆိုပြီး စိုးရိမ်နေရတာ” – ဟု လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း စစ်ကောင်စီက လွိုင်ကော်မြို့ ရပ်ကွက်များ၌ နေရပ်ပြန်လိုသည့် စစ်ရှောင်များကို ပြန်လည်နေထိုင်ခွင့်ပြုခဲ့ပြီး မိုင်းရှင်းပေးမည်ဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ်တစ်သိန်း ကောက်ခံသွားခဲ့ကြောင်း၊ သို့သော် နေအိမ်ဝန်းအတွင်းကိုသာ မြေမြှုပ်မိုင်း ရှင်းပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လွိုင်ကော်မြို့တွင် အဝေးသင်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် တောင်ကြီးမြို့တွင် တက္ကသိုလ်တက်ရောက်နေသူများကို လွိုင်ကော်တက္ကသိုလ်တွင် စာမေးပွဲ ပြန်လည်ဖြေဆိုရန် စစ်ကောင်စီက အမိန့်ပေးထားကြောင်း သိရသည်။

“အခုက ရွေးကောက်ပွဲနီးပြီဆိုတော့ လွိုင်ကော် အေးချမ်းနေတယ်ဆိုတာ ပြချင်တာ ဖြစ်မယ်။ တက္ကသိုလ်ကျောင်းသားတွေ စာမေးပွဲ ပြန်ဖြေရမယ်ဆိုတော့ ပြန်ဖြေတဲ့သူက အနည်းငယ်ပဲ ရှိတယ်လို့ သိရတယ်။ သူတို့ခေတ်ဆိုတော့ သူတို့ပြောသမျှ လိုက်လုပ်ရမှာ၊ မဟုတ်ရင် ဖမ်းခံနေရမှာစိုးလို့” – ဟု လွိုင်ကော်မြို့ခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး ကြက်ဥတစ်လုံးလျှင် ၅၀၀ ကျပ်၊ ဆန်ကြမ်း တစ်အိတ်လျှင် ငွေကျပ် ၇ သောင်းမှ တစ်သိန်းအထိ ရှိနေသည်။ ယခင်က ဝမ်းတီးနို့ဆီ တစ်ထုပ်လျှင် ကျပ် ၅၀ သာ ရှိသော်လည်း ယခုအခါ ငွေကျပ် ၄၀၀ အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၌ ပစ္စည်း ပြန်သယ်ယူသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ရသည်။

လွိုင်ကော်မြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့ “၁၁.၁၁” စစ်ဆင်ရေး ဆင်နွှဲခဲ့ကြပြီး ကရင်နီတော်လှန်ရေး တပ်များက လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လဆန်းပိုင်းတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး ယခုလက်ရှိ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ်များက စစ်ဆေးရေးဂိတ်များ ချထားပြီး လုံခြုံရေး တင်းကြပ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

EORE 6

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်ကော်မြို့တွင်း မြေမြှုပ်မိုင်းကြောင့် သုံးလအတွင်း ၇ဦးထိခိုက် ၃ဦးသေဆုံး

0
ကရင်နီပြည်(ကယား) လွိုင်ကော်မြို့တွင် သုံးလတာ ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဉီးထိရှိပြီး ထိုထဲတွင် (၃)ဦးသေဆုံးခဲ့ကြောင်း ဒေသအတွင်း သတင်းရင်းမြစ်များက ပြောသည်။ လွိုင်ကော်မြို့တွင်း တိုက်ပွဲများငြိမ်သက်နေပြီး အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ဘေးရှောင်များသည် နေရပ်သို့ ပြန်လာကြသည်။ ထိုသို့နေရပ်ပြန်လာချိန်တွင်လည်း လွိုင်ကော်မြို့အတွင်း မြေမြှုပ်မိုင်းများရှင်းလင်းမှုမရှိကာ ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာ (၃)လတာကာလအတွင်းမြေမြှုပ်မိုင်းထိခိုက်ဒဏ်ရာရရှိသူ...

ကျောက်မဲ ပြောင်းခြံထဲ မပေါက်ကွဲသော မိုင်း၊ လက်နက်ကြီးများတွေ့ရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကို တောင်ယာထဲတွင် တွေ့ရှိရခြင်းကြောင့် တောင်ယာ သီးနှံရိတ်သိမ်းရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

နေရပ်မပြန်သည့် လွိုင်ကော်စစ်ရှောင်နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ် ခြိမ်းခြောက်

0
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်သို့ နေရပ်မပြန်လာသည့် စစ်ရှောင်နေအိမ်များကို စစ်ကော်မရှင်က ချိတ်ပိတ်တော့မည်ဟု ခြိမ်းခြောက်ကာ နေရပ်ပြန်လာရန် ဖိအားပေးနေကြောင်း သတင်းရရှိသည်။ လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး လွိုင်ကော်မြို့ ဒေသခံ...

ဖယ်ခုံ နေရပ်ပြန် စစ်ရှောင်များ မြေမြှုပ်မိုင်းကြောင့် လယ်ယာလုပ်ရန် အခက်အခဲဖြစ်နေ

0
သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် နားဟီးရွာ နေရပ်ပြန်စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်းများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်း မှ စတင်ပြီး ဇူလိုင်လအထိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ တကျော့ ပြန်လည် ထိန်းချုပ်နိုင်ရန် တော်လှန်ရေး...