ကျောက်မဲ ပြောင်းခြံထဲ မပေါက်ကွဲသော မိုင်း၊ လက်နက်ကြီးများတွေ့ရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကို တောင်ယာထဲတွင် တွေ့ရှိရခြင်းကြောင့် တောင်ယာ သီးနှံရိတ်သိမ်းရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး နောင်ပိန်တိုက်နယ် ကျေးရွာများရှိ ပြောင်းနှင့် ကြံခင်းများထဲတွင် တွေ့ရခြင်းကြောင့် တောင်သူများ သီးနှံရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

“ပြောင်းဖူးသွားချိုးတာနဲ့ မိုင်းတွေ့တာပဲ။ ရှေ့ရက်က မြေမြှုပ်မိုင်း ထောင်ထားတာ တစ်လုံး တွေ့တယ်၊ မနေ့က မပေါက်ကွဲသေးတဲ့ ငှက်ပျောဖူး (လက်နက်ကြီးကျည်) ၂ လုံးတွေ့တယ်။ နှစ်နေရာလုံးက ၃ လံ (၁၅ ပေ) လောက်ပဲ ဝေးတယ်။ အခု အဲ့လိုတွေ့တော့ ခြံတောင် မသွားရဲတော့ဘူး။ ပြောင်းသွားချိုးဖို့ တခြားလူလည်း မခေါ်ရဲဘူး၊ တခုခု ဖြစ်သွားရင် တာဝန်ယူရမှာလည်း စိုးရိမ်တယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ နောင်ပြစ်ကျေးရွာသည် ယခင်က TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး ယခုတွေ့ရှိခဲ့သည့် စစ်ကျန်လက်နက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်ဖြုတ်ယူသွားခဲ့ကြောင်း သိရသည်။

ထိုသို့ တောင်ယာပြောင်းခင်းထဲတွင် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်များ မကြာခဏ တွေ့ရှိခြင်းကြောင့် နေ့စားအလုပ်သမား လိုက်မည့်သူများ မရှိတော့ဘဲ တောင်သူများမှာ ရာသီချိန်ရောက်သော်လည်း သီးနှံရိတ်သိမ်းရန် ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

“ခြံသွားဖို့ လူခေါ်လို့လည်း အဆင်မပြေဘူး။ ကိုယ့်ဘာသာ ရသလောက်ပဲ ယူနေရတယ်။ ပြောင်းဖူးမချိုးရင်လည်း အပင်လှဲပြီး ခြစားလို့ အရင်းရှုံးမှာ။ တောင်သူဆိုတော့ ရာသီချိန်ရောက်ရင် ရိတ်သိမ်းရတာပဲလေ။ သတိထားပြီး သွားလာတာတောင်မှ ခနခန တွေ့တယ်။ ကိုယ်မသိလိုက်ဘဲ မိုင်းနင်းမိမှာလည်း ကြောက်တယ်၊ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဆိုတော့ ဘယ်နားမှာ မိုင်းရှိမလဲ မသိဘူး” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

ထို့ကြောင့် မြေမြှုပ်မိုင်းများ၊ မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ပစ္စည်းများနှင့် ပေါက်ကွဲစေတတ်သော လက်လုပ်ပစ္စည်းများ သတိပြုရန် လိုအပ်ပြီး ၎င်းတို့ကို မထိမကိုင်ဘဲ ဝေးဝေးနေရန်၊ သံသယဖြစ်ဖွယ် အရာ၀တ္ထုပစ္စည်းများကို လုံး၀ ကောက်ယူခြင်း မပြုလုပ်ရန်၊ အခြားသူများကို သတိပေးခြင်း အပြင် ကိုယ်မသိကျွမ်းသို့ (သို့မဟုတ်) သံသယ ရှိသည့် နေရာများကို ဝင်ရောက်ခြင်းမပြုလုပ်ရန် အရေးကြီးသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ ပျိုးဘောင်ပြုလုပ်ထားသည့် နေရာတွင် မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့သည်။

အလားတူ စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် စစ်ဘေးရှောင်များ နေရပ်ပြန်သွားသော်လည်း မိုင်းရှင်းလင်းရေး မလုပ်ဆောင်ရသေးခြင်းကြောင့် တစ်လအတွင်း မြေမြှုပ်မိုင်း နင်းမိ၍ သေဆုံးသူ (၄) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး အပါအဝင် (၄) ဦးထက်မနည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...