ရွာငံတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် အမည်မသိ လက်နက်ကိုင်အုပ်စုမှ ကျောက်ပိဇပ်ကျေးရွာသို့ လာရောက်ပြီး အသက် ၄၀ ကျော် အရွယ် ရွာလူကြီး ဦးတင့်ဝေ နှင့် အရပ်သား ဖြစ်သူ အသက် ၃၀ ကျော် ညီထွဋ် တို့ကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း အသက် ၃၀အရွယ်ရှိ ရွာငံဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ရွာသူကြီးနဲ့ ရွာသားတစ်ဉီးအသတ်ခံရတာ။ ဘယ်အဖွဲ့က ပစ်လည်းဆိုတာတော့မသိသေးဘူး။ အခု အကုန်စစ်ဆေးနေတယ်။ စစ်ဆေးမှု တင်းကြပ်နေတယ်” ဟု ၎င်းအမျိုးသမီး တစ်ဉီး ကပြောသည်။

အဆိုပါ အသတ်ခံရသည့် ရွာသူကြီးသည် စစ်ကော်မရှင်နှင့် နီးစပ်မှုရှိသည်ဟု သိရပြီး အသတ်ခံရသည့် အရပ်သားတစ်ဦးသည် ရွာလူကြီးနှင့် ခင်မင်ရင်းနှီးသူ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အသတ်ခံရမှုများ မကြာခဏ ဖြစ်လာသောကြောင့် ကျေးရွာအတွင်း အုပ်ချုပ်ရေးမှူး လုပ်မည့်သူပင် မရှိတော့ကြောင်းနှင့် ကျေးရွာတချို့တွင်လည်း ရွာလူကြီးများ စိုးရိမ်စိတ်များဖြင့် နေနေရကြောင်း သိရသည်။

“အသတ်ခံရတဲ့ ရွာတွေမှာဆို ရွာလူကြီး လုပ်မဲ့သူတောင် မရှိတော့ဘူး။ ဘယ်သူ မလုပ်ရဲကြဘူး။ တချို့ရွာက အုပ်ချုပ်ရေးမှူးတွေလည်း လန့်နေကြတာ။ ဒီလိုပဲ အုပ်ချုပ်ရေးမှူးတွေက နှစ်ဘက်လုံး ကြောက်နေရတယ်။”ဟု ရွာငံ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း ရွာငံမြို့နယ် ကျန်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘမွှေးနှင့် မြသိန်းတန်ကျေးရွာနေ ပြည်သူ့စစ် ဦးမျိုးကျော်တို့ကို ရွာငံမြို့ ဝက်သတ်ခုံတွင် အသတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီး အသတ်ခံရပြီး အလားတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း ရွာငံမြို့နယ် ဘုရားကြီးကုန်းကျေးရွာ၌ အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ရက်နေ့တွင် ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု အနီးတွင် ရိတ်ခါလာရောက် ပို့ဆောင်သော အင်အား ၂၀ ဝန်းကျင် ပါသည့် စစ်ကော်မရှင် စစ်ကြောင်းကို ဓနုပြည်နယ် အမျိုးသား လွတ်မြောက်ရေးတပ်မတော် DSNDA တို့ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်မှ ၂ဦးကျဆုံးကြောင်း DSNDAမှ နိုဝင်ဘာလ ၁ ရက်စွဲဖြင့် ထုတ်ပြန်လာသည်။

ယခုလက်ရှိရွာငံတွင် စစ်ကော်မရှင်မှ မကြာခဏ စစ်ကြောင်းထိုးနေပြီး ပြည်သူများကိုလည်း အစစ်ဆေးတင်းကျပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...