တောင်ကြီးမြို့တွင်း အုပ်စုဖွဲ့ နည်းမျိုးစုံသုံး ငွေလိမ်လည်မှုများလာ

သျှမ်းပြည်တောင်ကြီးမြို့တွင် အုပ်စုဖွဲ့ကာ နည်းမျိုးစုံသုံးပြီ ငွေလိမ်လည်မှုများရှိနေကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့တွင် ယခုရက်ပိုင်း အမျိုးသား၃ဦးဖွဲ့ကာ ရပ်ကွက်ထဲသို့ ဝင်ရောက်လာပြီး ကုန်စုံဆိုင်နှင့် နေအိမ်များကို လိုက်လံ လိမ်လည်မှုများပြုလုပ်ပြီး၊ ၎င်းတို့တောင်းဆိုသည့် ငွေကြေးမရရှိလျှင် ဓားထောက်ခြိမ်းခြောက်သည့် အထိ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မြေဖြူရပ်ကွက် ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အမျိုးသား၃ယောက်က အိမ်ထဲကို အတင်းပြီးပြီး ဆေးသုတ်သွားတာ၊ တားလည်းမရဘူး။ နောက် ငွေ ၃သိန်းတောင်တော့ စကားများကြသေးတယ်။ သူတို့မှာ ဓားပါလာတော့ ဓားနဲ့ခြိမ်းခြောက်လို့ ငွေကျပ် ၅သောင်းနဲ့ပြီးသွားတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရသည့် အမျိုးသားက ဆိုသည်။

အဆိုပါ အုပ်စုဖွဲ့ ငွေလိမ်သူများသည် မြေဖြူရပ်ကွက်၊ ညောင်ဖြူစခန်းရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက်တွင် လိုက်လံလိမ်လည်ခဲ့ပြီး၊ အဓိကအားဖြင့် သက်ကြီးရွယ်အိုများရှိသည့်နေအိမ်ကို ပစ်မှတ်ထား လိမ်လည်နေကြောင်း သိရသည်။

ထိုသူများသည် အခြားရပ်ကွက်များတွင် ထီလက်မှတ်ရောင်းချခြင်း၊ ဖုန်းငွေဖြည့်ကဒ်ရောင်းသည်ဟု ဆိုပြီး အတင်းအဓမ္မလိမ်လည်သွားခြင်းကို ပြုလုပ်သေးကြောင်း တောင်ကြီးမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင် မှ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျမတို့ဆီမှာတော့က အသင့်ပါတဲ့ ခဲပြန်အုပ်ထားတဲ့ ငွေဖြည့်ကဒ်နဲ့ ကျမတို့ဆီက ငွေဖြည့်ကဒ်အသစ်နဲ့လဲသွားတာ။ နောက် ဘီယာဗူးအဟောင်းရေဖြည့်ထားတာနဲ့ ဘီယာဗူးအဟောင်းလဲသွားတာ ငွေစက္ကူအတုနဲ့အစစ်တွေလဲတာတွေ ရောလုပ်တယ်။” ဟု ၎င်းအမျိုးသမီးက ကြုံတွေ့ခဲ့ရသည့် အကြောင်းကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် လူမျိုးပေါင်းစုံ ရွှေ့ပြောင်းရောက်ရှိနေထိုင်လာပြီး ခိုးဆိုးလုယက်မှုများ၊နည်းမျိုးစုံသုံ ငွေလိမ်လည်မှုများ၊ ဓားပြတိုက်မှုများတို့ ကြုံတွေ့လာရသည်။

တောင်ကြီးမြို့အတွင်းသို့ လွိုင်ကော်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါမြို့နယ်ဘက်မှ စစ်ဘေးရှောင်များအပြင် မြေပြန့်ဒေသဘက်မှ တက်လာသည့် စစ်ဘေးရှောင်များလည်း ရှိကြောင်း သိရသည်။

တောင်ကြီးမြို့သည် စစ်ကော်မရှင်တပ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်သည့် ဒေသဖြစ်သော်လည်း လက်ရှိတွင် ဒုစရိုက်သမားပေါများသည့် ဒေသတစ်ခုဖြစ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...