ကလောမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်မည့် ကျပ်ငွေ ၄ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ သိမ်းဆည်းရမိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်သွားမည့် ကျပ်ငွေ ၄ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူကို ရမည်းသင်းမြို့နယ်တွင် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ် ၇ ရက် နံနက် ၆နာရီတွင် ရမည်းသင်းမြို့နယ် အင်တိုင်းကျေးရွာအုပ်စု ကင်းကျေးရွာအနီးတွင် ဘိန်းဖြူ ၄ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၇၁...
ရွာငံ-သာစည်ကြား နေအိမ်များ ရေနစ်မြှုပ်၊ ပြောင်းရွှေ့နေထိုင်ရ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နှင့် သာစည်မြို့နယ် ကြားရှိ ကျွဲတပ်ရွာတွင် ရွာအလယ်ပိုင်းရှိ နေအိမ် (၁၅)လုံး ရေနစ်မြှုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမ ပတ်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကျေးရွာအတွင်း ရေများစိမ့်ထွက်ကာ နေအိမ် ၁၅ လုံး နစ်မြှုပ်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းနေထိုင်ရကြောင်း...
ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...
ချင်းမိုင်ရောက် မြန်မာတစ်ဦးက ရည်းစားဟောင်းကို ဓားထောက်ပြီး ဘတ် လေးထောင်လုယက်မှု ဖြစ်ပွားခဲ့
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် ရည်းစားဟောင်းကို ဓားထောက်ပြီး ဘတ်လေးထောင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ အဆိုပါအမျိုးသားကို ယမန်နေ့ (သြဂုတ် ၁၄ ရက်) ညနေ ၆ နာရီခန့်တွင် ချင်းမိုင်ခရိုင် San Pa...
မြန်မာ-တရုတ်နယ်စပ်ရှိ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးမြို့ကြားသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ ပစ်ခတ်သတိပေးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၁၅ ရက်) နံနက်အစောပိုင်း ၁၂ နာရီကျော်အချိန်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ...
ထိုင်း-မြန်မာ နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်များ လူဦးရေ အကန့်အသတ်ဖြင့် ပြုလုပ်ပေး
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ရှိ နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာများတွင် ရေကြီးပြီး စက်ပျက်သွားသဖြင့် တစ်နှစ် နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်ကို လူဦးရေ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေး...
ဆီဆိုင်မြို့နယ် စစ်ကောင်စီနှင့် PNO အရပ်သားနေအိမ်မီးရှို့ဟု PNLAပြော
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA ပြောရေးဆိုခွင့်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဩဂုတ်လ (၅)ရက်နေ့မှ စပြီး PNOနှင့် စစ်ကောင်စီ တပ်သားများက အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာ အုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်...
မြစ်ကြီးနားမြို့တွင် သျှမ်းနီနှင့်ကချင် အတူတကွယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ၏ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် ဩဂုတ်လ (၁၁) ရက်တွင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အဂ္ဂါပေဟိုတယ်၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း...
ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေထပ်မံမြင့်တက်၊ ရေလွှတ်ရာပြောင်းရွှေ့နေရ
ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း ရေထပ်မံမြင့်တက်လာပြီး ဒေသခံများ ပြောင်းရွှေ့ နေထိုင်ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၃ရက်) ညပိုင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသအတွင်းရှိ ကျေးရွာများရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ပြီး ရေလွှတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ညောင်ရွှေမြို့ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ရေတွေကမကျသေးဘူး။ တချို့ရပ်ကွက်က လူတွေကတော့ အရင်တခါရေကြီးကတည်းက...
SHAN -
နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများ ရွေးကောက်ပွဲ ကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ စစ်ကောင်စီသည် လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း...





