KIA မှ သိမ်းယူထားသည့် ပန်လောဒေသခံ ဆိုင်ကယ် ၁၅ စီး ပြန်မရရှိသေး
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာ မြေယာကိစ္စကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သိမ်းယူထားသည့် ဒေသခံဆိုင်ကယ် ၁၅ စီး ယနေ့ချိန်ထိ ပြန်မရသေးကြောင်း စုံစမ်းသိရသည်။ ထိုဒေသခံ ဆိုင်ကယ် ၁၅ စီးကို KIA တပ်ဖွဲ့က ငွေ ၁၅ သိန်းနှင့် နွားတစ်ကောင်ကို လာပေးဆောင်ပြီး...
ကျောက်မဲ မြို့ပေါ်ရပ်ကွက် အိမ်ငှားနေ စစ်ရှောင် စားဝတ်နေရေးခက်ခဲနေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ပေါ်ရပ်ကွက်များတွင် အိမ်ငှားနေထိုင်ခြင်းနှင့် မြို့အနီးကျေးရွာများရှိ ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များဖြစ်ပြီး စားဝတ်နေရေး ခက်ခဲနေတာဖြစ်ကြောင်း စုံစမ်းသိရသည်။ “သူတို့တွေက စစ်ရှောင်စခန်း ပြင်ပမှာ နေတဲ့ သူတွေပါ၊ တချို့က အိမ်ငှားနေတယ်၊ တချို့က အမျိုးအိမ်တွေမှာ ကပ်နေကြတာ၊ ၃ လပိုင်း၊ ၄ လပိုင်းလောက်ကတည်းက စစ်ရှောင်လာတဲ့...
စစ်တပ်မှ အသက်ပြန်သွင်းနေတဲ့ တောင်ကြီး ပင်းပက်စီမံကိန်း
“တကယ်လို့ ပင်းပက်စက်ရုံ လည်ပတ်မယ်ဆိုရင် ကျနော်တို့ ဒေသခံတွေ ငတ်သွားမယ် ထင်တယ်။ ပြီးတော့ မြေယာသိမ်းမှုတွေ နောက်တစ်ခေါက် ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်” လို့ ခွန်သောင်း က သူရဲ့ စိုးရိမ်မှုကို ပြောပါတယ်။ ပင်းပက်စက်ရုံစီမံကိန်းဟာ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုအတွင်းမှာ တည်ရှိပြီး မြန်မာနိုင်ငံမှာ...
သျှမ်းမြောက် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ပွဲ ဆက်ဖြစ်နေဆဲ
သျှမ်းပြည်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ အကြား တိုက်ပွဲများသည် နေ့စဥ်ရက်ဆက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်လာလ ၂၈ ရက်နေ့ မနက် ၉ နာရီ အချိန်မှ နေ့လည် ၁၂ နာရီ ဝန်းကျင်အထိ မူဆယ်-မန္တလေး လမ်းမကြီးအနီး သိန္နီနှင့် ကွတ်ခိုင်အကြားတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား...
တရုတ်ပြည်သူ့စစ် မှ သျှမ်းလူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရိုက်နှက်
မြန်မာ - တရုတ် နယ်စပ် တရုတ်ပြည် သျှမ်းလူမျိုးအများစုနေထိုင်သည့် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု ကုန်နေကျေးရွာ အုပ်ချုပ်ရေးမှူကို တရုတ် ပြည်သူ့စစ်က ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ ကုန်နေ ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းအိုက်အုန်းဖေ အသက် (၃၀)...
(၅) လကြာ ပိတ်ထားသည့် နမ့်လန်ဈေးကို ဒီဇင်ဘာလတွင် ပြန်ဖွင့်ပေးမည်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် (၅)လကြာ ကိုဗစ်ကြောင့် ပိတ်ခံထားရသည့် မြို့မဈေးကို ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်လန်မြို့တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ လျော့ကျလာပြီး ပြည်သူများက ကိုဗစ် ၁၉ ကာကွယ်ဆေး သွားရောက်ထိုးနှံကြသောကြောင့် ပြန်လှည်ဖွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ “ဒီဇင်ဘာ ၁...
မိုင်းကိုင် စစ်ရှောင်များ ကျိုင်းတောင်းမြို့သို့ ထွက်ပြေးတိမ်းရှောင်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခိုက်ကျေးရွာအုပ်စုက ဒေသခံ(၁၇၀)ကျော် ကျိုင်းတောင်းမြို့အနီးသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဟိုခိုက်ကျေးရွာအုပ်စုက ကျေးရွာ (၄)ရွာခန့် ကျိုင်းတောင်းမြို့နှင့် (၃)မိုင်အကွာရှိ နမ့်ဟူးရွာဟောင်း လွယ်စက်ရွာမှာ မိုးကာတဲဖြင့် လာရောက်နေထိုင်နေသည်မှာ တစ်လခန့် ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ခုလက်ရှိ အရေးပေါ်လိုအပ်တာတော့ အိပ်ယာခင်းတွေ၊ စောင်တွေ၊ ဆောင်းဝင်ပြီဆိုတော့ အနွေးထည်တွေလည်း...
တောင်ကြီးမြို့ တပ်ပိုင်နယ်မြေအတွင်းမှ ဈေးနှင့် ယာဥ်ရပ်နားစခန်းများကို ဖယ်ပေးခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ 212 တပ်ပိုင် ရဲဘော်ဈေး (212စျေး)မှ ဆိုင်ခန်းများနှင့် တပ်ရင်းတပ်ဖွဲ့ တပ်ပိုင်မြေဖြစ်သည့် မောချယ်ရီ ယာဥ်ရပ်နားစခန်းကို ဖယ်ရှားပေးရန် စစ်တပ်မှ အတင်းအကြပ် လာရောက်စေခိုင်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က တောင်ကြီးမြို့ကို Stay at...
တောင်ကြီးမြို့ ကြံ့ခိုင်ရေးရုံး အနီး အသံမိုင်းဖောက်ခွဲ Special Force 22 အဖွဲ့ထုတ်ပြန်
SHAN -
သျှမ်းပြည် တောင်ကြီးမြို့ မင်းလမ်းမရှိ ကြံ့ခိုင်ရေးရုံးအနီးတွင် အသံမိုင်းဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း Special Force 22 အဖွဲ့က ထုတ်ပြန်ထားသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်တွင် တောင်ကြီးမြို့ မင်းလမ်းမကြီးရှိ ပြည်ခိုင်ဖြိုး ပါတီရုံးအနီးတွင် အသေးစား ဖောက်ခွဲမှုတစ်ခုအား ပြုလုပ်ခဲ့ကြောင်း...
ကိုဗစ်နဲ့ စစ်ဒဏ်ကြား ရှင်သန်ဖို့ အားယူနေရတဲ့ မိုင်းတင်း ဝက်သားချဥ်သည်
SHAN -
ကျောက်မဲမြို့ကနေ (၇)မိုင်အကွာ မိုးကုတ်၊ မိုးမိတ် သွားတဲ့လမ်းပေါ်မှာ “မိုင်းတင်း” ဆိုတဲ့ ကျေးရွာတစ်ရွာ ရှိပါတယ်။ မိုင်းတင်း ကျေးရွာဟာ ခရီးသွားတွေအတွက် တထောက်နားစရာ နေရာလည်း ဖြစ်ပါတယ်။ အဲ့ဒီ မိုင်းတင်းကျေးရွာဟာ နာမည်ကြီးတဲ့ ဝက်သားချဉ် ရောင်းချနေတဲ့ရွာ ဖြစ်ပြီး မိုင်းတင်း ဝက်သားချဉ်လို့ကို ပြောစမှတ်ဖြစ်တဲ့အထိ နာမည်ကျော်ခဲ့ပါတယ်။ အရင်က...





