Wednesday, January 28, 2026

တရုတ်ပြည်သူ့စစ် မှ သျှမ်းလူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရိုက်နှက်

မြန်မာ – တရုတ် နယ်စပ် တရုတ်ပြည် သျှမ်းလူမျိုးအများစုနေထိုင်သည့် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု ကုန်နေကျေးရွာ အုပ်ချုပ်ရေးမှူကို တရုတ် ပြည်သူ့စစ်က ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ ကုန်နေ ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းအိုက်အုန်းဖေ အသက် (၃၀) သည် လယ်သို့သွားစဉ် တရုတ်နယ်ခြံစောင့် ပြည်သူ့စစ်များက စိုင်းအိုက်အုန်းဖေကို ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

“သူ လယ်သွားလာတာ။ လမ်းအပြန်မှာ တရုတ်ပြည်သူ့စစ်တွေနဲ့တွေ့တော့ သူ့ကို ဝိုင်းရိုက်ကြတာ။ ဒဏ်ရာတော်တော်ပြင်းထန်တယ်။ လူ ၂၈ ယောက်လောက်က တစ်ယောက်ထဲကို ဝိုင်းရိုက်ကြတာလေ။ အခုဆို သူ့ကို ဆေးရုံပို့ထားရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ရိုက်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး တရုတ်ဘက်မှ တာဝန်ယူဖြေရှင်းပေးခဲ့ခြင်း မရှိသောကြောင့် ဒေသခံပြည်သူများက နိုဝင်ဘာ ၂၈ ရက်နေ့တွင် တရုတ်ပြည်သူ့စစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြ ကြောင်း သိရသည်။

“ကျနော်တို့ အုပ်ချုပ်ရေးမှူးက လယ်သွားတာလည်း အိမ်နဲ့သိပ်မဝေးဘူး။ သူ ဒီလိုရိုက်ခံရတော့ ကျနော်တို့လည်း မကျေနပ်လို့ မနေ့က တရုတ်ပြည်သူ့စစ်ကို ဆန္ဒထွက်ပြခဲ့ကြတာ။ ပြီးတော့ သူတို့ရဲ့ ခြံစည်းရိုးတွေလည်း သွားဖျက်ဆီးခဲ့တယ်။ သူတို့ ဒီလိုရိုက်ပြီးတော့ ဘာမှ တာဝန်ပြန်မယူဘူးလေ။ ဒီတိုင်းပဲ ပြန်ပစ်ထားခဲ့တာ” ဟု ရွှေလီမြစ်ဝှမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ ဒေသခံများ ဆန္ဒထွက်ပြခဲ့သောကြောင့် တရုတ်နိုင်ငံ သက်ဆိုင်ရာလူကြီးများက ဆွေးနွေးခဲ့ပြီး ကုန်နေ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရိုက်နှက်ခဲ့သည့် ပြည်သူ့စစ် ၂၈ ဦးကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကုန်နေ ကျေးရွာအုပ်ချုပ်ရေးမှူးအတွက်လည်း ဆေးကုသစရိတ် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့တော့ အုပ်ချုပ်ရေးမှူးကို ရိုက်ခဲ့တဲ့သူတွေကို အရေးယူသွားမယ်လို့ပြောတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးရဲ့ ကုသစရိတ်ကိုလည်း သူတို့ တာဝန်ယူပေးမယ်တဲ့။ အုပ်ချုပ်ရေးမှူးကို ရိုက်ခဲ့တဲ့သူတွေကိုတော့ ရဲတွေက ခေါ်သွားပြီ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ရွှေလီမြစ်ဝှမ်းတလျောက်တွင် သျှမ်းတိုင်းရင်းသားများ အများစု နေထိုင်ရှာဖွေစားသောက်ကြသည့် ဒေသဖြစ်သည်။

ရွှေလီမြစ်ဝှမ်းတလျောက်တွင် ကိုဗစ် ၁၉ ကြောင့် အာဏာပိုင် တရုတ်ဘက်က လော့ဒေါင်းချထားပြီး ဒေသခံ ပြည်သူများ စားဝတ်နေရေးအတွက် ခက်ခဲမှုများစွာရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ပြည်ဝင်ရန် တိုကင်နံပါတ်စောင့်ဆိုင်းသူအချို့ တစ်လနီးပါး ကြာသည်အထိ မရရှိ

0
သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်သို့ ရောက်ရှိနေသည့် တရုတ်ပြည်အတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ရန်အတွက် တိုကင်နံပါတ် စောင့်ဆိုင်းနေသူများ အချို့သည် တစ်လနီးပါး ကြာသည်အထိ နံပါတ်မရသဖြင့် နေရပ်သို့ ပြန်သွားရသူလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင်၊ ဆင်ဖြူဂိတ် နှင့် ငွေဆင်ဝန်ထမ်းအိမ်အနီး တရုတ်ပြည် ဝင်ရန်အတွက်...

တရုတ်ပြည်တွင်း အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများ လုပ်အားခ လျှော့ချခံရ

0
တရုတ်ပြည် ရွှေလီမြို့ နှင့် မန်စီမြို့အတွင်း သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများသည် လုပ်အားခ လျှော့ချခံနေရကြောင်း စုံစမ်းသိရသည်။ မြန်မာလုပ်သားများသည် ယခင်က လုပ်အားခ တစ်လကို တရုတ်ယွမ်ငွေ ၂,၅၀၀ ကျော် (မြန်မာကျပ်ငွေ ၁၁ သိန်းကျော်) ရရှိခဲ့ရာ လက်ရှိတွင် လုပ်အားခ တစ်လကို ယွမ်ငွေ...

မိုးရေထဲ တရုတ်ပြည်သွားရန် တခါသုံးကတ် လုပ်သူများ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် ယနေ့ (စက်တင်ဘာလ ၈ ) ရက် နံနက်ပိုင်း အချိန်မှစပြီး တစ်ခါသုံးကတ် TBP ပြုလုပ်သူများသည် မိုးရွာသွန်းနေဆဲ လမ်းမပေါ်ရှိ မိုးရေထဲ၌ တန်းစီစောင့်ဆိုင်းကာ ပြုလုပ်နေရကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၇ )...

တရုတ်ပြည်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုကာ တရုတ်က ဖမ်းဆီး

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုပြီး တရုတ်ဘက်မှ ဖမ်းဆီးကာ သိမ်းဆည်းထားကြောင်း စုံစမ်းသိရသည်။ ယခုနှစ် မေ ၁၆ ရက်တွင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ ပဲစိမ်း...

တရုတ်ပြည်ဝယ်လက်မရှိသဖြင့် ဖရဲသီး စိုက်ပျိုးသူများ အရှုံးပေါ်နေ

0
တရုတ်ပြည် ရွှေလီ - ဝမ်တိန်တွင် လော့ဒေါင်း မကြာခဏချထားမှုကြောင့် ဂိတ်ပုံမှန်ဖွင့်လှစ်မရှိခြင်း၊ တရုတ်ပြည်ဘက်မှ ဝယ်လက်များ မရှိသဖြင့် သျှမ်းပြည်ထွက် ဖရဲသီး စိုက်ပျိုးသူများ အရှုံးပေါ်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလထဲတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်နှုန်း ပြန်လည်မြင့်တက်လာပြီး Lockdown ကို...