တရုတ်ပြည်ဝင်ရန် တိုကင်နံပါတ်စောင့်ဆိုင်းသူအချို့ တစ်လနီးပါး ကြာသည်အထိ မရရှိ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်သို့ ရောက်ရှိနေသည့် တရုတ်ပြည်အတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ရန်အတွက် တိုကင်နံပါတ် စောင့်ဆိုင်းနေသူများ အချို့သည် တစ်လနီးပါး ကြာသည်အထိ နံပါတ်မရသဖြင့် နေရပ်သို့ ပြန်သွားရသူလည်း ရှိနေကြောင်း စုံစမ်းသိရသည်။

မြန်မာ – တရုတ်နယ်စပ် မူဆယ်ခရိုင်၊ ဆင်ဖြူဂိတ် နှင့် ငွေဆင်ဝန်ထမ်းအိမ်အနီး တရုတ်ပြည် ဝင်ရန်အတွက် နှစ်နိုင်ငံ ဝင်ထွက်ခွင့် တစ်ခါသုံးကတ် (TBP) ရရှိရန် စောင့်နေသူများအနက် အချို့သည် အညာဒေသမှ ရောက်လာသူများဖြစ်ကြပြီး တစ်လနီးပါးကြာစောင့်ဆိုင်းသော်လည်း မရသည့် အတွက် နေရပ်သို့ ပြန်သွားကြောင်း အနီးပတ်ဝန်းကျင် နေထိုင်သည့် အမျိုးသား တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အညာဘက်ကလာတဲ့သူတွေဆိုရင် တချို့က လမ်းစားရိတ်အတွက် သူများဆီက ချေးငှား လာတာ၊ တချို့လည်း အိမ်တွေ ၊ ခြံတွေရောင်းပြီး လာကြတာ၊ တရုတ်ပြည်ဘက်ကို အလုပ် သွားလုပ်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့၊ ဒါပေမဲ့ ဒီမှာ တစ်လနီးနီးစောင့်နေလည်း တိုကင် နံပါတ် မရတော့ တည်းခိုခ၊ စားဖို့သောက်ဖို့ ခ စတာနဲ့ပဲ ပါလာတဲ့ ပိုက်ဆံတွေကုန်လို့ နေရပ် ပြန်သွားကြတာလည်း ရှိတယ်” ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသား တစ်ဉီးက ပြောသည်။

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားသည့် တရုတ်နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် တစ်ခါသုံးကတ် TBP ကို စတင် လုပ်ဆောင်ပေးရာ ယနေ့ အချိန်အထိ သွားရောက်လုပ်ကိုင်သူများ နေ့စဉ်နီးပါး စည်ကားနေလျက်ရှိသည်။

အဆိုပါ တိုကင်နံပါတ် ရရှိရန်အတွက် တာဝန်ရှိသူများမှ တောင်းခံသည့် ငွေကြေး ပမာဏသည် တိုးမြှင့်ကောက်ခံလာကြောင်း တိုကင်နံပါတ်စောင့်ယူနေသူ နှင့် အမျိုးတော်စပ်သည့် အမျိုးသား တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ လုပ်ပေးတုန်းကတော့ တစ်ယောက်ကို ကျပ်ငွေ တစ်သောင်းကျော်လောက်ပဲ ယူတာ၊ အဲ့နောက်ပိုင်း တစ်ပတ်အကြာမှာတော့ တစ်ယောက်ကို ကျပ်ငွေ တစ်သိန်း တောင်းတယ်၊ အခုဆိုရင် တစ်ယောက်ကို တရုတ်ယွမ်ငွေ ၅၀၀ ယွမ် (ကျပ်ငွေ ၂ သိန်းကျော်) တောင်းယူ နေတယ်” ဟု တိုကင်နံပါတ် စောင့်ယူနေသူ နှင့် အမျိုးတော်စပ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မြန်မာ – တရုတ်နယ်စပ် ဆင်ဖြူဂိတ်မှာ တရုတ်ပြည်ဝင်ခွင့် တစ်ခါသုံးကတ် တိုကင်နံပါတ်အမြန်ဆုံးရရန်အတွက် တရုတ်ယွမ်ငွေ (၅၀၀) ပေးပြီး လုပ်ယူနေကြောင်း သတင်းထွက်ပေါ်ပေမယ့် သျှမ်းသံတော်ဆင့်မှ အတည်ပြုမရသေးပေ။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း ပြည်တွင်း စီးပွားရေး ကျပ်တည်းလာမှု နှင့် အလုပ်အကိုင် ရှားပါးလာမှုတို့ကြောင့် လူငယ် နှင့် ဒေသခံ အများစုတို့သည် နေရပ်စွန့်ခွာပြီး တရုတ် နှင့် ထိုင်းနိုင်ငံ ကဲ့သို့ ပြည်ပထွက် အလုပ်လုပ်ကိုင်သူ များပြားလျက်ရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...