Monday, May 6, 2024

မိုးရေထဲ တရုတ်ပြည်သွားရန် တခါသုံးကတ် လုပ်သူများ

Must read

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် ယနေ့ (စက်တင်ဘာလ ၈ ) ရက် နံနက်ပိုင်း အချိန်မှစပြီး တစ်ခါသုံးကတ် TBP ပြုလုပ်သူများသည် မိုးရွာသွန်းနေဆဲ လမ်းမပေါ်ရှိ မိုးရေထဲ၌ တန်းစီစောင့်ဆိုင်းကာ ပြုလုပ်နေရကြောင်း စုံစမ်းသိရသည်။

.

ယမန်နေ့ (စက်တင်ဘာလ ၇ ) ရက် ညအချိန်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းထားခြင်းကြောင့် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် ဒူးခေါင်းအဆင့်ရှိ ရေများ မြင့်တက်နေလျက်ရှိရာ တရုတ်ပြည်ဝင်ရန်အတွက် တစ်ခါသုံးကတ် TBP ပြုလုပ်သူများသည် မိုးရေထဲ ရပ်စောင့်ပြီး တန်းစီနေရကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Photo- Local ( မိုးထဲရေထဲ တရုတ်ပြည်ဝင်ရန် စောင့်ဆိုင်းသူများ)

“ရပ်စောင့်နေတာ မိုးမရွာခင် မနေ့ကတည်းပဲ။ တချို့လည်း လာအိပ်ပြီး စောင့်ကြတယ်။ အခု မိုးရွာရွာနဲ့ မိုးရေထဲ ရပ်စောင့်နေကြတာပေါ့ “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တစ်ခါသုံးကတ် TBP ပြုလုပ်သူများသည် မြို့နယ်ဒေသ အသီးသီးမှလာသည့် အလုပ်သမားများ ဖြစ်ကြပြီး တရုတ်ပြည်ဝင်ရန်အတွက် ကတ်လာလုပ်ရခြင်း ဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာသလို ယခင် ကြက်ဉ အလုံး ၃၀ (၁ ကတ်) ကို ကျပ်ငွေ ၃,၀၀၀ ကျော်ရှိရာမှ လက်ရှိမှာ ကျပ်ငွေ (၈,၀၀၀) ကျော်အထိ မြင့်တက်သွားသောကြောင့် အခြေခံအလုပ်သမားများသည် ပြည်ပနိုင်ငံခြားသို့ ထွက်ခွာပြီး အလုပ်ရှာဖွေရသည်။

Leave a Comments

- Advertisement -spot_img

Latest article