တရုတ်ပြည်တွင်း အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများ လုပ်အားခ လျှော့ချခံရ

တရုတ်ပြည် ရွှေလီမြို့ နှင့် မန်စီမြို့အတွင်း သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများသည် လုပ်အားခ လျှော့ချခံနေရကြောင်း စုံစမ်းသိရသည်။

မြန်မာလုပ်သားများသည် ယခင်က လုပ်အားခ တစ်လကို တရုတ်ယွမ်ငွေ ၂,၅၀၀ ကျော် (မြန်မာကျပ်ငွေ ၁၁ သိန်းကျော်) ရရှိခဲ့ရာ လက်ရှိတွင် လုပ်အားခ တစ်လကို ယွမ်ငွေ ၁,၈၀၀ အထိ လျှော့ချခံနေရကြောင်း ရွှေလီမြို့ရှိ မြန်မာလုပ်သား အမျိုသား တစ်ဦးက ပြောသည်။

“အရင်တုန်းက ကျနော်တို့ ကုမ္ပဏီမှာ တစ်ယောက်ကို ယွမ် ၂၅၀၀ ရတယ်။ အခု အလုပ်သမားတွေ များလာတော့ ကျနော်တို့ လစာတွေ လျှော့ခံရတယ်။ အခုဝင်လာတဲ့ အလုပ်သမားတွေက အလုပ်မရှိတော့ အလုပ်ရှာကြတယ်။ ပိုက်ဆံ ဘယ်လောက်ရရ လုပ်တယ်။ တချို့တွေကတောင် ယွမ် (၁၀၀၀)၊ (၂၀၀၀) ပေးပြီး အလုပ်ခန့်ဖို့ ပူဆာတော့ သူဌေးတွေက နဂိုမူလရှိတဲ့ အလုပ်သမား လုပ်အားခကို လျှော့ပြီးပေးလိုက်တယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်မှစ၍ မြန်မာ – တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပြီး နှစ်နိုင်ငံ ဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ပြုလုပ်ပေးကြရာ လူဦးရေ ထောင် နှင့် ချီရှိသည့် အနယ်နယ် အရပ်ရပ်မှ မြန်မာလုပ်သားများသည် ကတ်လုပ်ရန်အတွက် အလုအယက် တန်းစီ စောင့်နေကြကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ တစ်ခါသုံးကတ် TBP ကို ကိုင်ဆောင်ပြီး တရုတ်ပြည်အတွင်း သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သား များပြားလာသည်နှင့်အမျှ အလုပ်အကိုင် ရှားပါးမှု ကြုံတွေ့ရပြီး လုပ်အားခ ခေါင်းပုံ ဖြတ်ခံရကြောင်းလည်း မြန်မာလုပ်သားတစ်ဦး ကပြောသည်။

“အခုတော့ အလုပ်ထဲမှာ နည်းနည်းလေး မှားရင် အလုပ်ထုတ်ဖို့ ပြောတယ်။ မလုပ်ချင်ရင်ထွက် မင်းတို့နောက်မှာ အလုပ်လာလုပ်မယ့်သူတွေ အများကြီးရှိတယ်ဆိုပြီး သူဌေးကပြောတာ။ အရင်တုန်းကတော့ ကျနော်တို့ အလုပ် ထုတ်ဖို့မပြောနဲ့ အလုပ်မှားတာတောင် ဘာမှမပြောဘူး။ အလုပ်လုပ်မယ့် လူမရှိမှာကြောက်လို့ အလုပ်တောင် ပေးမထွက်ဘူး “ ဟု မြန်မာလုပ်သားတစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ရာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး တိုင်းတစ်ပါးသို့ ထွက်ခွာသွားပြီး အလုပ်လုပ်ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

တရုတ်ပြည် အလုပ်လုပ်ရန် မူဆယ်(လဝက) အသက်ပြင် မှောင်ခိုစျေးကွက်နှင့် လာဘ်စားမှု

0
မြန်မာနိုင်ငံ၏ စစ်ရေး ပဋိပက္ခနှင့် စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်မည့် လူငယ်များသည် နယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်ချက်များလာပြီး၊ ဌာနဆိုင်ရာအသီးသီးက အဆမတန် ငွေညှစ်မှုနှင့် ခေါင်းပုံဖြတ်မှုများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပအလုပ်အကိုင်ဖြင့်...