CATEGORY

သတင်း

ဖယ်ခုံမြို့ စစ်ကောင်စီဖမ်းဆီးထားသည့် ဒေသခံ (၆)ဦးထဲမှ (၃)ဦး ပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံ (၆)ဦးကို စစ်ကောင်စီက နိုဝင်ဘာ (၈) ရက်နေ့တွင် ဖမ်းဆီးသွားပြီးနောက် ထိုထဲမှ ဒေသခံ (၃)ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဒေသခံ (၆)ဦးထဲမှ လက်ရှိ (၃)ဦးသည် ဖယ်ခုံရဲစခန်းတွင် ရှိနေပြီး ကျန်ရှိသည့်...

ပညာရေးအလင်းတန်းပျောက်နေဆဲ လက်ရှိသျှမ်းပြည်

ကိုဗစ်ရောဂါ နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်နီးပါးကြာအောင်ပိတ်ထားတဲ့ အစိုးရစာသင်ကျောင်း ဟာ နို၀င်ဘာလ ၁ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ် မှာ ၂၆ မြို့နယ်က ကျောင်းဖွင့်ခွင့်မရသေးပါဘူး။ ဒီအခြေအနေအပေါ် ကျောင်းသားမိဘတွေ၊ ကျောင်းသူ ကျောင်းသားတွေ ဆရာ ဆရာမ...

၂ လ နီးပါး ရောက်ရှိနေသည့် စစ်ရှောင် နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း နှစ်လနီးပါး ရောက်ရှိနေသည့် စစ်ဘေးရှောင်များ နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုအတွင်း ကုန်းလျန်းကျေးရွာက ဒေသခံများသည် ကျေးရွာအတွင်း စစ်ရေးတင်းမာမှုရှိနေသောကြောင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ရှောင်များက ပြောဆိုသည်။ “စစ်ရှောင်တွေ (၃၀၀)လောက် ကျန်သေးတယ်။ အများစုက ထော်လဂျီ (လေးလုံးထိုး)ပေါ် နေကြတယ်။ တချို့လဲ...

၄ လခန့်ကြာ ပိတ်ထားတဲ့ နောင်ချိုစျေး ခုရက်ပိုင်း ပြန်ဖွင့်မည်

သျှမ်းမြောက် နောင်ချိုမြို့နယ်အတွင်းရှိ စျေးများ လာမည့် ဒီဇင်ဘာလ (၃)ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းသိရသည်။ ၄လ ကြာပိတ်ထားသည့် နောင်ချို့မြို့နယ် အတွင်းရှိ စျေးများ ပြန်ဖွင့်မှာ ဖြစ်ပြီး၊ ပြန်ဖွင့်ချိန်တွင် လာရောက်ရောင်းချမည့် စျေးသည်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းအတိုင်းသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ “စျေးရောင်းမယ့်သူတွေက ကိုဗစ်...

တောင်ကြီးမြို့အဝင်၊ အထွက်နေရာ စစ်ကောင်စီ လုံခြုံရေး တင်းကြပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အဝင်၊ အထွက်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ လုံခြုံရေး တင်းကြပ်မှုသည် တောင်ကြီးမြို့သို့ ဝင်ရန်အတွက် ဟိုပုံးတိုးဂိတ်မှာ တစ်နေရာ၊ တောင်ကြီး (၄)မိုင်မှာ တစ်နေရာနှင့် ရှမ်းကွင်းသို့ သွားမည့် သူများလည်း ရှမ်းကွင်းအဝင်မှာ တစ်နေရာ စစ်ဆေးခြင်းများ ပြုလုပ်နေသည်။ “တောင်ကြီးမြို့ပေါ် ရောက်ဖို့...

ပင်လောင်းမြို့ ကျောင်းပြန်ဖွင့်မည့်ကို ဒေသခံတချို့ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံက ကျောင်းပြန်ဖွင့်ရန် ပြင်ဆင်နေသောကြောင့် ဒေသခံ ပရဟိတအဖွဲ့တချို့ စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့တွင် ယနေ့ (နိုဝင်ဘာ ၃၀)တွင် ကျောင်းပြန်ဖွင့်ရန်အတွက် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ထမ်းများက ကျောင်းသို့ သွားရောက်ဆွေနွေးလျက်ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ “ပင်လောင်းမှာ ပြန်ဖွင့်တော့မယ်။ ဒီနေ့ ဆရာမတွေတောင်...

ကျိုင်းတုံ လေကြောင်းလိုင်း ပြန်ပြေးဆွဲမည်

သျှမ်းပြည် အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တွင် လာမည့် ဒီဇင်ဘာလ ၂ ရက်မှ စတင်ကာ လေကြောင်းလှိုင်းများ ပြန်လည် ပြေးဆွဲမည် ဖြစ်ပြီး လိုက်ပါစီးနှင်းမည့် ခရီးသည်များ ကိုဗစ် - ၁၉ စစ်ရမည်ဖြစ်ကြောင်း သိရသည်။ “ဟုတ်ပါတယ်၊ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ လေယာဥ်တွေ...

မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ စစ်ဆေးရေးဂိတ် (၂)နေရာရှိ ခရီးသွားလာ ကြန့်ကြာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့များရဲ့ စစ်ဆေးရေးဂိတ် (၂)နေရာခန့် ရှိနေသဖြင့် ခရီးသွားပြည်သူများ အသွားအလာ ကြန့်ကြာမှုကြုံနေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်မှာ လွိုင်လင် - လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပန်ကေတုကျေးရွာနှင့် တုံလောကျေးရွာ သွားသည့်လမ်းတွင် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ SSPP စောင့်နေသည့်ဂိတ်နှင့် ပန်ကေတုကျေးရွာမှာ စစ်ကောင်စီတပ်...

ကျောက်မဲမြို့နယ် သွားလာနေသည့်ကားများကို အမည်မသိလူ(၂)ဦးမှ ကျောက်ခဲဖြင့် ပစ်ပေါက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာ အနီးတွင် အမည်မသိသည့် လူငယ် (၂)ဦးမှ လမ်းသွား လမ်းလာ ကားများကို ကျောက်ခဲဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင် အချိန်တွင် ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီးတွင် အမည်မသိ...

သျှမ်းပြည် အတွင်း စစ်ကောင်စီက ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေ

သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၁၄)မြို့နယ်မှ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စီစဉ်နေလျက်ရှိကြောင်း သိရှိရသည်။ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၄ ခုမှ ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေခြင်းသည် မသင့်သော်ကြောင်း၊ ကိုဗစ် ၁၉ ရောဂါလည်း ပပျောက်မှုမရှိသေးကြောင်း သျှမ်းပြည်တောင်ပိုင်း ပရဟိတ...

Latest news