သျှမ်းပြည် အတွင်း စစ်ကောင်စီက ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေ

သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၁၄)မြို့နယ်မှ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စီစဉ်နေလျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၄ ခုမှ ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေခြင်းသည် မသင့်သော်ကြောင်း၊ ကိုဗစ် ၁၉ ရောဂါလည်း ပပျောက်မှုမရှိသေးကြောင်း သျှမ်းပြည်တောင်ပိုင်း ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကိုဗစ် က အကုန်ပျောက်သွားပြီ မဟုတ်ဘူး။ ကျန်ရှိနေသေးတယ်။ ပြန်ဖွင့်တာတော့ မကောင်းသေးဘူး။ ကျဆင်းလာတယ်ဆိုပေမဲ့ မတွေ့တော့တာ မဟုတ်ဘူး။ ၁ ယောက်စ ၂ ယောက်စ တွေ့နေသေးတယ်။ ကျောင်းပြန်ဖွင့်ရင် ပိုကူးစက်လာနိုင်တယ်” ဟု သျှမ်းပြည်အတွင်းမှ ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထို့အပြင် ကျောင်းပြန်ဖွင့်ခြင်းသည် ကိုဗစ် ၁၉ ပိုးကူးစက်မှုကို ပိုတွေ့လာစေနိုင်ကြောင်း၊ ကျောင်းသားများအနေဖြင့်လည်း စာနဲ့ဝေးသွားနိုင်ကြောင်း အထက်ပါလူက ပြောသည်။

“ကျောင်းပြန်ဖွင့်ရင်တော့ ကိုဗစ်တွေ ပိုတွေ့လာနိုင်တာပေါ့။ တချို့ ကလေးတွေ အတွက်လည်း ပညာရေးက နောက်ကျလာပြီလေ။ ကျနော်တို့ မဖွင့်စေချင်ပေမဲ့ ကလေးတွေအတွက်လည်း ကြည့်ရအုံးမယ်လေ” ဟု အထက်ပါလူက ပြောသည်။

ကျောင်းပြန်ဖွင့်ခိုင်းသော်လည်း စစ်ကောင်စီ လက်အောက်တွင် ကျောင်းပြန်မတက်နိုင်ကြောင်း လဲချားမြို့ အထက်တန်းကျောင်းသားတစ်ဦးက ပြောသည်။

“ပြန်ဖွင့်လည်း ကျနော်တို့ သူငယ်ချင်းအဖွဲ့တွေတော့ မတက်ဘူး။ စစ်ကောင်စီလက်အောက်တော့ အသက်ကြီးလည်း နေပါစေ။ ကျနော်တို့တော့ ကျောင်းပြန်မတက်နိုင်ဘူး” ဟု လဲချားမြို့ အထက်တန်းကျောင်းသားတစ်ဦးက ပြောသည်။

အဆိုပါ ပြန်ဖွင့်မည့် ကျောင်းများမှာ သျှမ်းမြောက်တွင် (၇) မြို့နယ်၊ သျှမ်းတောင်တွင် (၅) မြို့နယ်နှင့် သျှမ်းရှေ့တွင် ၂ မြို့နယ်တို့ကို ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုမြို့နယ်များမှာ ဟိုပုံမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ လဲချားမြို့နယ်၊ နမ့်စန်မြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ နောင်ချိုုမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မဘိမ်းမြို့နယ်၊ လားရှိုးမြို့နယ်၊ သီန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းဆရာ/မများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှားမှုလည်း များစွာရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...