ကျောက်မဲမြို့နယ် သွားလာနေသည့်ကားများကို အမည်မသိလူ(၂)ဦးမှ ကျောက်ခဲဖြင့် ပစ်ပေါက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာ အနီးတွင် အမည်မသိသည့် လူငယ် (၂)ဦးမှ လမ်းသွား လမ်းလာ ကားများကို ကျောက်ခဲဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင် အချိန်တွင် ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီးတွင် အမည်မသိ လူငယ်(၂)ဦးမှ မန္တလေး – လားရှိုး ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် သွားလာနေသည့် ကား/ယာဥ်များကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် ကား ၈ စီးခန့် မှန် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

“မနေ့က ည ၁၀ နာရီ ဝန်းကျင်ကနေ စပြီးတော့ ဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက်က လမ်းမကြီးက ကားတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တယ်တဲ့၊ ကားသမားတွေက သူတို့နောက်ကိုလိုက်တော့ ကျနော်တို့ ရွာ (ဗူးခါးကျေးရွာ) ဘက် ကွေ့ဝင်လာတာ၊ ကျိန်ဆဲနေတာလည်း ကြားတယ်ဆိုပဲ” ဟု ဗူးခါးကျေးရွာမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကားများကို ကျောက်ခဲဖြင့် ပစ်ပေါက်သည့် လူငယ်နှစ်ဦးသည် ဦးထုပ်များဆောင်းထားပြီး ကားသမားများ နောက်မှလိုက်သောအခါ ကားလမ်းမကြီးမှ ဗူးခါးကျေးရွာသို့ ဝင်သည့် လမ်းအတိုင်း မောင်းဝင်သွားသဖြင့် ကားသမား များက ဗူးခါးရွာသားထင်ပြီး ရွာထဲသို့ လာရောက်မေးမြန်းသွားကြောင်း သိရသည်။

ခဲ

“သူတို့ကို ပစ်တာက ကားလမ်းမကြီးမှာပါ၊ ဒါပေမယ့် ပစ်ပြီး ကျနော်တို့ရွာဘက်ကို မောင်းပြေးလာတော့ ကျနော်တို့ ရွာသားဖြစ်မယ်ထင်ပြီးတော့ လာရှာတာ၊ သူတို့လည်း ဒေါသထွက်နေချိန် ဆိုတော့ တော်တော်နဲ့ ရှင်းမရဘူး၊ လာလုပ် တဲ့ လူငယ်တွေက ဗမာလိုလည်း ကျိန်ဆဲသွားတယ်တဲ့၊ ဒါပေမယ့် ကျနော်တို့ရွာမှာ ဗမာလူငယ် မရှိသလောက်ပဲ၊ ပြီး တော့ ည ၇ နာရီကျော်တာနဲ့ အရေးမကြီးရင် ဘယ်သူမှ အပြင်မထွက်ဖို့ ကျနော်တို့ရွာက စည်းကမ်းထုတ်ထားတယ်” ဟု ဗူးခါးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကျောက်ခဲများဖြင့် အပစ်ခံရသည့် ကားများသည် ၈ စီးရှိပြီး ရှေ့မှန်များနှင့် နောက်ကြည့်မှန်များ ကွဲအက် ပျက်စီးခဲ့ရကြောင်း သိရသည်။

“ဘယ်သူ ဘယ်ဝါလုပ်မှန်းတော့ မသိရဘူး၊ ကားသမားတွေတော့ တော်တော်ကို နစ်နာပါတယ်၊ ပျက်စီးသွားတာ တွေအတွက် ကုန်ကျမယ့်စရိတ်လည်း နည်းတာမဟုတ်ဘူး၊ အဲ့ကြောင့် ကိုယ်ချင်းစာမိပါတယ်၊ ဒီလို ဖြစ်စဥ်မျိုးလည်း ထပ်မဖြစ်စေချင်ဘူး” ဟု လည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဗူးခါးကျေးရွာသည် ကျောက်မဲမြို့နယ်နှင့် ၅ မိုင်ကျော်သာ ကွာဝေးပြီး လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိပက္ခနှင့် ကိုဗစ် – ၁၉ ကြောင့် ည ၇ နာရီ နောက်ပိုင်း ရွာသူ/ရွာသားများ အပြင်မထွက်ကြရန်လည်း စည်းကမ်းထုတ်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...