ပင်လုံမြို့ မီတာခမဆောင်သည့် နေအိမ် မီးဖြတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် မီတာခ မဆောင်သော အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက နေအိမ်ထိ မီးလာဖြတ်ကြောင်း စုံစမ်းသိရှိရသည်။ နေအိမ်အထိ လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အပြင် ကျန်ရှိနေသည့် မီတာခ အားလုံးကို တချိန်တည်း လာပေးသွင်းခိုင်းကြောင်း ပင်လုံမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “မနေ့က နေ့လည် မီးပျက်တော့ သတိမထားမိဘူး။...
တိုက်ပွဲကြားက ပေါက်ဖွားလာတဲ့ “ဝမ်တင်းလီ” ကျေးရွာ
မြေနီလမ်း ဘေးမှာ ဝါးကပ်တွေနဲ့ တည်ဆောက်ထားပြီး တချို့အိမ်က သက်ကယ်မိုး၊ တချို့အိမ်က သွပ်ပြားနဲ့မိုးထားတဲ့ အိမ်သစ်တွေ အစီအရီ နေရာယူထားပါတယ်။ အဲဒီအိမ်တွေက ရွာတန်းရှည်ပုံစံနဲ့ နေရာ ယူထားပြီး ရွာပတ်ဝန်းကျင်က လှပ တိတ်ဆိတ် နေပါတယ်။ အဲဒီ ကျေးရွာလေးကတော့ လဲချားမြို့နယ် လဲချား-မိုင်းနောင် ကားလမ်းပေါ်မှာ တည်ရှိတဲ့...
ညောင်ရွှေ ဟဲယာရွာမ မီတာခ မဆောင်လို့ မီးဖြတ်ခံရ၊ သူခိုးများသောင်းကျန်း
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင် မီးဖြတ်ခံရပြီးနောက် ကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။ “မီတာခ မဆောင်လို့ မီးဖြတ်တာပေါ့ဗျာ၊ မီးဖြတ်လိုက်တော့ တစ်ရွာလုံးက မှောင်မှောင်မဲမဲတွေ ဖြစ်ကုန်တာပေါ့၊ ဒါကို အခွင့်ကောင်းယူပြီး သူခိုးတွေက သောင်းကျန်းနေတာဗျာ၊ အခုနောက်ပိုင်း ရွာမှာ ပစ္စည်းပျောက်တာတွေက ညတိုင်း...
ဟိုပုံးမြို့ CDM ကျောင်းပညာရေးဝန်ထမ်းနေရာ နယ်ဝေးမှ လာရောက်အစားထိုး
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ တွင် CDM လုပ်ဆောင်ထားသည့် ကျောင်းပညာရေးဝန်ထမ်း နေရာများကို နယ်ဝေးမှ အစားထိုး ဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ဟိုပုံးမြို့ရှိ အ.မ.က (၆)နှင့် မူလွန်ကျောင်းမှ CDM ကျောင်းပညာရေးဝန်ထမ်းနေရာကို အစားထိုးဝင်လာလျက်ရှိကြောင်း ဟိုပုံးမြို့ CDM ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ အဝေးကနေလာကြတာဖြစ်တယ်။...
သိန္နီ PDF များ ဖမ်းဆီးခံရဟုဆို
SHAN -
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် သန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( သိန္နီ PDF ) အဖွဲ့သားတချို့တို့သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး မည်သည့်နေရာသို့ ခေါ်ဆောင်ထားခြင်းကို မသိရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လက်ရှိမှာ ကျနော်တို့ ရဲဘော် ၂ ဦးက ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံနေရပါတယ်၊ ဘယ်နေရာကို ဖမ်းခေါ်ထားလဲ...
တောင်ကြီးမြို့ Ocean ကုန်တိုက်အနီး ဗုံးပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ
SHAN -
သျှမ်းပြည် မြို့တောင် တောင်ကြီးမြို့ Ocean ကုန်တိုက်အနီးတွင် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦး ရှိကြောင်း သတင်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂ ရက်) မွန်းလွဲပိုင်း ၂ နာရီခွဲကျော်တွင် တောင်ကြီး Ocean ကုန်တိုက် အနီးရှိ Asia...
လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ် ဒေသခံများ ထွက်ပြေးနေရ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများသည် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် အီနိုင်းကျေးရွာအတွင်း တပ်စွဲ စခန်းချနေသည့် စစ်ကောင်စီတပ်စခန်းကို ကိုးကန့် တပ်မတော် MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း...
ဖယ်ခုံ အမျိုးသမီးတစ်ဦး ပြောင်းသွားချိုးရင်း မြေမြုပ်မိုင်းနင်းမိ ဒဏ်ရာပြင်းထန်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ အေလာကွင်းအနီး ယနေ့ (ဒီဇင်ဘာ ၂ ရက်) မနက် ၉ နာရီဝန်းကျင်က ပြောင်းအငှားလိုက်သွားချိုးသည့် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ “ဒီနေ့ မနက်လောက်ဖြစ်မယ်။ ပြောင်းဖူးခင်းမှာ မြေမြှုပ်မိုင်း နင်းမိတာ။ ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ပြောတယ်။ အတိကျတော့ မသိရသေးဘူး။ အခုတော့...
ဟွေခါးကျေးရွာ ဧည့်စာရင်းတိုင်ကြားခ တစ်သောင်းကျပ်ပေးဆောင်ရ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဟွေခါးကျေးရွာတွင် ဧည့်စာရင်း တိုင်ကြားမှုအတွက် တစ်ကြိမ်လျှင် ငွေကျပ် တစ်သောင်း (၁၀၀၀၀) ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ “ငွေတစ်သောင်းက နည်းတဲ့ ပမာဏ မဟုတ်ဘူး၊ အိမ်တစ်အိမ်မှာ ဧည့်သည် ၃ ယောက်ရှိရင်လည်း ၃၀၀၀၀ ပေး ရပြီလေ၊ အဲ့ပမာဏက တစ်ပတ်လုံးစာ စားသောက်နိုင်တဲ့...
သီပေါမြို့ ဈေးဝယ်လာသည့် အမျိုးသား တစ်ဦး ပစ်သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြို့မဈေးတွင် ဈေးလာဝယ်သည့် လင်မယား နှစ်ယောက် ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဒီဇင်ဘာ ၂) နေ့လည် ၁၂ နာရီ ဝန်းကျင်က တာလုံကျေးရွာမှ ဈေးလာဝယ်သူ အမျိုးသားက ဈေးအတွင်းမှာ ပစ်ခတ်ခံရကြောင်း သိရသည်။ “ဈေးထဲ ပစ်ခံရတာပါ။ ဘယ်သူဘယ်ဝါလည်းတော့...





