ဟွေခါးကျေးရွာ ဧည့်စာရင်းတိုင်ကြားခ တစ်သောင်းကျပ်ပေးဆောင်ရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဟွေခါးကျေးရွာတွင် ဧည့်စာရင်း တိုင်ကြားမှုအတွက် တစ်ကြိမ်လျှင် ငွေကျပ် တစ်သောင်း (၁၀၀၀၀) ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။

“ငွေတစ်သောင်းက နည်းတဲ့ ပမာဏ မဟုတ်ဘူး၊ အိမ်တစ်အိမ်မှာ ဧည့်သည် ၃ ယောက်ရှိရင်လည်း ၃၀၀၀၀ ပေး ရပြီလေ၊ အဲ့ပမာဏက တစ်ပတ်လုံးစာ စားသောက်နိုင်တဲ့ ပိုက်ဆံဖြစ်တယ်၊ တောင်းတာ များလွန်းတယ်” ဟု ဟွေခါးကျေးရွာမှ အမျိုးသားလူငယ်တစ်ဦးက ပြောသည်။

ဟွေခါးကျေးရွာသည် အာခါတိုင်းရင်းသားလူမျိုးများ အများစုနေထိုင်သည့် ကျေးရွာဖြစ်ပြီး လက်လုပ်လက်စား ဘဝသမားများနှင့် ယာခြံအလုပ်ကိုသာ အသက်မွေးဝမ်းကြောင်း ပြုကြသဖြင့် ဧည့်စာရင်းအတွက် ကျေးရွာ အုပ်ချုပ်ရေးမှုးမှ ငွေကြေးတောင်းခံမှုသည် အင်မတန်များပြားကြောင်း ဒေသခံများက ပြောသည်။

“အရင်တုန်းက ဒီလောက်မများဘူး၊ စစ်ကောင်စီက အသစ်ပြန်ခန့်လိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီလို ကောက်တာ၊ အရမ်းများလွန်းပါတယ်၊ ပြီးတော့ ရွာဝင်ကြေးဆိုလည်း သုံးသောင်းကနေ ငါးသောင်းအထိ တောင်းတာ၊ ဒါမျိုးက ကျနော်တို့ရွာမှာ မရှိဖူးဘူး” ဟု ဟွေခါးကျေးရွာမှ အာခါတိုင်းတိုင်းရင်းသား တစ်ဦးက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာမသိမ်းခင်နှင့် စစ်ကောင်စီခန့်အပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှုး မရှိခင်ကာလတွင် ဧည့်စာရင်းတိုင်ကြားခအတွက် ၂၀၀ မှ ၅၀၀ ထိသာ ပေးဆောင်ရပြီး ရွာဝင်ကျေးအတွက်လည်း ရိုးရာအစဥ် အလာအရ ကောက်ခံခြင်းဖြစ်သော်လည်း ယခုလို များပြားသည့် ငွေပမာဏ တောင်းခံခြင်း မရှိခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...