တိုက်ပွဲကြားက ပေါက်ဖွားလာတဲ့ “ဝမ်တင်းလီ” ကျေးရွာ

မြေနီလမ်း ဘေးမှာ ဝါးကပ်တွေနဲ့ တည်ဆောက်ထားပြီး တချို့အိမ်က သက်ကယ်မိုး၊ တချို့အိမ်က သွပ်ပြားနဲ့မိုးထားတဲ့ အိမ်သစ်တွေ အစီအရီ နေရာယူထားပါတယ်။ အဲဒီအိမ်တွေက ရွာတန်းရှည်ပုံစံနဲ့ နေရာ ယူထားပြီး ရွာပတ်ဝန်းကျင်က လှပ တိတ်ဆိတ် နေပါတယ်။

Photo by Thiha Ohnmyint/ Facebook

အဲဒီ ကျေးရွာလေးကတော့ လဲချားမြို့နယ် လဲချား-မိုင်းနောင် ကားလမ်းပေါ်မှာ တည်ရှိတဲ့ ဝမ်တင်းလီကျေးရွာ သစ်လေး ပါပဲ။

အဲဒီရွာကို ရုတ်တရက်ကြည့်လိုက်ရင်တော့ နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ ကျေးရွာ တစ်ရွာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။

ဇွန်လဆန်းပိုင်း က ဖြစ်ပွားတဲ့ ကျေးသီးမြို့နယ်ရှိ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဇူလိုင် (၁၁) ရက်နောက်ပိုင်း နားတွန်ကျေးရွာ၊ ကုန်းပိုက်ကျေးရွာ၊ ကုန်းကန်ကျေးရွာရှိ ဒေသခံတစ်ချို့ ဝမ်တင်းလီရွာသို့ လာရောက်ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

ဒါကြောင့် ဒီရွာလေးဟာ သျှမ်းလက်နက်ကိုင် တိုက်ပွဲကြား ပေါက်ဖွားလာတဲ့ကျေးရွာလို့ ပြောရင်လည်း မမှားပါဘူး။

ရွာအဝင် နေရာမှာ “ဝမ်တင်းလီ” မှ ကြိုဆိုပါ၏ ဆိုပြီး သျှမ်းဘာသာဖြင့် သစ်သားပေါ်ရေးထွင်းထားပါတယ်။

Photo by Thiha Ohnmyint/ Facebook

ရွာဝင်ဝင်ချင်း ထိပ်မှာတော့ ဆောက်လက်စ စာသင်ကျောင်းဆောင်နဲ့ UNHCR မှ လှူထားတဲ့ မိုးကာတဲကြီးကို မြင်တွေ့ရမှာပါ။

အဲ့မိုးကာတဲကြီးထဲမှာတော့ ကလေးတွေ ဗဟုသုတ တိုးပွားလာစေရန်အတွက် စာကြည့်တိုက် အဖြစ် တည်ဆောက်ထားပါတယ်။

ဆောက်လုပ်လို့ မပြီးသေးတဲ့ စာသင်ကျောင်းဆောင်နဲ့ (UNHCR) မှလှူထားတဲ့ မိုးကာတဲကြီးကို ကလေးတွေရဲ့ ဗဟုသုတတိုးပွားလာစေဖို့အတွက် စာကြည့်တိုက် ပြုလုပ်ထားပါတယ်။

Photo by Thiha Ohnmyint/ Facebook

အဲ့ရွာမှာ စာသင်ပေးတဲ့ ကျောင်းဆရာ (၄)ဦးသာရှိပြီး၊ ကျောင်းသား (၆၅)ဦးရှိကာ အဓိကအနေနဲ့ သျှမ်းတိုင်းရင်းသားစာပေ၊ သင်္ချာဘာသာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ အထွေထွေဗဟုသုတနဲ့ ကွန်ပျူတာတွေကို သင်ကြားပေးနေပါတယ်။

“မူလတန်းတွေကိုတော့ သျှမ်းစာသင်ပေးပြီး အလယ်တန်းတွေကိုတော့ သျှမ်းစာ၊ သင်္ချာ၊ အင်္ဂလိပ်၊ အကြီးတန်းတွေတော့ သျှမ်းစာထဲက သျှမ်းသမိုင်းကြောင်းတွေ၊ ကမ္ဘာ့သမိုင်းကြောင်းတွေပါမယ်၊ အင်္ဂလိပ်စာ (4 Skills) နဲ့ ကွန်ပျူတာပါ သင်ပေးတယ်။ အတန်းပညာကတော့ သျှမ်းစာနဲ့ သတ်မှတ်တယ်” လို့ ကလေးငယ်တွေကို စာသင်ပေးနေတဲ့ ဆရာတစ်ဦးက ပြောပါတယ်။

Photo by Thiha Ohnmyint/ Facebook

အစပိုင်းမှာတော့ စစ်ရှောင်နေရာအဖြစ် ခဏသာ ပြုလုပ်ပေးခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား ဒီနေ့အချိန်ထိ စစ်ရေးတင်းမာနေတဲ့အတွက် ကလေးတွေပညာရေးမပျက်အောင် ရွာသစ်ကို တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း ရွာသစ်တည်ထောင်ရာတွင် ဦးဆောင်ခဲ့တဲ့ သျှမ်းအမျိုးသားတစ်ဦးက ပြောပါတယ်။

“အစကတော့ စစ်ဘေးခနတိမ်းရှောင်လာတာပဲ။ ဒါပေမယ့် ဒီချိန်ထိ အခြေနေက မကောင်းသေးဘူး။ ထွက်ပြေးလာတဲ့ထဲမှာ ကျောင်းသား တွေလည်းပါတယ်။ ပညာရေးပိုင်းမှာ မပျက်အောင် ရွာသစ်တစ်ခု တည်ထောင်မယ်လို့ ရည်ရွယ်ထားတယ်” လို့ ၎င်းက ဆိုပါတယ်။

ဝမ်တင်းလီကျေးရွာသစ်မှာတော့ အိမ်ထောင်စု စုစုပေါင်း (၆၅)စုရှိပြီး အိမ်ထောင်စု တစ်စုမှာ ပေ(၈၀ x ၁၀၀) မြေကွက်ပေးထားပါတယ်။ အိမ်ရှေ့ ခြံစည်းရိုးကိုယ်စီခတ်ထားပြီး ခြံရှေ့မှာ ၁ ပေ အနက်၊ ၁ ပေ အကျယ် ရေမြောင်းလည်း တူးထားပါတယ်။

Photo by Thiha Ohnmyint/ Facebook

“တစ်ရွာလုံး သောက်သုံးရေ ရရှိဖို့ အဝီစိရေတွင်း တူးပေးတယ်။ ရေတိုင်ကီ တည်ဆောက်ထားပေးတယ်။ မီးကတော့ ဆိုလာမီးကို အသုံးပြုတယ်” လို့ ကျေးရွာတည်ဆောက်ရာတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။

ယခုအချိန်မှာတော့ စားသောက်ရေးပိုင်းကို ရပ်နီး၊ ရပ်ဝေးက အလူရှင်တွေ ၊ လဲချားမြို့ပေါ် ဒေသခံတွေ NGO အဖွဲ့အစည်းဖြစ်တဲ့ UNHCR ၊ ICRC တွေ လာရောက်လှူဒါန်ထောက်ပံ့ပေးနေပြီး လက်ရှိချိန်ထိတော့ စားနပ်ရိက္ခာတွေကတော့ ဖူလုံကြပါတယ်။

ဒါ့ပေမယ့် ရွာသစ် ရေရှည်ရပ်တည်နိုင်ဖို့အတွက် တောင်ယာစပါးတွေ၊ ပြောင်းတွေ၊ မြေပဲတွေ စိုက်ပျိုးထားဖို့ စီစဉ်နေပြီဖြစ်ကြောင်း ကျေးရွာတာဝန်ခံ တစ်ဦးက ပြောပါတယ်။

“ရေရှည်အတွက်တော့ ကျနော်တို့ စိုက်ပျိုးဖို့ စီစဉ်ထားတယ်။ နောက်နှစ်မှာ ကိုယ့်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားနေတယ်။ တောင်ယာစိုက်ပျိုးခွင့်ရဖို့အတွက် ကျေးရွာ က ရပ်ရွာလူကြီးတွေနဲ့ တိုင်ပင်တောင်းဆို ထားပါတယ်” လို့ တာဝန်ခံ တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ကျေးရွာအတွင်းမှာတော့ ကြက်၊ ဝက်မွေးမြူတာတွေမပြုလုပ်ရသလို မူးယစ်၊ အရက်သေစာတွေလည်း မသောက်စားရကြောင်း ကျေးရွာစည်းကမ်းအနေနဲ့ ထုတ်ထားပါတယ်။

နောက်ပြီး မတူညီတဲ့ ကျေးရွာတွေကနေ စစ်ရှောင်ရင်း မတူညီတဲ့ ဒေသ ကနေ လာရောက်စုဝေး နေထိုင်တဲ့ အတွက် ရွာသားအချင်းချင်း ပြောဆိုရန်ဖြစ်တာတွေ မပြုလုပ်ရ၊ တစ်ရွာတည်းသားလို အချင်းချင်း ရိုင်းပင်းကူညီတတ်ဖို့ စည်းကမ်း သတ်မှတ်ထား ပါတယ်။

Photo by Thiha Ohnmyint/ Facebook

“ဒီမှာက စိတ်လုံခြုံမှုရှိတယ်။ ဘာမှ မကြောက်ရဘူး။ နောက် အစစအရာရာ အဆင်ပြေတယ်။ ကလေးတွေ အတွက်လည်း ကောင်းကောင်းစာသင်ရတော့ စိတ်ချမ်းသာတယ်” လို့ ဝမ်တင်းလီရွာမှာ လာရောက်နေထိုင်တဲ့ အသက် (၄၀)ကျော် အမျိုးသမီးက ပြောပါတယ်။

ဘဝသစ်တည်ဆောက်ဖို့ အတွက် ရှိခဲ့ဖူးတဲ့ တောင်ယာတွေ ကို စွန့်ပြီး ရွာသစ်ကို လာရောက်နေခဲ့ကြပေမယ့် တခါတလေမှာတော့ မွေးဖွားရာ ဇာတိမြေ ကိုတော့ သတိရနေဆဲပါ။

“ စစ်ရေးပဲဖြစ်လို့ တာ ပြောင်းလာရတာ။ အဲ့နေရာမှာ ထပ်ဖြစ်မှာပဲကြောက်ရတယ်။ ဒါ့ကြောင့် ရွှေ့ပြောင်းလာရတာ။ လယ်ယာတွေကိုတော့ နှမြောပေမယ့် ဘယ်တတ်နိုင်မှာလဲ” လို့ ဝမ်တင်းလီကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးက ဆိုပါတယ်။

Photo by Thiha Ohnmyint/ Facebook

ဝမ်တင်းလီရွာမှာ လာရောက်နေထိုင်တဲ့ အသက်ကြီးပိုင်းတချို့ မိမိဇာတိမြေကို ပြန်ချင်ကြပေမယ့် သက်လတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေတော့ လက်ရှိ ကျေးရွာမှာ အခြေချနေထိုင်သွားပြီး ဘဝသစ်တည်ဆောက်သွားကြမှာ လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

“ နေရပ်ကတော့ ပြန်ချင်တာပေါ့။ ငယ်ကတည်းက နေတဲ့ရွာ၊ ဘယ်သူကမပြန်ချင်မှာလဲ။ ဒီမှာ က တော့ ဘဝသစ်ကို ပြန်တည်ရတာ အစစအရာရာ ပြန်စရတယ်လေ” နားတွန်ကျေးရွာမှ ပြောင်းလာတဲ့ အသက် (၅၀)ကျော် အမျိုးသားတစ်ဦးက ပြောပါတယ်။

နေရာသစ်လေးဟာ ကလေးငယ်တွေ အတွက် စိတ်ချရမယ့် နေရာဖြစ်တဲ့အတွက် “ကျမကတော့ ဒီမှာပဲဆက်နေသွားမယ်။ ရွာကို မပြန်တော့ဘူး။ ဒီမှာက အစစအရာရာ အဆင်ပြေတယ်။ ကလေးရှိသူတော့ ဒီမှာက စိတ်ချရတယ်” လို့ ဝမ်တင်းလီရွာမှာနေထိုင်တဲ့ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

သျှမ်းလက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြား စစ်ပဋိပက္ခကြား ပေါက်ဖွားလာတဲ့ ဝမ်တင်းလီ ရွာသစ်လေးဟာ တိတ်ဆိတ်အေးချမ်းနေကြပေမယ့် ရွာမှာရှိတဲ့ သျှမ်းလူထုတွေ ကလေးငယ်တွေရဲ့ စိတ်မှာတော့ ဒဏ်ရာဗရပွတွေနဲ့ စိတ်အေးချမ်းဖို့ ဆက်လက်ကုစားသွားရအုံးမှာပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...