Wednesday, January 28, 2026

ဖယ်ခုံ အမျိုးသမီးတစ်ဦး ပြောင်းသွားချိုးရင်း မြေမြုပ်မိုင်းနင်းမိ ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ အေလာကွင်းအနီး ယနေ့ (ဒီဇင်ဘာ ၂ ရက်) မနက် ၉ နာရီဝန်းကျင်က ပြောင်းအငှားလိုက်သွားချိုးသည့် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ခုံ

“ဒီနေ့ မနက်လောက်ဖြစ်မယ်။ ပြောင်းဖူးခင်းမှာ မြေမြှုပ်မိုင်း နင်းမိတာ။ ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ပြောတယ်။ အတိကျတော့ မသိရသေးဘူး။ အခုတော့ လွိုင်ကော် ဆေးရုံကိုခေါ်သွားလိုက်ပြီ” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ငြိမ်နေသောကြောင့် ဒေသခံများက ပြောင်းဖူးကို အလျင်အမြန်သွားရောက်ချိုးယူလျက်ရှိကြောင်း သိရသည်။

“တိုက်ပွဲက ငြိမ်နေတယ်။ အဲဒါနဲ့ ပြည်သူတွေလည်း ပြောင်းဖူးသွားချိုးကြတာ။ တချို့ကလည်း အငှားခေါ်ကြတာလေ။ လူအများကို တစ်ရက်ထဲနဲ့ ပြီးအောင် အငှားခေါ်ယူ သွားချိုးကြတာ။ အလုပ်အကိုင်မရှိတော့ လိုက်သွားတဲ့သူလည်းများပါတယ်။” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထို မိုင်းပေါက်ကွဲသည့် နေရာတွင် စစ်ကောင်စီ တပ်စခန်းနှင့် နီးစပ်ကြောင်း၊ မိုင်းပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားများ အများအပြာက လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

“အဲဒီနေရာကတော့ စစ်ကောင်စီတွေရဲ့ တပ်နဲ့ သိပ်မဝေးဘူး။ သူတို့ မိုင်းဘဲဖြစ်နိုင်တယ်။ မိုင်းပေါက်ကွဲပြီးတော့ လမ်းမှာ စစ်သားတွေအများကြီးဘဲ။ အခုချိန်ထိရှိသေးတယ်“ ဟု ဖယ်ခုံမြို့ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသမီးကို လွိုင်ကော်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူစစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာကိုစစ်ကော်မရှင်နှင့်ပအိုဝ်း ပြည်သူ့စစ် (PNO) တို့ စပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်နှင့် PNO တို့သည့်...

ဖယ်ခုံမြို့နယ် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲထပ်မံဖြစ်

0
သျှမ်းပြည်ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တို့ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် (အောက်တိုဘာ ၁၁ ရက်)တွင်လည်း စစ်ကော်မရှင်တပ်၊PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု၊ ဘောရန်ကျေးရွာအတွင်းသို့...

စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်ခင် ဖယ်ခုံမြို့နယ် ဒေသခံများနေရပ်ပြန်ခိုင်း

0
ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့သည့် ဒေသခံများကို စစ်ကော်မရှင် က ရွေးကောက်ပွဲ မတိုင်ခင် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီမှ ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တကြောကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ပင်လောင်းမြို့နယ် ၊ ညောင်ရွှေမြို့နယ် နှင့် ဆီဆိုင်မြို့နယ် အတွင်း...

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲကြား ကျေးရွာ ၁၃ ရွာမှ ပြည်သူ (၈၀၀၀) ကျော် ထွက်ပြေးနေရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေမှုကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ ထောင်နှင့်ချီသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇွန်လ ၂ ရက်) မှစ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံအရှေ့ခြမ်း ကျေးရွာများအထိ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့်...