Wednesday, January 28, 2026

လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ် ဒေသခံများ ထွက်ပြေးနေရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများသည် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် အီနိုင်းကျေးရွာအတွင်း တပ်စွဲ စခန်းချနေသည့် စစ်ကောင်စီတပ်စခန်းကို ကိုးကန့် တပ်မတော် MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗမာစစ်သား (စစ်ကောင်စီတပ်ဖွဲ့) တွေက ရွာထဲမှာ စခန်းချနေတာ သုံးလေးရက်ရှိနေပြီ၊ သူတို့လူက အယောက် ၂၀ ဝန်းကျင်လောက်ပဲရှိမယ်၊ ရွာလယ်မှာ စခန်းချပြီးနေနေတာ၊ မနေ့က ကိုးကန့်တပ်က လာဝိုင်းပြီး ပစ်ကြတာ ဆိုတော့ မနေရဲတော့ဘူးလေ၊ တချို့က လားရှိုးမြို့ပေါ်က အမျိုးအိမ်နဲ့ တချို့ကလည်း ဘုန်းကြီးကျောင်းမှာ သွားနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် နှစ်ဦးနှစ်ဖက်လုံးမှ လက်နက်ငယ်များဖြင့်ပစ်ခတ်မှုအပြင် စစ်ကောင်စီတပ်သားတို့ဘက်မှ လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများလည်းရှိကြောင်း လားရှိုးမြို့သို့ စစ်ဘေး ရှောင်ထွက်ပြေးလာရသည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ဆိုသည်။

“စစ်ကောင်စီတပ်သားတွေက ရွာလယ်မှာ စခန်းချနေတာ ဆိုတော့ လာဝိုင်းတဲ့ ကိုးကန့်တွေကလည်း ရွာထဲက အိမ်တွေဘက်ကနေပြီးတော့ ပစ်ကြတာ၊ ရွာထဲကို လက်နက်ကြီးလည်း ကျတယ်၊ ကျည်ဆန်မှန်တဲ့အိမ်လည်း ရှိတယ်၊ ကျနော်တို့က ညတွင်းချင်း ပစ္စည်းသိမ်းပြီး မြို့ပေါ်က အမျိုးအိမ်မှာ တက်လာတယ်” ဟု လားရှိုးမြို့ပေါ် စစ်ရှောင်ရောက်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီး ရွာထဲကျသည်အထိ ပြင်းထန်သည့် ပစ်ခတ်မှုတွေကြောင့် အီနိုင်းကျေးရွာခံ ပြည်သူများသည် နေအိမ် များကို စွန့်ခွာကာ လားရှိုးမြို့ပေါ်ရှိ အမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင် ရောက်ရှိနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း အီနိုင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများက စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...