လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ် ဒေသခံများ ထွက်ပြေးနေရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများသည် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် အီနိုင်းကျေးရွာအတွင်း တပ်စွဲ စခန်းချနေသည့် စစ်ကောင်စီတပ်စခန်းကို ကိုးကန့် တပ်မတော် MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗမာစစ်သား (စစ်ကောင်စီတပ်ဖွဲ့) တွေက ရွာထဲမှာ စခန်းချနေတာ သုံးလေးရက်ရှိနေပြီ၊ သူတို့လူက အယောက် ၂၀ ဝန်းကျင်လောက်ပဲရှိမယ်၊ ရွာလယ်မှာ စခန်းချပြီးနေနေတာ၊ မနေ့က ကိုးကန့်တပ်က လာဝိုင်းပြီး ပစ်ကြတာ ဆိုတော့ မနေရဲတော့ဘူးလေ၊ တချို့က လားရှိုးမြို့ပေါ်က အမျိုးအိမ်နဲ့ တချို့ကလည်း ဘုန်းကြီးကျောင်းမှာ သွားနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် နှစ်ဦးနှစ်ဖက်လုံးမှ လက်နက်ငယ်များဖြင့်ပစ်ခတ်မှုအပြင် စစ်ကောင်စီတပ်သားတို့ဘက်မှ လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများလည်းရှိကြောင်း လားရှိုးမြို့သို့ စစ်ဘေး ရှောင်ထွက်ပြေးလာရသည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ဆိုသည်။

“စစ်ကောင်စီတပ်သားတွေက ရွာလယ်မှာ စခန်းချနေတာ ဆိုတော့ လာဝိုင်းတဲ့ ကိုးကန့်တွေကလည်း ရွာထဲက အိမ်တွေဘက်ကနေပြီးတော့ ပစ်ကြတာ၊ ရွာထဲကို လက်နက်ကြီးလည်း ကျတယ်၊ ကျည်ဆန်မှန်တဲ့အိမ်လည်း ရှိတယ်၊ ကျနော်တို့က ညတွင်းချင်း ပစ္စည်းသိမ်းပြီး မြို့ပေါ်က အမျိုးအိမ်မှာ တက်လာတယ်” ဟု လားရှိုးမြို့ပေါ် စစ်ရှောင်ရောက်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီး ရွာထဲကျသည်အထိ ပြင်းထန်သည့် ပစ်ခတ်မှုတွေကြောင့် အီနိုင်းကျေးရွာခံ ပြည်သူများသည် နေအိမ် များကို စွန့်ခွာကာ လားရှိုးမြို့ပေါ်ရှိ အမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင် ရောက်ရှိနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း အီနိုင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများက စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...