Tuesday, April 23, 2024

သိန္နီ PDF များ ဖမ်းဆီးခံရဟုဆို

Must read

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် သန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( သိန္နီ PDF ) အဖွဲ့သားတချို့တို့သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး မည်သည့်နေရာသို့ ခေါ်ဆောင်ထားခြင်းကို မသိရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိမှာ ကျနော်တို့ ရဲဘော် ၂ ဦးက ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံနေရပါတယ်၊ ဘယ်နေရာကို ဖမ်းခေါ်ထားလဲ ဆိုတာတော့ ကျနော်တို့ မသိရပါဘူး” ဟု သိန္နီ PDF ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် ည ၁၁ နာရီကျော်နှင့် ယနေ့ နိုဝင်ဘာလ ၂ ရက် မနက် ၅ နာရီကျော်တွင် သိန္နီ PDF ၏ စခန်း ၂ ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းခဲ့စဥ်တွင် ကင်းစောင့်သည့် PDF တပ်ဖွဲ့ဝင် နှစ်ဦးက စစ်ကောင်စီတို့၏ ဖမ်းဆီးခြင်းကို ခံရကြောင်း ၎င်းက ဆက်ပြောသည်။

“TNPDF ရဲ့ ဗဟိုပင်မစခန်း အထွက်လမ်းမှာရှိတဲ့ ကင်းအဖွဲ့ နေရာယူထားတဲ့ ကင်းစခန်းမှာ ည ၁၁ နာရီ လောက် စစ်ကောင်စီတပ်ဘက်က အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုးလာခဲ့တယ်၊ အဖမ်းခံရတာတော့ ကင်းကျတဲ့အဖွဲ့ ထဲက ရဲဘော်နှစ်ဦးပါ၊ ပထမတိုက်ပွဲမှာ ကျနော်တို့ဘက်က ကြီးကြီးမားမား မထိခိုက်ခဲ့ပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့နောက် ယနေ့ နံနက် ၅ နာရီဝန်းကျင်အချိန်တွင် သိန္နီ PDF တို့၏ သင်တန်းလေ့ကျင့်ရေးစခန်းကိုလည်း စစ်ကောင်စီတို့က ထိုးစစ်ဆင်လာခဲ့ပြီး အပြန်အလှန် တိုက်ခိုက်ခဲ့သော်လည်း အင်အားမမျှသဖြင့် PDF ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“သင်တန်းကွင်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က သုံးယောက်ကျသွားပြီး ကျနော်တို့ဘက်က ၇ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်၊ နောက်တော့ ကျနော်တို့ အင်အားမမျှလို့ ဆုတ်ခွာခဲ့ရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လမှ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ သိန္နီ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် တိုက်ပွဲ (၃၁)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃၇)ဦး သေဆုံးကာ PDF ဘက်မှ (၁)ဦး ကျဆုံး၊ ဒဏ်ရာရရှိသူ (၂၉)ဦးနှင့် ၂ ဦး ဖမ်းဆီးခံထားရကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article