ညောင်ရွှေ ဟဲယာရွာမ မီတာခ မဆောင်လို့ မီးဖြတ်ခံရ၊ သူခိုးများသောင်းကျန်း

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင် မီးဖြတ်ခံရပြီးနောက် ကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။

“မီတာခ မဆောင်လို့ မီးဖြတ်တာပေါ့ဗျာ၊ မီးဖြတ်လိုက်တော့ တစ်ရွာလုံးက မှောင်မှောင်မဲမဲတွေ ဖြစ်ကုန်တာပေါ့၊ ဒါကို အခွင့်ကောင်းယူပြီး သူခိုးတွေက သောင်းကျန်းနေတာဗျာ၊ အခုနောက်ပိုင်း ရွာမှာ ပစ္စည်းပျောက်တာတွေက ညတိုင်း ဖြစ်နေတော့တယ်” ဟု အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

ဟဲယာရွာမသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ပြီး ဆေးရုံဆေးခန်းနှင့် ကိုဗစ် ထိန်းချုပ်ကုသရေး စင်တာများ အပါအဝင် တစ်ရွာလုံး မီးဖြတ်ခံထားရကြောင်း၊ ယင်းအကျိုးဆက်ကြောင့် သူခိုးများ ပေါများလာ ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူခိုးတွေက ဘယ်လောက်ထိ သောင်းကျန်းလာသလဲဆိုရင် အိမ်တစ်အိမ်က ပိဿာချိန် ၁၅၀/၂၀၀ ကြား ရှိတဲ့ စက်သုံးလုံးဟာ တစ်ညတည်းမှာပဲ ပျောက်သွားတယ်၊ အလေးချိန် ဒီလောက်ရှိတဲ့ စက်ကို တစ်ညတည်း ယူသွား နိုင်တဲ့ သူခိုးတွေက အင်အားအဖွဲ့ ဘယ်လောင်တောင်များမလဲ၊ အခုဆို ကိုယ့်မိသားစု အတွက် အိမ်သားတစ်ယောက်က ကင်းစောင့် နေရတဲ့ အခြေအနေရှိနေတယ်” ဟု ဟဲယာရွာမ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ကိုဗစ် စင်တာလည်း မီးဖြတ်ခံရသည့်အတွက် လက်ရှိမှာ ကိုဗစ် – ၁၉ လူနာသစ်များ လက်မခံနိုင်တော့ကြောင်း လည်း သိရသည်။

မီးမရှိသည့်အတွက် ညရောက်သည့်အခါ ပြည်သူများက မိမိပစ္စည်းများ အခိုးမခံရအောင် ကိုယ့်နည်းကိုယ့်ဟန် ဖြင့်သာ ဖြေရှင်းနေရကြောင်းလည်း ဟဲယာရွာမမှ အမျိုးသမီး တစ်ဦးက ပြောသည်။

“ညရောက်ပြီဆိုတာနဲ့ သူခိုးက ဘယ်တော့ ပေါ်လာမလဲ၊ တို့အိမ်မှာ ဘာလာခိုးမလဲ၊ လူကိုပဲ ရန်ပြုသွားမလား ဆိုပြီး တွေးနေရင်းကို အိပ်မပျော်နိုင်တော့တာ၊ ကြောက်တာပေါ့၊ ရွာထဲမှာ သူခိုးသောင်းကျန်းနေတာကို လူကြီးတွေကလည်း ဘာမှ မဖြေရှင်းပေးတော့ အားငယ်တယ်” ဟု ၎င်း အမျိုးသမီးက ဆိုသည်။

ဟဲယာရွာမကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေမှုနှင့် ပတ်သက်ပြီး ညောင်ရွှေမြို့မှ ရဲစခန်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို တိုင်ကြားပြောဆိုထားသော်လည်း တာဝန်ဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ် – ၁၉ ကူးစက်ရောဂါများနှင့် နိုင်ငံရေး မငြိမ်မသက်မှု များကြောင့် ဒေသတွင်းမှာလည်း တရားဥပဒေစိုးမိုးမှု မရှိိတော့သဖြင့် ခိုးမှု လုယက် ဓါးပြတိုက်မှုများ တစ်နေ့တစ်ခြား များပြားလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...