Wednesday, January 28, 2026

ကျိုင်းတုံ လေကြောင်းလိုင်း ပြန်ပြေးဆွဲမည်

သျှမ်းပြည် အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တွင် လာမည့် ဒီဇင်ဘာလ ၂ ရက်မှ စတင်ကာ လေကြောင်းလှိုင်းများ ပြန်လည် ပြေးဆွဲမည် ဖြစ်ပြီး လိုက်ပါစီးနှင်းမည့် ခရီးသည်များ ကိုဗစ် – ၁၉ စစ်ရမည်ဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ လေယာဥ်တွေ ပြန်ပြေးဆွဲတော့မယ်လို့ ကြားပါတယ်၊ ထုံးစံအတိုင်း လေယာဥ်နဲ့ သွားမယ့် ခရီးသည်တွေက ကိုဗစ် စစ်ရမယ်ပေါ့၊ အသေးစိတ် အစီအစဥ်ကိုတော့ မသိရသေးဘူး” ဟု ကျိုင်းတုံမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

ကိုဗစ် – ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ရပ်နားထားရသည့် ကျိုင်းတုံမြို့မှ လေယာဥ်ပြေးဆွဲမှုခရီးစဥ်များသည် လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဟု Air KBZ နှင့် Air သံလွင်တို့က ၎င်းတို့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားတင်ပြထားသည်။

ပြီးခဲသည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် Stay at Home အစီအစဥ်မှ ပယ်ဖျက်လိုက်သည့် ကျိုင်းတုံမြို့သည် ကိုဗစ် – ၁၉ ကူးစက်မှု ဆက်လက်ရှိနေသေးသည့်အတွက် ယင်းကဲ့သို့ လေကြောင်းလိုင်း ပြန်ဖွင့်ခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် သေချာလုပ်ဆောင်သင့်ကြောင်း ကျိုင်းတုံမြို့မှ နှလုံးလှ ပိုင်ရှင်များ လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

“ပြန်ဖွင့်မယ်ဆိုတော့လည်း စနစ်တကျဖြစ်စေချင်တယ်။၊ ပိတ်ထားရတာလည်း ကြာနေပြီဆိုတော့ ရောဂါရဲ့ အကျိုးသက်ရောက်မှုကို လူတိုင်းလည်း သတိပြုမိမှာပါ၊ ပြည်သူများလည်း မပေါ့နဲ့၊ တာဝန်ရှိသူများလည်း သေချာ စိစစ်ကွပ်ကဲပါ၊ ဒါကိုပဲ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျိုင်းတုံလေဆိပ်မှ လိုက်ပါစီးနှင်းမည့် ခရီးသည်များအနေဖြင့် သွားမည့်ရက် မတိုင်ခင် တစ်ရက် ကြိုပြီး ကျန်းမာရေးဦးစီးဌာနမှာ ကိုဗစ် – ၁၉ ရှိ မရှိကို မနက် ၉ နာရီမှ ၁၁ နာရီခွဲအတွင်း စစ်ဆေးရန်အတွက် ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ကျိုင်းတုံ ခရီးစဥ်များကို ပြေးဆွဲရန်အတွက် စီစဥ်ထားသည့် လေကြောင်းလိုင်းဌာနများအနေဖြင့် Air KBZ၊ Air သံလွင် တို့အပြင် မြန်မာ့လေကြောင်းလိုင်းတို့ကလည်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

ကျိုင်းတုံ တောင်ပေါ်ကျေးရွာအချို့ ဆန်ပြတ်လပ် အငတ်ဘေးကြုံနေရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသ ကျေးရွာအချို့တွင် ဆန်ပြတ်လပ်မှုကြောင့် အငတ်ဘေးကြုံနေရကြောင်း စုံးစမ်းသိရသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ကျေးရွာ ၃၀ ဝန်းကျင်သည် ယမန်နှစ် ၂၀၂၄ တွင် ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့နောက် တောင်ပေါ်တွင် စိုက်ပျိုးထားသည့် ဆန်များကို ကြွက်များက ဖျက်စီးခြင်းကြောင့် ဆန်စပါး...