တောင်ကြီးမြို့အဝင်၊ အထွက်နေရာ စစ်ကောင်စီ လုံခြုံရေး တင်းကြပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အဝင်၊ အထွက်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ လုံခြုံရေး တင်းကြပ်မှုသည် တောင်ကြီးမြို့သို့ ဝင်ရန်အတွက် ဟိုပုံးတိုးဂိတ်မှာ တစ်နေရာ၊ တောင်ကြီး (၄)မိုင်မှာ တစ်နေရာနှင့် ရှမ်းကွင်းသို့ သွားမည့် သူများလည်း ရှမ်းကွင်းအဝင်မှာ တစ်နေရာ စစ်ဆေးခြင်းများ ပြုလုပ်နေသည်။

“တောင်ကြီးမြို့ပေါ် ရောက်ဖို့ မိနစ် (၃၀)လောက် စောင့်ရတယ်။ တောင်ကြီးမှာ လုံခြုံရေး စစ်တာကတော့ ကြမ်းတယ်။ ဘယ်သွားလာလဲ၊ ဘယ်ကနေ လာလဲ ဆိုတာ မေးတယ်။ မိန်းကလေးဆို မစစ်ဘူး။ မှတ်ပုံတင်တော့ တောင်းကြည့်တယ်။ ယောကျာ်းလေး ကားဆို တအားစစ်တယ်” ဟု တောင်ကြီးမြို့သို့ ခရီးသွား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လုံခြုံရေး တင်းကြပ်မှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ ဒေသခံများလည်း (Public)နေရာ လူအများသွားလာသည့် နေရာမှာ သွားရောက်အပန်းဖြေခြင်း မတွေ့ရတော့ကြောင်း တောင်ကြီးဒေသခံ တစ်ဦးကပြောသည်။

“အဝေရာ မီးပုံးပျံကွင်းလို နေရာမျိုးမှာလဲ လူငယ်တွေ မရှိတော့ဘူး။ ညမှောင်တာတဲ့ အိမ်အပြင်တွေ မထွက်ရဲကြတော့ဘူး” ဟု တောင်ကြီးဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အေးသာယာမြို့မှ တောင်ကြီးသို့လာလျှင် အေးသာယာအထွက်မှာ စစ်ဆေးရေးဂိတ် တစ်နေရာနှင့် တောင်ကြီး အတက်မှာ စစ်ဆေးရေးဂိတ် တစ်နေရာ ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ (၁)ရက်နေ့ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ ဒေသခံလူငယ်များလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားဟု စစ်တပ်ခန့်ဒုဝန်ကြီး ရွေးတုလွှတ်တော်တွင် ဖြေကြား

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားခြင်းဖြစ်ကြောင်း စစ်တပ်ခန့် ပြည်ထဲရေးဒုဝန်ကြီးက ရွေးတုလွှတ်တော်တွင် ဖြေကြားခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် ယနေ့ (ဇူလိုင်လ ၂၈ ရက်) ကျင်းပသည့် အစည်းအဝေး၌ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ တင်ပြထားသည့် သီပေါတံတားကိစ္စ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...