Wednesday, January 28, 2026

KIA မှ သိမ်းယူထားသည့် ပန်လောဒေသခံ ဆိုင်ကယ် ၁၅ စီး ပြန်မရရှိသေး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာ မြေယာကိစ္စကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သိမ်းယူထားသည့် ဒေသခံဆိုင်ကယ် ၁၅ စီး ယနေ့ချိန်ထိ ပြန်မရသေးကြောင်း စုံစမ်းသိရသည်။

ထိုဒေသခံ ဆိုင်ကယ် ၁၅ စီးကို KIA တပ်ဖွဲ့က ငွေ ၁၅ သိန်းနှင့် နွားတစ်ကောင်ကို လာပေးဆောင်ပြီး ထုတ်ယူနိုင်ကြောင်း ပြောခဲ့သော်လည်း လက်ရှိတွင်‌ ဒေသခံများက ငွေကြေးအဆင်မပြေသောကြောင့် သွားရောက်မပေးဆောင်နိုင်ကြောင်း သိရသည်။

“ပိုက်ဆံလည်း မပြည့်သေးဘူး။ တချို့ကတော့လည်း သွားပေးလို့ပြောတယ်။ တချို့လည်းမပေးသေးနဲ့ စောင့်ကြည့်အုံးလို့ ပြောတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လည်း သွားမပေးသေးဘူး။ ပိုက်ဆံလည်း စုနေတာ မပြည့်သေးတာလည်း ပါတယ်” ဟု ပန်လောကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဆိုင်ကယ် (၁၅)စီးကို‌ ဒေသခံ တချို့က စားဝတ်နေရေးအတွက် ခက်ခဲမှုများရှိလာသောကြောင့် ပြန်လည်ပေးဆောင်ရန်အတွက် ဒေသခံတချို့က တောင်းဆိုထားသည်။

“တချို့ပြည်သူတွေကတော့ ဆိုင်ကယ်တွေနဲ့ ဈေးသွားလာတာရှိတယ်လေ။ ခြံတွေသွားတာရှိတာပေါ့။ အခု ဆိုင်ကယ်မရှိတော့ သွားလာဖို့ခက်ခဲတယ်။ နောက်တော့ စားဝတ်နေရေးအတွက် ခက်ခဲလာတာတော့ရှိတာပေါ့။ ဆိုင်ကယ်ကိုတော့ ပြန်လိုချင်တာပေါ့” ဟု ပန်လောကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ငွေကြေးအဆင်မပြေသည့် အကြောင်းပြချက်သည် ဆင်ခြေ ဖြစ်ကြောင်း KIA ပြောခွင့်ရှိသူ ဦးဘရန်ဂေါင်က ပြောသည်။

“တရွာလုံးနဲ့ပေါင်းပေးခိုင်းတာ ၁၅ သိန်းလောက်မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ရုပ်တိမရှိတာ။ သူတို့ကနေလည်း ကျနော်တို့ကို တိုက်ရိုက်ဆက်သွယ်လာတာမရှိဘူး။ တခြားအဖွဲ့အစည်းတွေနား အကူညီတောင်းပြီးတော့ လုပ်နေတာ” ဟု ဦးဘရန်ဂေါင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပန်လောကျေးရွာဒေသခံများက KIA ပိုင် နယ်မြေထဲ သစ်၊ ဝါးများကို ခုတ်ခဲ့သောကြောင့် သိန်း ၅၀ လျော်ကြေးတောင်းခဲ့သော်လည်း ဒေသခံများက ငွေ ၁၅ သိန်းနှင့် နွားတကောင် လာပေးဆောင်မည်ဟု ညှိနှိုင်းခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့တွင် နယ်မြေကျူးကျော် သစ်ပင်ခုတ်ယူမှုကြောင့် KIA တပ်ဖွဲ့မှ ပန်လောဒေသခံ (၆) ဦးကို ရိုက်နှက်ခဲ့ပြီး ဆိုင်ကယ် ၁၅ စီးကို သိမ်းယူထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်‌နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...

ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး နာမည်အစားထိုး ရေးသားထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်(၉)နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအနီး လှုပ်ရှားနေသည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများမှ မိုင်းယုနှင့် ပန်လော့ကျေးရွာအုပ်စုရှိ...