တောင်ကြီးမြို့ တပ်ပိုင်နယ်မြေအတွင်းမှ ဈေးနှင့် ယာဥ်ရပ်နားစခန်းများကို ဖယ်ပေးခိုင်း

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ 212 တပ်ပိုင် ရဲဘော်ဈေး (212စျေး)မှ ဆိုင်ခန်းများနှင့် တပ်ရင်းတပ်ဖွဲ့ တပ်ပိုင်မြေဖြစ်သည့် မောချယ်ရီ ယာဥ်ရပ်နားစခန်းကို ဖယ်ရှားပေးရန် စစ်တပ်မှ အတင်းအကြပ် လာရောက်စေခိုင်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က တောင်ကြီးမြို့ကို Stay at Home ပယ်ဖျက်ခဲ့တာဖြစ်ပြီး ၂၆ ရက်နေ့တွင် စည်ပင်ဌာနနှင့် ဌာနဆိုင်ရာ တချို့မှ တာဝန်ရှိသူများက ရဲဘော်ဈေးကို လာရောက်ကြည့်ရှုပြီး ပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“Stay at Home ဖြေပြီး နောက်တစ်ရက်မှာ တာဝန်ရှိသူတွေက ဈေးကို လာကြည့်တယ်၊ ပြီးတော့ ဈေးကိုပြန်ပိတ် ရမယ်ဆိုပြီးတော့ ညွှန်ကြားသွားတယ်၊ (၂၇/၂၈)ရက်အတွင်း ဆိုင်ခန်းတွေကို ရှင်းထားဖို့လည်း ပြောတယ်၊ မလုပ်ရင်တော့ သူတို့အထက်ကညွှန်ကြားတဲ့အတိုင်း လုပ်ရမယ်ဆိုပြီးပြောသွားတာ” ဟု ရဲဘော်ဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

ယင်းဌာနဆိုင်ရာလူကြီးများ ပြန်သွားသည့်နောက်တွင် ဈေးအဝင်ပေါက်ဝနှင့် ဈေးအနီးပတ်ဝန်းကျင်မှ နေရာတချို့တွင် စစ်ကောင်စီတပ်သားများက လာရောက်နေရာယူထားကြောင်းလည်း သိရသည်။

“ဘာကြောင့်ပိတ်ခိုင်းလဲဆိုတော့လည်းမပြောဘူး၊ ပြီးတော့ ဆိုင်ခန်းတွေရွှေ့ပြောင်းဖို့ဆိုတာ မလွယ်ဘူး၊ နေရာ အသစ်လည်း ရှာရအုံးမယ်၊ ပစ္စည်းတွေ သယ်ဖို့ရွှေ့ဖို့လည်း အချိန်ယူရအုံးမယ်၊ သူတို့ပြောတဲ့ ကာလအတွင်း ပြီးအောင် လုပ်ဖို့တော့ မလွယ်တဲ့ကိစ္စပဲ၊ တကယ်မလုပ်ရင်လည်း ကြောက်ရတယ်၊ အခုတောင် စစ်သားတွေက ဈေးပေါက်ဝမှာစောင့်နေတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့အတူပင် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းရှိ တပ်ရင်းတပ်ဖွဲ့များ၏ နယ်မြေအတွင်း တည်ရှိနေသည့် မောချယ်ရီ ယာဥ်ရပ်နားစခန်း ဆိုင်ခန်းများကိုလည်း ဖယ်ရှားရန် ညွှန်ကြားစေခိုင်းမှုများရှိနေသဖြင့် ကားဂိတ်နှင့် ဆိုင်ခန်းပိုင်ရှင်များက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အသနားခံစာများ အသီးသီးတင်ပြထားကြောင်းလည်း သိရသည်။

ထိုနေရာကို လွန်ခဲ့သည့် ၂၀၁၉ ခုနစ်တွင်လည်း ဖယ်ရှားပေးရန် တစ်ကြိမ် လာရောက်ပြောဆိုခဲ့သည်။

“ခုက နောက်တစ်ကြိမ်ပေါ့၊ ဒါပေမယ့် ခုလို ချက်ချင်းကြီး ပြောင်းရွှေ့ဖို့ လာပြောတော့ ကျနော်တို့ ဘယ်နေရာကို သွားနေရမလဲ၊ သူတို့ (စစ်တပ်)က သွားစေချင်တယ်ဆိုရင်တောင် အရင်ဆုံးနေရာချပေးထားသင့်တယ်” ဟု မောချယ်ရီ ယာဥ်ရပ်နားစခန်းအတွင်း ကားဂိတ်ဖွင့်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

မောချယ်ရီ ယာဥ်ရပ်နားစခန်းအတွင်း မှီတင်းနေထိုင်ကြသူအများစုသည် အခြေခံလူတန်းစား နေ့စား မိသားစုများ ဖြစ်ပြီး၊ ပြောင်းရွှေ့ရန်ခက်ခဲ့သောကြောင့် ဆက်လက် နေထိုင်ခွင့်ပြုပါရန်နှင့် မဖြစ်မနေ ပြောင်းရွှေ့ရမည်ဆိုပါက သင့်တော်သည့် နေရာတစ်ခု ပြန်လည်နေရာချပေးပြီး အချိန်ကာလတစ်ခု စောင့်ဆိုင်းပေးပါရန် ဆိုင်ခန်းရှင်များက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...