ကျောက်မဲ မြို့ပေါ်ရပ်ကွက် အိမ်ငှားနေ စစ်ရှောင် စားဝတ်နေရေးခက်ခဲနေ

သျှမ်းမြောက် ကျောက်မဲမြို့ပေါ်ရပ်ကွက်များတွင် အိမ်ငှားနေထိုင်ခြင်းနှင့် မြို့အနီးကျေးရွာများရှိ ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များဖြစ်ပြီး စားဝတ်နေရေး ခက်ခဲနေတာဖြစ်ကြောင်း စုံစမ်းသိရသည်။

“သူတို့တွေက စစ်ရှောင်စခန်း ပြင်ပမှာ နေတဲ့ သူတွေပါ၊ တချို့က အိမ်ငှားနေတယ်၊ တချို့က အမျိုးအိမ်တွေမှာ ကပ်နေကြတာ၊ ၃ လပိုင်း၊ ၄ လပိုင်းလောက်ကတည်းက စစ်ရှောင်လာတဲ့ သူတွေလည်း ရှိသေးတယ်၊ မိုင်းငေါ့က စစ်ရှောင်တွေဆိုရင်လည်း အရမ်းကို ကြာနေပြီ” ဟု သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို စစ်ရှောင်စခန်းပြင်ပတွင် နေထိုင်သည့် စစ်ရှောင် အိမ်ထောင်စု (၁၈၀)၊ လူဦးရေ (၇၀၀)ကျော်အား ပြီးခဲ့သည့် ရက်ပိုင်းက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ နှင့် အခြားစားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့ရကြောင်း သိရသည်။

စားနပ်ရိက္ခာ ထောက်ပံ့မှု မရရှိသေးသည့် စစ်ရှောင်စခန်းပြင်ပနေ စစ်ဘေးရှောင်များလည်း ရာချီ ကျန်ရှိနေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“ခု ထောက်ပံ့တာက ဟူးဆွန်၊ တွန်ဟိတ်၊ လျန်းဆိုင်းနဲ့ ကြိမ်ကိုင်က စစ်ရှောင်တွေပါ၊ ၄ ရွာပဲ ထောက်ပံ့ရသေးတယ်၊ တခြားကျေးရွာကနေ ရောက်လာတဲ့စစ်ရှောင်တွေ မထောက်ပံ့နိုင်သေးဘူး၊ ထောက်ပံ့ပေးနိုင်ဖို့ စီစဥ်နေတုန်း” ဟု လုံးလျန်းဟန် က ဆက်ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း လက်ရှိ စစ်ရှောင်စခန်းများတွင် ရောက်ရှိခိုလှုံနေသူ (၁၀၀၀)ကျော် ရှိနေပြီး စစ်ရှောင်စခန်း ပြင်ပတွင် နေထိုင်သည့် စစ်ဘေးရှောင်ဦးရေမှာလည်း (၁၀၀၀)ထက်မနည်း ရှိနေကြောင်း သိရှိရသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် မတ်လကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ရသူ ထောင်ချီ ရှိခဲ့ပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...