ကိုဗစ်နဲ့ စစ်ဒဏ်ကြား ရှင်သန်ဖို့ အားယူနေရတဲ့ မိုင်းတင်း ဝက်သားချဥ်သည်

ကျောက်မဲမြို့ကနေ (၇)မိုင်အကွာ မိုးကုတ်၊ မိုးမိတ် သွားတဲ့လမ်းပေါ်မှာ “မိုင်းတင်း” ဆိုတဲ့ ကျေးရွာတစ်ရွာ ရှိပါတယ်။ မိုင်းတင်း ကျေးရွာဟာ ခရီးသွားတွေအတွက် တထောက်နားစရာ နေရာလည်း ဖြစ်ပါတယ်။

အဲ့ဒီ မိုင်းတင်းကျေးရွာဟာ နာမည်ကြီးတဲ့ ဝက်သားချဉ် ရောင်းချနေတဲ့ရွာ ဖြစ်ပြီး မိုင်းတင်း ဝက်သားချဉ်လို့ကို ပြောစမှတ်ဖြစ်တဲ့အထိ နာမည်ကျော်ခဲ့ပါတယ်။

အရင်က မိရိုးဖလာ ဘိုးဘွားစဉ်ဆက် လုပ်လာခဲ့ပြီး ရောင်းအားကောင်းတဲ့ ဝက်သားချဉ်လုပ်ငန်းတွေဟာ ကိုဗစ်ဒဏ်၊ တိုက်ပွဲဒဏ်တွေကြောင့် ဝင်ငွေတွေ သိသိသာသာ လျော့ကျသွားပါတယ်။

ကျောက်မဲမြို့နယ်မှာ ပွဲလမ်းသဘင်တွေလုပ်ရင် ဒေသထွက် အစားအစာ၊ ရိုးရာ အစားအစာတွေကို ရောင်းချကြတာဟာ ထုံးစံတစ်ခုလိုပင် ဖြစ်နေပါပြီ၊ အဲ့ဒီ အစားအစာတွေထဲမှာ မိုင်းတင်း ဝက်သားချဥ်ဟာဆိုရင်လည်း မပါမဖြစ် ခင်းကျင်းရောင်းချလေ့ရှိတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။

မိုင်းတင်းကျေးရွာအုပ်စုထဲမှာ ဝက်သားချဉ်ကို လုပ်ရောင်းတဲ့သူတွေဟာ များများစားစားမရှိတဲ့ကြားက ကိုဗစ်ရိုက်ခတ်ဒဏ်ကြောင့် လက်ချိုးရေတွက်လို့ရတဲ့ ဝက်သားချဉ်လုပ်တဲ့သူ တချို့ဟာလည်း အသက်ဆုံးပါးသွားခဲ့ရပါတယ်။

ထိုထဲမှာတော့ နာမည်ကြီးပြီး နှစ်ပါင်း (၄၀)ကျော် ဝက်သားချဉ်လုပ်ရောင်းတဲ့ နန်းခမ်းစိန် ရဲ့ မိသားစုဝင်တွေလည်း ကိုဗစ်ဒဏ်ကြောင့် အလွန်ပင် အခက်အခဲပေါင်းများစွာ ကြုံခဲ့ရပါတယ်။

ကိုဗစ်ရိုက်ခတ်မှုက မိသားစုဝင်တချို့ အသက်ဆုံးပါးသွားတဲ့ ဝက်သားချဉ်သည်တွေဟာ ကိုဗစ်ဆေးကုဖို့ ငွေကုန်ကြေးကျတွေ များခဲ့ကြပြီး မိသားစုရဲ့ စီးပွားရေးလည်း ဖရိုဖရဲ ဖြစ်သွားခဲ့ရပါတယ်။

“အဖေနဲ့ အမေ ဆုံးသွားပြီးတဲ့နောက် ဆိုင်က ပြန်ဖွင့်ရတာ မကြာသေးဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ ဒေသမှာက ရောဂါတွေ ဖြစ်တာများတဲ့အပြင် တိုက်ပွဲတွေလည်း ဖြစ်တယ်ဆိုတော့ အရင်ကလို မရောင်းရတော့ဘူး၊ လာဝယ်တဲ့သူလည်း မရှိဘူး” ဆိုပြီး နန်းခမ်းစိန် က ဆိုပါတယ်။

အရင်ကတော့ ဝက်သားချဉ်၊ အမဲချဉ်တွေကို မိသားစုဝင်တွေ ကိုယ်တိုင် တပိုင်တနိုင်လုပ်ပြီး အိမ်ဆိုင်ဖွင့်ရောင်းချကာ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းတဲ့ မိသားစု တစ်ခု ဖြစ်ခဲ့ပါတယ်။

မိသားစုဝင်ထဲက အိမ်ဦးနတ်ဖြစ်သူ ဖခင်ဟာ ကိုဗစ်ကြောင့် ဆုံးရှုံးလိုက်ရပြီးနောက် ရက်ပိုင်းအကြာမှာပဲ မိခင်ဖြစ်သူကို ထပ်မံဆုံးရှုံးလိုက်ရတဲ့အတွက် ပူဆွေးဝမ်းနည်းမှုတွေက ပြောမပြတတ်အောင်ကို ခံစားခဲ့ရကြောင်း နန်ခမ်းစိန် က ပြန်ပြောပြပါတယ်။

“စိတ်ကို အရမ်း ထိန်းထားခဲ့ရတယ်၊ အဖေ အမေကို တစ်ချိန်ထဲမှာ ဆုံးရှုံးလိုက်ရတာဆိုတော့ စိတ်ဓါတ်အရမ်းကျသွားတာပေါ့၊ ငွေတွေလည်း အများကြီးကုန်ခဲ့တယ်၊ ပြီးတော့ တစ်ယောက်မှလည်း ပြန်မရဘူး၊ မကယ်နိုင်ခဲ့ဘူး၊ အရူးတစ်ယောက်လိုကို ဖြစ်ခဲ့တယ်” ဆိုပြီး ဝမ်းနည်းမှုအထပ်ထပ် ခံစားနေရတဲ့ အသံဖြင့် နန်းခမ်းစိန် က ရင်ဖွင့်ပါတယ်။

အဲဒီဒေသ ပတ်ဝန်းကျင်မှာ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းက ကိုဗစ်ကူးစက်မှု မြင့်တက်ခဲ့တဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ပြင်းထန်ခဲ့ပါတယ်။

ထိုတိုက်ပွဲတွေကြောင့် မိုင်းတင်းကျေးရွာအထက်မှာရှိတဲ့ ပန်ကွမ်ကျေးရွာအနီးမှာ လက်နက်ကိုင်တပ်ဖွဲ့က လမ်းကို ပိတ်ထားခဲ့တဲ့အတွက် ခရီးသွားလာမှု ရပ်ဆိုင်းခဲ့ရပါတယ်။

ထိုလမ်းကြော ပိတ်ထားတဲ့အတွက် ကိုဗစ်ကြောင့် ရောင်းအားကျနေတဲ့ နန်းခမ်းစိန်တို့ အိမ်ဆိုင်လေးဟာ ရောင်းအား ကျသထက် ကျပြီး စိတ်အားငယ် ဝမ်းနည်းမှုတွေနဲ့သာ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပြပါတယ်။

“တိုက်ပွဲဖြစ်လို့ လမ်းတွေက ပိတ်၊ တက်တဲ့သူလည်း မရှိ၊ ဆင်းတဲ့သူလည်း မရှိ အဲ့လို ဖြစ်သွားတယ်၊ အရင်က အများဆုံး လာပြီးမှာယူတာက ဒီ တောင်ပေါ်ဒေသ(တိုက်ပွဲဖြစ်တဲ့ ကျေးရွာ)မှာ နေတဲ့သူတွေများတယ်၊ အမြဲတမ်း လာအားပေးတဲ့ ဖောက်သည်တွေပေါ့၊ ခုက အရမ်းကို နည်းသွားပြီ။ ဆိုင်ဖွင့်ထားလည်း မရောင်းရဘူးလေ၊ အရမ်း ဝမ်းနည်းတယ်” ဆိုပြီး စိတ်ဓါတ်ကျနေတဲ့ လေသံနဲ့ ပြောပြပါတယ်။

အဲ့ဒီဒေသတစ်ဝိုက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ဖြစ်တဲ့ SSPP/SSA ၊ TNLA တပ်အကြား (၃)လဝန်းကျင် အကြာ တိုက်ပွဲဖြစ်ပွားပြီး လမ်းပိတ်မှုတွေကြောင့် သွားလာဖြစ်သန်းတဲ့သူ မရှိသလောက် ရှားပါးသွားခဲ့ပါတယ်။

ထိုကာလအတွင်း ဒေသခံ ထောင်ချီဟာလည်း မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနဲ့ ကျောက်မဲ မြို့ပေါ်အထိ စစ်ရှောင်ထွက်ပြေးခဲ့ရပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပါ။

မိဘကို ဆုံးရှုံးလိုက်ရပြီး စိတ်အားငယ်နေတဲ့အချိန်၊ ကိုဗစ်ရိုက်ခတ်မှုနဲ့အတူ တိုက်ပွဲကြောင့် ခရီးသွားပြတ်လပ်သွားတဲ့ကာလမှာ နန်းခမ်းစိန်တို့ ဖွင့်လှစ်ထားတဲ့ အိမ်ဆိုင်ရဲ့ ရောင်းအားဟာ ဆယ်ပုံ တစ်ပုံခန့်သာ ရှိတော့လို့ မိသားစု စားဝတ်နေရေးအတွက် အရမ်းကို ကြပ်တည်းသွားခဲ့ကြောင်း သူမ က ပြောပြပါတယ်။

“အရင်က တစ်ရက်ကို ပုံမှန် ၂ သိန်း ၃ သိန်း ရတယ်၊ အရမ်း ရောင်းကောင်းတဲ့နေ့ ဆိုရင် ၄ သိန်းကျော် ၅ သိန်းလောက်ထိကို ရတယ်။ ခုက တစ်ရက်ကို ၂ သောင်း ၃ သောင်းလောက်ပဲရတော့တယ်၊ အပိုစုဖို့ မပြောနဲ့၊ နေ့တိုင်းစားသောက်ဖို့တောင် မလွယ်တော့ဘူး” ဆိုပြီး ပြောပြပါတယ်။

လက်ရှိကာလမှာ ပွဲလမ်းသဘင်လည်း မရှိတဲ့အတွက် အော်ဒါမှာယူခြင်းများလည်း အလွန်နည်းပါးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝက်သားချဥ် ထုပ်ဖို့ ဖက်တွေ ဝယ်ယူရာမှာလည်း စျေးနှုန်းမြင့်တက်တဲ့အပြင် အခြားကုန်ကြမ်းစျေးနှုန်းတွေလည်း မြင့်တက်လာတဲ့အတွက် ခက်ခဲမှုပိုကြုံရတယ်လို့ ဆိုပါတယ်။

“ဝက်သားချဥ်၊ အမဲချဥ်ထုပ်ဖို့ ဖက်တွေဝယ်ရတယ်လေ၊ ဖက်ကို လွယ်ဆာ ရွာဘက်ကို မှာရတယ်၊ အရင်က အရွက် (၁၀၀)ကို (၈၀၀)ကျပ် ပေးရတယ်၊ ခုက (၁၀၀၀)ပေးရတယ်၊ အရွက်ရေပြီး ဝယ်ရတာ၊ အဲ့ဒီရွာကလည်း တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ သိပ်မဝေးဘူး၊ မှာရင်တော့ သူတို့ လာပို့ပေးတယ်” ဟု ရှင်းပြပါတယ်။

ဒါ့အပြင် ကုန်ကြမ်းတွေ အခြား မီးဖိုချောင်သုံး ရိက္ခာစျေးနှုန်းတွေလည်း မြင့်တက်လာတဲ့အတွက် မိသားစု စားဝတ်နေရေး ပိုပြီးအခက်ကြုံနေရတယ်လို့ ပြောပြပါတယ်။

တစ်ဖက်မှာ မိသားစု စားဝတ်နေရေးအတွက် စိုးရိမ်ရတဲ့အပြင် သားသမီး (၂)ယောက်ရဲ့ ဘဝရှေ့ရေးအတွက်လည်း စိတ်ပူနေရတယ်လို့ နန်းခမ်းစိန်က ပြောပါတယ်။

“သမီးက (၁၀)နှစ်ကျော်ရှိပြီ၊ တတိယတန်းတက်မှာ၊ ကိုဗစ်ကြောင့် ကျောင်းပိတ်ထားတုန်းဆိုတော့ ကျောင်းတက်ရဖို့က ဘယ်လိုဖြစ်ဦးမလဲ မသိသေးဘူး၊ ခုတော့ အပြင်က ဆရာမနဲ့ အချိန်ပိုင်း စာသင်တာတွေ ထားပေးထားတယ်၊ မဟုတ်ရင် စာတွေ မေ့ကုန်မှာ” ဆိုပြီး ပြောပြပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ စစ်ကောင်းစီအာဏာသိမ်းတဲ့ ဒဏ်၊ ကိုဗစ်ကပ်ရောဂါဒဏ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲ ဒဏ်တွေကြောင့် ဒေသခံပြည်သူတွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရပါတယ်။

လက်ရှိအချိန်ထိ ထိုရိုက်ခတ်မှုဒဏ်တွေကြား ဆက်လက်ရှင်သန်နိုင်ဖို့ အားယူနေဆဲဖြစ်တဲ့ မိုင်းတင်း ဝက်သားချဥ်သည် နန်းခမ်းစိန်တို့ မိသားစုလို နလန်မထူနိုင်သေးတဲ့ ဒေသခံတွေဟာလည်း ဒုနဲ့ဒေး ရှိနေဆဲပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...