Thursday, May 2, 2024

တောင်ကြီးမြို့ ကြံ့ခိုင်ရေးရုံး အနီး အသံမိုင်းဖောက်ခွဲ Special Force 22 အဖွဲ့ထုတ်ပြန်

Must read

သျှမ်းပြည် တောင်ကြီးမြို့ မင်းလမ်းမရှိ ကြံ့ခိုင်ရေးရုံးအနီးတွင် အသံမိုင်းဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း Special Force 22 အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်တွင် တောင်ကြီးမြို့ မင်းလမ်းမကြီးရှိ ပြည်ခိုင်ဖြိုး ပါတီရုံးအနီးတွင် အသေးစား ဖောက်ခွဲမှုတစ်ခုအား ပြုလုပ်ခဲ့ကြောင်း တောင်ကြီးမြို့ Special Force 22 အဖွဲ့က ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

ယင်းဖောက်ခွဲမှုသည် တောင်ကြီးမြို့ကို Stay at Home မြို့အဖြစ်မှ ပယ်ဖျက်လိုက်သော်လည်း ပြည်သူများကို မတရားအကြမ်းဖက်မှုများနှင့် စစ်ဆေးမှုပြုလုပ်နေသော အာဏာရှင်လက်အောက်ခံများကို သတိပေးခြင်း ဖြစ်ကြောင်းလည်း Special Force 22 မှ ထုတ်ပြန်ထားသည်။

တောင်ကြီးမြို့နယ်တွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျလာသည့်အတွက် Stay at Home အဖြစ်မှ ပယ်ဖျက်ပြီးဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာထားသော်လည်း တပ်ပိုင်နယ်မြေအတွင်းရှိနေသည့် တောင်ကြီးမြို့အတွင်းမှ ဈေးများ၊ ဆိုင်ခန်းများ၊ ယာဥ်ရပ်နားစခန်းများကို ဖယ်ရှားပိတ်သိမ်းပေးရန် စေခိုင်းညွှန်ကြားမှုများရှိနေသည်။

Leave a Comments

- Advertisement -spot_img

Latest article