ကျောက်မဲ စစ်ရှောင် တစ်ဦး ကိုဗစ်ပိုးတွေ့
သျှမ်းမြောက် ကျောက်မဲမြို့ သျှမ်းစာပေနှင့်ယဥ်ကျေးမှုမြေနေရာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးထံမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂၈) တွင် စစ်ဘေးရှောင်များထဲမှ ကျန်းမာရေးမကောင်းသည့် အသက် (၈၀)အရွယ် အမျိုးသမီးတစ်ဦးကို စစ်ဆေးလိုက်ရာ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း၊ လက်ရှိစစ်ရှောင်စခန်းမှာ ကျန်းမာရေးမကောင်းသည့် သူများလည်း ရှိနေကြောင်း...
ရွှေညောင်စျေးအတွင်း စျေးရောင်းသူများနေရာရွှေ့ပြောင်းရန် ဖိအားပေးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွှေညောင်ဈေးအတွင်း ဈေးရောင်းနေသူများကို နှစ်ရက်အတွင်း အပြီးပြောင်းရွေ့ပေးရန် စစ်ကောင်စီတပ်သားများက လာရောက်ဖိအားပေးကြောင်း သတင်းသိရသည်။ Stay At Home အစီအစဥ်မှ ပယ်ဖျက်ပေးသည့် နေ့ နိုဝင်ဘာ ၂၅ရက် တွင် ် ဈေးရောင်းနေသည့် ဈေးသည်များကို နေရာ ပြောင်းရွှေ့ပေးရန် စစ်ကောင်စီတပ်သားများက သေနတ်များဖြင့် လာရောက်အော်ဟစ်ပြောဆိုသွားကြောင်း...
ကျိုင်းတုံမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ပြည်သူနေအိမ်ကို ဖျက်ဆီး
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်လပ်အုပ်စု ဝမ်မိုင်အာခါကျေးရွာရှိ ဒေသခံနေအိမ်တချို့ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ နှင့် လူမှုဝန်ထမ်းများက လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာ ၂၅ မနက် ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များနှင့် လူမှုဝန်ထမ်းများသည် အချုပ်ကားများဖြင့် ဝမ်မိုင်အာခါကျေးရွာ နည်းပညာတက္ကသိုလ်အနီး...
သီပေါ စိန်ကျော့ မှတ်ပုံတင်ကိစ္စ ကျေးလက်ထူထု ဘာလို့ကျပ် တစ်သောင်းခွဲပေးရ
“သီပေါမြို့နယ် အတွင်း မှတ်ပုံလုပ်ပါက တဉီးကျပ် တစ်သောင်းခွဲ ပေးဆောင်ရ” ဆိုတဲ့ သတင်းကို နိုဝင်ဘာလ ၂၄ ရက်နေ့က ဖတ်လိုက်ရပါတယ်။ ဒီကိစ္စ လဝက ကဘဲ အမှန်တကယ် တောင်းတာလား။ လဝက ပိုက်ဆံ ဘယ်လောက်ရသွားလဲ။ လူထု ကကော ဘာ့အတွက် ပိုက်ဆံကျပ် တစ်သောင်းခွဲ...
ဆီဆိုင် စပါးစိုက်တောင်သူများ အရှုံးပေါ်နေ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စပါးစိုက်သည့် တောင်သူများ ယခုနှစ် မိုးဆက်တိုက်ရွာသွန်းသဖြင့် တောင်သူများ အရှုံးပေါ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ယခုနှစ်အတွင်း မိုးဆက်တိုက်ရွာသွန်းကာ စပါးစိုက် တောင်သူများ အရှုံးပေါ်မှုဖြစ်နေကြပြီး တဖက်မှာလည်း ကိုဗစ်-၁၉ ရောဂါရိုက်ခတ်မှုဒဏ်နှင့် နိုင်ငံရေး ရှုပ်ထွေးမှုကြောင့် မြေသြဇာဈေးနှုန်းများ ဈေးတက်သဖြင့် တောင်သူများ အခက်ခဲ ကြုံတွေ့ခဲ့ရကြောင်း...
ကိုဗစ်နှင့် နိုင်ငံရေးကြောင့် ပင်လောင်းမြို့ အာလူးစိုက်တောင်သူများ အခက်ကြုံနေ
ကိုဗစ် - ၁၉ ကူးစက်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်းလောင်းမြို့နယ်ရှိ အာလူးစိုက်သည့် ဒေသခံတောင်သူများ အာလူးဈေးကွက်မရှိသည့်အတွက် ဆက်လက်စိုက်ပျိုးရန် အခက်ခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကူးစက်မှုထိန်းချုပ်နိုင်ရန် မြို့မဈေးများကို ဆက်လက်ပိတ်ထားကြောင်း သိရှိရသည်။ “အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် အရောင်းအဝယ်တွေလည်း အလုပ်မဖြစ်ဘူး။...
သျှမ်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ရပ်တန့်ရန် စွမ်း တိုက်တွန်း
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (စွမ်း) မှ တိုက်တွန်းလိုက်ကြောင်း သိရသည်။ ထို တိုက်တွန်းချက်ကို နိုဝင်ဘာလ ၂၅ ရက်တွင် ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (စွမ်း)...
ကိုဗစ်ကူးစက်မှုနှုန်း ရှိနေဆဲ သျှမ်းပြည်မှ ၉ မြို့နယ် Stay at Home အစီအစဉ်မှ ပယ်ဖျက်
SHAN -
သျှမ်းပြည်အတွင်းမှ ကိုဗစ် - ၁၉ ကူးစက်မှုနှုန်း မြင့်နေဆဲဖြစ်သည့် မြို့နယ် ၉ ခုကို Stay at Home အစီအစဥ်မှ ပယ်ဖျက်ကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက် ညပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက လွန်ခဲ့သော ၁၄ ရက်အတွင်း...
သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး ဆက်တူးဖော်မှုရှိနေ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုအတွင်း ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေး ဆက်လက် တူးနေကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ ၂၃ ရက်တွင် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကျောက်မီးသွေးတူးဖော်မှုကို ရပ်တန့်ပေးပြီး လူထုများ၏ စားဝတ်နေရေးအတွက်ကို ကြည့်ပေးသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ “သူတို့ အသစ်ထပ်တူးတော့မယ်။ သူတို့ ဒေသခံတွေကို ကြည့်ပေးသင့်တယ်။ ကျောက်မီးသွေး ထပ်တူးရင်...
စစ်အာဏာရှင်လက်အောက် လုံခြုံမှုကင်းမဲ့နေတဲ့ အမျိုးသမီးများ
SHAN -
“စိုးရိမ်တာပေါ့။ ကျမတို့ ဒေသမှာ အသက် (၆၂)နှစ်အရွယ် အမျိုးသမီး အဓမ္မပြုကျင့်ခံရတာ တစ်ခါမှ မကြားဖူးဘူး” လို့ ဒေါ်လွမ်းရယ်က စိတ်မကောင်းစွာနဲ့ ပြန်ပြောပြနေပါတယ်။ နိုဝင်ဘာ ၇ ရက် နေ့က သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာ အုပ်စု၊ ဖားခတ်ကျေးရွာမှာ အသက် ၆၂ နှစ်အရွယ်...





