ကျိုင်းတုံမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ပြည်သူနေအိမ်ကို ဖျက်ဆီး

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်လပ်အုပ်စု ဝမ်မိုင်အာခါကျေးရွာရှိ ဒေသခံနေအိမ်တချို့ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ နှင့် လူမှုဝန်ထမ်းများက လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာ ၂၅ မနက် ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များနှင့် လူမှုဝန်ထမ်းများသည် အချုပ်ကားများဖြင့် ဝမ်မိုင်အာခါကျေးရွာ နည်းပညာတက္ကသိုလ်အနီး ရှိသည့်နေရာသို့ရောက်ရှိလာပြီး ရဲတပ်ဖွဲ့များ ပြည်သူနေအိမ်တချို့ကို ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

“ ရဲတွေနဲ့လာတာ။ သူတို့ အင်းအားက ၁၀၀ လောက်ရှိတယ်။ အချုပ်ကားလည်း ပါတယ်။ သေနတ်တွေလည်းပါတယ်။ ကျနော်တို့ ဘာမှ ပြန်မလုပ်နိုင်ဘူး။ အကုန်ဖျတ်ဆီးသွားတယ်။ကျနော်တို့အိမ်၊ ကြက်ခြံ၊ ဝက်ခြံ၊ ဆိုင်ကယ်၊ အိမ်သာကစ ဖျက်ဆီးသွားတာ” ဟု နေအိမ်ဖျတ်ဆီးခံခဲ့ရသူ တစ်ဦးက ပြောသည်။

လွန်ခဲ့သည် ၂၀၁၅ ခုနစ် NLD လက်ထက်တွင် ထိုနေရာတွင် နေထိုင်သူများကို ကျူးကျော်နယ်မြေ နေထိုင်သူဟု တကြိမ်စွတ်စွဲခဲ့ပြီး တရားစွဲ အမှုဖွင့်ခံခဲ့ရကာ ၂၀၁၆ ခုနစ်တွင် ဒေသခံပြည်သူများ ပိုင်ဆိုင်ဝယ်ယူထားသည့် လက်မှတ်များရှိသည့်အတွက် တရားရုံး ဆုံးဖြတ်ချက်အရ ပြည်သူမျာ အမှုနိုင်ခဲ့သည်။

“ ၂၀၁၅ တုန်းက ကျနော်တို့ အမှုဖွင့်ခံရတယ်။ ၂၀၁၆ ကျနော်တို့ ဒီခြံထဲနေတဲ့ နယ်မြေမကျူးကျော်ကြောင်း အနိုင်ရခဲ့တယ်။ ကျနော်တို့ အိမ်ပုံစံ ပိုင်ဆိုင်ကြောင်း လက်မှတ်တွေအပြည့်ရှိထားပါတယ်။ ဒါကိုသူတို့တွေ နားမထောင်ဘူး။ အတင်းလာဖျတ်ဆီးသွားတယ်။ သူတို့အခုက စစ်ကောင်စီရဲ့ အကာကွယ်ယူပြီးတော့ လာလုပ်တာဘဲလို့ ကျနော်တို့တော့ သုံးသပ်တယ်” ဟု နေအိမ်ဖျတ်ဆီးခံရသူ က ပြောပါတယ်။

ထိုသို့ နေအိမ်ကိုဝင်ရောက်လာဖျတ်ဆီးခဲ့သော်ကြောင့် လက်ရှိဒေသခံများက နေထိုင်စရာ အခက်ခဲများစွာ ရှိလာကြောင်းသိရသည်။


“ သူတို့ပစ္စည်းတွေကို အကုန်ဖျတ်ဆီးသွားတယ်။ ကျနော်တို့ ပစ္စည်းလည်း အဲမှာပဲ ထားထားတာ။ အခက်ခဲကတော့ နေစရာနေအိမ်မရှိတော့ဘူးလေ။ နေစရာခက်တယ်။ စားဖို့သောက်ဖို့လည်း ခက်ခဲလာတယ်။” ဟု အထက်ပါ နေအိမ်ဖျတ်ဆီးခံရသူက ပြောသည်။


ထိုအပြင် လက်ရှိမြန်မာနိုင်ငံ၏ ဥပဒေသည် မြေယာအိမ်ပိုင်ဆိုင်ထားသည် လက်မှတ် ပုံစံ (၁၀၅) ရှိသော်လည်း အကြုံဝင်နေချင် ရှိမရှိဟု ထို နေရာတွင် နေထိုင်သူများက သက်ဆိုင်ရာ အစိုးရကို မေးမြန်ထားလိုက်သည်။

လွန်ခဲ့တဲ့ရက်ပိုင်းတွင်လည်း ထိုနေရာတွင် နေအိမ် ၄ အိမ်လောက်က ဖျတ်ဆီးခံခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...