စစ်အာဏာရှင်လက်အောက် လုံခြုံမှုကင်းမဲ့နေတဲ့ အမျိုးသမီးများ

“စိုးရိမ်တာပေါ့။ ကျမတို့ ဒေသမှာ အသက် (၆၂)နှစ်အရွယ် အမျိုးသမီး အဓမ္မပြုကျင့်ခံရတာ တစ်ခါမှ မကြားဖူးဘူး” လို့ ဒေါ်လွမ်းရယ်က စိတ်မကောင်းစွာနဲ့ ပြန်ပြောပြနေပါတယ်။

နိုဝင်ဘာ ၇ ရက် နေ့က သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာ အုပ်စု၊ ဖားခတ်ကျေးရွာမှာ အသက် ၆၂ နှစ်အရွယ် အဘွားအိုတစ်‌ယောက်ကို စစ်ကောင်စီ တပ်သားတစ်ယောက်က မုဒိမ်းပြုကျင့်ခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်လွမ်းရယ်က ပြောတာပါ။

“အဖွားက ဒီနေ့ထိ ထမင်းကောင်းကောင်းစားလို့မရသေးဘူး။ ပါးစပ်တွေ ယောင်ပြီးနာနေတယ်။ မျက်နှာတစ်ခုလုံး ဒဏ်ရာတွေနဲ့” လို့ အသက် (၆၂)နှစ် အရွယ် အတင်းအဓမ္မပြုကျင့်ခံရတဲ့ အဖွားကို ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်လွမ်းရယ်က ဆိုပါတယ်။

လက်ရှိမှာတော့ အဖွားဟာ ခြံအကျယ်ကြီးထဲမှာ တစ်ယောက်တည်း ရှိနေချိန်ဆို စိတ်ခြောက်ခြားမှုတွေဖြစ်နေပြီး ထမင်းကိုလည်း ကောင်းမွန်စွာ မစားနိုင်သေးကြောင်းလည်း ဒေါ်လွမ်းရယ် က ပြောပါတယ်။

“အဘွားကို တစ်ယောက်တည်း ထားနေရင်လည်း မရဘူး၊ ကြောက်နေတယ်။ ပြီးတော့ သူက ရှက်တယ် ဆိုပြီး ငိုပြီးပြောတယ်” လို့ ဒေါ်လွမ်းရယ်က လက်ရှိ အဖွားဖြစ်ပျက်နေတာကို ပြန်ပြောပြပါတယ်။

မုဒိမ်းမှု ကျူးလွန်တဲ့ မင်းမင်းစိုး ဟာ စစ်ကောင်စီ တပ်ရဲ့ လက်အောက်ခံ ဖယ်ခုံတပ်ရင်း ခမရ ၃၃၆ က တပ်သားတစ်ဦးဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဝန်ခံထုတ်ပြန်ခဲ့ ပါတယ်။

ပြစ်မှုကျူးလွန်တဲ့ တပ်သားကိုလည်း စစ်ဖက်ဆိုင်ရာ ပြစ်မှုနဲ့ရော၊ နယ်ဖက်ဆိုင်ရာ ပြစ်မှုနဲ့ပါ အရေးယူသွားမယ် လို့လည်း စစ်ကောင်စီ က ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ တပ်အရာရှိတွေက မိသားစုထံ သွားရောက်တောင်းပန်ပြီး ဆေးဝါးကုသဖို့အတွက် ငွေကျပ် (၁၀)သိန်းကို ပေးခဲ့ကြောင်းလည်း ဒေါ်လွမ်းရယ်က ပြောပြပါတယ်။

“သူတို့(ဗမာစစ်တပ်) ဘက်က တာဝန်ရှိသူတွေကတော့ သူ့တပ်သားတွေကလည်း သွေးနဲ့သားနဲ့ကိုယ်ဖြစ်နေတော့ စိတ်မထိန်းနိုင်လို့ ဖြစ်သွားရတယ် ဆိုပြီး သူကိုယ်တိုင် ရိုးရာအရ လာပြီး တောင်းပန်သွားတယ်။ အဖွားအတွက် ဆေးဖိုးဝါးခ ပေးသွားပါတယ်” လို့ ဒေါ်လွမ်းရယ်က ဆိုပါတယ်။

အသက် (၆၂) နှစ် အရွယ် အမျိုးသမီးကို ကျူးလွန်ခဲ့သည့် တပ်သားကို စစ်တရားရုံးမှ စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထား

နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီ ကျော်မှာလည်း စစ်ကောင်စီ တပ်သားတွေဟာ ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ရွာမှာနေထိုင်တဲ့ ကလေး(၄)ဦးမိခင် မီးနေသည်ကို မုဒိမ်းကျင့်ခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ဟာ နှစ်ပေါင်း (၇၀)ကျော်ကြာ ပြည်တွင်းစစ် ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသူ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်သဖွယ် အသုံးပြုပြီး ကျူးလွန်ခဲ့ကြောင်း WLB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်လျက်ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ကောင်စီဘက်က ထိရောက်စွာ စုံစမ်းစစ်ဆေးဖို့နဲ့ ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့လည်း WLB က တောင်းဆိုလိုက်ပါတယ်။

“စစ်ကောင်စီ တက်လာပြီးနောက်ပိုင်းမှာတော့ အမျိုးသမီးတွေကို နည်းမျိုးစုံ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ တော်တော်များများတွေ့လာရတယ်။ နိုဝင်ဘာလမှာ စစ်ကောင်စီက မုဒိမ်းမှုတွေတိုးလာတယ်” လို့ WLB ရဲ့ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီ အဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုက သိသိသာသာ တိုးလာတာကို တွေ့ရကြောင်း၊ လက်ရှိအချိန် ပြည်တွင်းမှာတော့ တရားမျှတမှုကို မရရှိနိုင်ပေမယ့် နိုင်ငံတကာ တရားမျှတမှု ရရှိဖို့အတွက်တော့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ နော်ဆဲဆဲက ဆိုပါတယ်။

“ကျမတို့ WLB အနေနဲ့ စစ်ကောင်စီ က အမျိုးသမီးတွေကို အကြမ်းဖက်တာတွေ မုဒိမ်းကျင့်တာတွေကို ရနိုင်သလောက်ကောက်ယူမယ်။ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ တရားမျှတမှုရအောင် ဆောင်ရွက်သွားမယ်” လို့ နော်ဆဲဆဲက ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားဒေသ အထူးသဖြင့် ဒီလို စစ်ရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေရှိနေတဲ့ ဒေသတွေမှာ အမျိုးသမီးထုတွေရဲ့ လုံခြုံရေးရော ဖွံ့ဖြိုးတိုးတက်ရေးရော မရှိကြောင်း ကွတ်ခိုင်မြို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

“စစ်သားတွေ ရှိတဲ့နေရာ အမျိုးသမီးတွေ လုံခြုံမှုမရှိဘူး ဆိုသလိုပဲ။ ကျမတို့ နယ်ဘက်မှာဆိုရင် ပြီးခဲ့တဲ့လက ဆရာလေးတစ်ပါး (မယ်သီလရှင်) ကလည်း စစ်သားတွေ မုဒိမ်းကျင့်တာ ခံလိုက်ရတယ်” လို့ အမျိုးသမီးအရေး ဆောင်ရွက်သူက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေ ဘဝလုံခြုံရေးက တစ်နေ့တခြား ပိုပြီး ယိုယွင်းလာကြောင်း၊ လက်နက်ကိုင်တိုင်းဟာ အမျိုးသမီး အရေးကိစ္စ ဝိုင်းဝန်းကူညီပေးရန်လိုအပ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

စစ်တပ်ရဲ့ တပ်သားမှ မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ အသက် (၆၂)ရွယ် အဘွားဟာ လက်ရှိမှာတော့ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေပြီး သူစိမ်းလူကိုမြင်ရင် ကြောက်စိတ်တွေဖြစ်နေပြီး နေအိမ်ထဲမှာ တယောက်တည်း မနေရဲတဲ့ အခြေအနေဖြစ်နေပါတယ်။

လက်ရှိ အဘွားရဲ့ အခြေအနေကိုတော့ “ အခုဆိုအဘွားက လူတွေကြောက်နေတယ်။ နဂိုကတည်းက ကျန်းမာရေး မကောင်းတဲ့ အဘွားက အရှက်ပါရနေတော့ သူ့ကျန်းမာရေး အတွက် ကျမတို့ စိုးရိမ်းနေရတယ်”လို့ ဒေါ်လွမ်းရယ်က အခုလို ပြောပြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

သံလွင်တံတား တာကော်ဂိတ်တွင် ခရီးသွားအမျိုးသမီးများကို သွားလာခွင့်ပိတ်ပင်ပြီး ငွေညှစ်တောင်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင်း၊ မှတ်ပုံတင် သိမ်းဆည်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ယမန်နေ့ (မေလ ၃ ရက်) တွင် ကာလိမြို့နှင့် မိုင်းပျဉ်းမြို့ကြား သံလွင်မြစ်ကူး...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...